ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Thursday, July 10, 2008

“၀န်ခံချက်”

ဟာသတစ်ခုကို ရင်တွင်းကနေ လှိုက်လှိုက်လှဲလှဲ ရယ်မောခြင်းဟာ အသက်(7)မိနစ် ပိုရှည်စေတယ်လို့ ဆေးပညာရှင်အချို့က ပြောသည်ကို ကျွှန်တော်မှတ်သားဖူးပါသည်။ ထို့အပြင် “ပြေပြေလည်လည်” ဆိုသော ဇာတ်ကားထဲမှ မင်းသားကြီးဦးအောင်လွင် ပြောသောစကားလေး ကိုအထူးသဘောကျမိပါသည်။ သူက “ကျန်းမာပြီးအသက်ရှည်မှ အကြာကြီး ချစ်လို့ရမှာ” ဟုပြောပါသည်။ ထိုကြောင့်ကိုယ်ရဲ့ချစ်သူခင်သူများကို အသက်ရှည်စေလိုပါသည်။ ချစ်သူခင်သူများ ကိုရယ်မောစေလိုပါသည်။ ရယ်မောရသည်ခဏ အမောပြေ၊ အပန်းပြေ၊ စိတ်ရွှင်လန်းစေသည်မှာ အမှန်ဖြစ်ပါသည်။
ဟာသအများစုသည် စာရေးဆရာကြီးများ၏ စာအုပ်ထဲမှ ကောင်းနိုးရာရာများကို ရွေးထုတ်တင်ဆက် ပေးထားခြင်းဖြစ်ပါသည်။ အချို့လည်း ကျွှန်တော်ကြိုက်သည်များကို ဘာသာပြန်ပေးလိုက်သည်လည်း ရှိပါသည်။ သို့သော် မည်သည့်ဟာသကို မည်သူရေးသည်ကို မဖော်ပြသည်ကိုတော့ နားလည်ပေးစေလိုပါသည်။(လေးစားစွာဖြင့်oval)

No comments: