ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Showing posts with label စိတ်ခံစားချက်လေးများ. Show all posts
Showing posts with label စိတ်ခံစားချက်လေးများ. Show all posts

Wednesday, July 7, 2010

“ဒါဟာ ဘ၀ပါ”

♥ရေဒီယိုကိုဖွင့်ထားပါ အသံတွေထဲမှာ တခုခုမင်းရနိုင်တယ်..

အဆင်မပြေလာရင် ငိုလိုက်ပါ..

ကိစ္စပေါင်းစုံ တံခါးခေါက် ထပ်ရောက်လာမယ်...

သေမင်းနဲ့မင်းဟာ ငယ်သူငယ်ချင်းပါ...

သူဟာမင်းကို အကောင်းဆုံး စောင့်ရှောက်ပါရဲ့...

ပြတင်းပေါက်ကနေ လေချွန်လိုက်ပါ..

အမှောင်ရိပ်ထဲမှာ တယောက်ယောက် စောင့်ကြည့်နေမယ်...

ဒါဟာ ဘ၀ပါ မြေကြီးနဲ့ ကောင်းကင်ကြားက ရသလောက်ပါပဲ...

ဒါဟာ ဘ၀ပါ အဖုံးဖွင့်ထားရင် မင်းအကြောင်း မင်းတွေ့နိုင်မယ်..

ဒါဟာ ဘ၀ပါ ကလေးလေးတစ်ယောက်လို ခြေထောက်စောင့် စိတ်ကောက်နိုင်တဲ့...

ဒါဟာ ဘ၀ပါ အဖိုးကြီးတစ်ယောက်လို တုတ်ထောက်ရပ်စောင့်နိုင်ရဲ့...

♥အစီခံတိုတွေ သွန်လိုက်ပါ ပြာခွက်ထဲမှာ အတွေးနဲ့ ထပ်ဖြည့်နိုင်တဲ့...

ရယ်သံအတိုတွေ ယူလိုက်ပါ...

လူတွေအကြောင်းကို အကောင်းနဲ့ ထပ်ဖြည့်နိုင်တဲ့...

အသည်းကွဲဖူးရင် မှတ်ထားပါ..

ရန်သူငါးပါးမှာ နောက်တစ်ယောက် ထပ်ဖြည့်နိုင်တဲ့..

Mechanic တစ်ယောက် ခေါ်ပြင်လိုက်ပါ...

Congratulation မင်းကို မင်းတွေ့မယ်...

ဒါဟာ ဘ၀ပါ ထမင်းစား အသက်ရှင် စဉ်းစားမှားယွင်းနိုင်တဲ့...

ဒါဟာ ဘ၀ပါ စိတ်ကလွဲရင် အားလုံး သန့်ပြန်ပါရဲ့...

♥မှန်တယ်ထင်ရင် ဆက်တွေးပါ...

ဇာတာကောင်းရင် သတင်းကောင်းကြားရနိုင်တဲ့...

အကူညီလိုရင် ယူလိုက်ပါ...

အပြင်ထွက်တွေးရင် အကောင်းပဲကြားရနိုင်တဲ့...

မစဉ်းစားတက်ရင် ကျော်လိုက်ပါ...

ဒီသီချင်းကို မင်းလည်း နားငြီးနိုင်ရဲ့...

စိတ်ထဲက အတိုင်းဝန်ခံလိုက်ပါ....

ငါတို့သွားမယ့်လမ်းမှာ တံတားတွေ ခင်းထားတယ်...

ဒါဟာ ဘ၀ပါ မင်းကလွဲရင် လူတိုင်းက ရိပ်မိပါရဲ့...

ဒါဟာ ဘ၀ပါ ရသလောက်နဲ့ နေရဲဖို့ကြိုးစားနိုင်ရဲ့...

Sunday, May 30, 2010

“ကျနော် ဂျပိုး(သို့)Vampire”

ဘောလုံးပွဲ လာတော့မယ်တဲ့ဟေ့ ကိုယ့်နေရာ ကိုယူထားကြလို့ ကျနော်တို့ ခေါင်းဆောင်ကြီးက အမိန့်ပေးလိုက်ပါတယ်.. ကျနော်တို့ဟာ ဘောလုံးပွဲ ကြည့်သူတွေ မဟုတ်ကြပါဘူး.. ဘောလုံးပွဲလာကြည့်တဲ့ သူတွေကို သွေးစုတ်လေ့ရှိတဲ့ သွေးစုတ်ကောင်တဖြစ်လဲ..အခုတီဗွီအစီစဉ်မှာ လာနေတဲ့ Vampires လို့တောင်ပြောလို့ရတဲ့ ဂျပိုးတွေဖြစ်ကြပါတယ်..

ဘောလုံးပွဲဟာ စတင်ကစားနေပါတယ်..ပွဲကတော့ ချဲလ်ဆီး--၀ီဂန်ပွဲ လို့ကျနော် အကျယ်ကြီးပြောလိုက်သံ ကိုကြားလိုက်ပါတယ်… ကျနော်ဟာ ထိုင်ခုံတခုရဲ့ ထောင်လေးမှာ ကပ်ပီး ဒီထိုင်ခုံကိုလာထိုင်မဲ့သူကို စောင့်နေပါတယ်.. အဲဒီအချိန်မှာ ချဲလ်ဆီးအသင်းအားပေးသူလို့ထင်ရတဲ့ သူပခုံးပေါ်မှာလည်း ချဲလ်ဆီးအသင်း အင်္ကျီလေးကိုတင်ထားတဲ့ ကောင်လေးတယောက် ကျနော့်ထိုင်ခုံမှာ လာထိုင်ပါတယ်…

ကျနော်တို့လည်း ဒီအခန်းမှာ နေလာတာကြာတော့ ဘယ်ဘောလုံးအသင်းက ဘာရောင်ဝတ်တယ် ဘယ်သူတွေဆိုတာတောင် အနည်းငယ် မှတ်မိနေကြပါတယ်…အမယ် သူပခုံးက ချဲလ်ဆီးအသင်းအကျီမှာ ရေးထားတာ လမ်းပတ်ဆိုပဲဗျ...


ကျနော်အရမ်းပျော်သွားပါတယ်… ကျနော်သွေးစုပ်ရတော့မယ်မဟုတ်လား.. ဒီလိုဘောလုံးပွဲလာတဲ့ နေတွေဆို ကျနော်တို့ အမျိုးတွေ တော်တော် ပျော်ကြပါတယ်.. ဘာလို့လဲဆိုတော့ မတူညီတဲ့ သွေးအမျိုးအစားပေါင်းစုံကို သောက်သုံးရလို့ပါပဲ.. ဒါပေမယ့် ကျနော်တို့အတွက် အန္တရာယ်လည်း အရမ်းကြီးပါတယ်.. ဘာလို့လဲဆိုတော့ တချို့ကျနော်တို့ အမျိုးတွေဆိုရင် သွေးစုတ်နေရင် အဖမ်းခံရပီး လူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံရလိုပဲဖြစ်ပါတယ်.. 


ဟိုတနေ့ကပဲ ကျနော့်သူငယ်ချင်းတကောင် အသတ်ခံရတာကို မျက်မြင်ကိုယ့်တွေ တွေ့လိုက်ရပါတယ်…ကျနော်တို့အနေနဲ့ ဒီလိုအသတ်ခံရမှာကိုကြောက်နေလို့တော့ မဖြစ်ပါဘူး.. ကိုယ့်ရဲ့ဝမ်းစာကလည်း ရှိသေးတယ်မလား.. ဘယ်လိုပဲဖြစ်ဖြစ် အသက်သာအသေခံလိုက်မယ်.. သွေးကတော့ စုပ်မှာပဲဆိုတာ ကျနော်တို့ပေါ့....


ကဲကျနော်ယခု ကောင်လေးကိုသွေးစုတ်ဖို့ ကြံနေပါတယ်… ဘောလုံးပွဲကလည်း အရှိန်မြင့်နေတယ်ထင်တယ်ဗျာ… ချဲလ်ဆီးအသင်းက တဂိုးပီးတဂိုးသွင်းနေတာကို ကြားရပါတယ်… ကောင်လေးကတော့ အားပေးနေတာ ဘာမှသတိမထားနိုင်ပုံမပေါ်ပါဘူး.. ကျနော်ဟာ ထိုင်ခုံခြေထောက်လေးအတိုင်း အောက်ကို ဆင်းလိုက်ပါတယ်.. မဆင်းလို့လဲမရပါဘူး ဒီကောင်လေးက ဂျင်ဘောင်းဘီ ကွာတားဝတ်လာတာဆိုတော့ ကျနော့် အစွယ်တွေက အသားထိမထိုးဖောက်နိုင်ဘူးပေါ့ဗျာ.. 

သူ့ခြေသလုံးနားရောက်တော့ ကျနော့်ဟာ အသားပြင်ကြီးကို တွေ့လိုက်ပါတယ်… အဲဒါနဲ့ အားပါးတရ ကျနော့်အစွယ်နဲ့ ထိုးလိုက်ပါတယ်.. ကောင်လေး သိပုံမပေါ်ဘူး.. ကျနော်လည်း ပထမအဆင့်အောင်ပီဆိုတော့ ဒုတိယအဆင့်အနေနဲ့ သွေးတွေကို စတင်စုတ်ယူလိုက်ပါတယ်.. ကောင်းလေးကတော့ အေးဆေးပဲဗျာ….


တကယ်တမ်းတွေးကြည့်ရင် ဒီလူတွေဘာလို့ ကျနော်တို့ကို သွေးတစက်တောင်မပြည့်တာကို မပေးချင်ကြလည်း ကျနော်တွေးလို့မရဘူးဗျာ… ကျနော်တို့အနေနဲ့ သူတို့ကို ဘာရောဂါမှ ထူးထူးဆန်းဆန်း မပေးပါဘူးဗျာ.. ထားပါတော့လေ ကျနော်ဟာ ကောင်လေးရဲ့သွေးတွေကို စုတ်လို့ဝသွားတဲ့အချိန်မှာ ခဏနားလိုက်ဦးမယ်ဆိုပီး သူ့ဂျင်ဘောင်းဘီ အစပ်လေးမှာ ခဏ၀င်ခွေနေလိုက်ပါတယ်… 


ကျနော့်ခဏဟာ ဘယ်လောက်တောင်ကြာသွားလည်းမသိပါဘူး ကျနော်အိပ်ပျော်သွားပါတယ်… ကျနော်ကို လန့်နှိုးသွားစေတာကတော့ ဘောလုံးပွဲပီးသွားလို့ နိုင်သွားတဲ့ ချဲလ်ဆီးအသင်းပရိတ်သတ်တွေ အော်သံကြောင့်ပါပဲ.. သူတို့အသင်း ဖလားရသွားတယ်လို့ ကျနော်ကြားလိုက်ပါတယ်… 

ဒီအခန်းထဲမှာလည်း ဘောလုံးပွဲလာချိန်ဆိုရင် မန်ယူပရိသတ်တွေနဲ့ ချဲလ်ဆီးပရိတ်သတ်တွေရဲ့ ငြင်းခုံသံ မထိတထိပြောသံများကို ကျနော်တို့ကြားနေရပါတယ်… အော်လူတွေလူတွေ တယ်လည်း ခက်တယ်နော်ဗျာ…


ပွဲကပီးသွားတော့ ကောင်လေးဟာ ထိုင်ခုံကထလိုက်ပါတယ်.. ကျနော်လည်း ဆင်းဖို့လုပ်နေတုန်းမှာ မမှီတော့ပါဘူး.. အဲဒါနဲ့ သူ့ဘောင်းဘီအစပ်လေးမှာ တွဲလောင်လေး ခိုကပ်ပါသွားပါတော့တယ်… ကျနော့်အတွက်တော့ ဘ၀နိဂုံးပေါ့ဗျာ….
……………………………………………………………………………………………………………………………..
ကျနော်ဟာ ဘောလုံးပွဲလာရင် ကျနော့်သူငယ်ချင်းအခန်းမှာ သွားကြည့်လေ့ရှိပါတယ်… အထူးသဖြင့် ကျနော်အားပေးတဲ့ ချဲလ်ဆီးအသင်းလာတဲ့နေ့တွေ ဆိုရင်ပေါ့…

ဝါသနာအရမနေနိုင်လို့သာ သွားကြည့်ရတယ် ကြောက်တော့ အကြောက်သားဗျ… ဘာလို့လဲဆိုတော့ အဲခန်းမှာ ဂျပိုးရှိတယ်ဆိုတာ နာမည်ကြီးနေလို့ပေါ့ဗျာ.. 


ကျနော်ကလည်း ဘောလုံးပွဲလာတဲ့အချိန်ဆို အားလုံးကို မေ့နေတာဗျ…ဘာကိုမှ သတိမထားနိုင်တော့ပဲ ကိုယ့်အသင်းကို အားပေးနေတာပေါ့ဗျာ… ဒါပေမယ့် ဘောလုံးပွဲပီးသွားရင်တော့ ကျနော့်အခန်းကို တန်းဝင်လေ့မရှိပါဘူး..

ရေချိုးခန်းထဲကိုအရင်ဝင်ပီး ဘောလုံးပွဲကြည့်လာတဲ့ အ၀တ်စားတွေကို အသေချာခါတာပေါ့ဗျာ… မခါလို့လည်းမရပဲကိုဗျ.. ဒီဂျပိုးဆိုတဲ့အကောင်က ကပ်ပါးကောင်ဆိုတော့ မတော်လို့ ကျနော်အခန်းကို ကပ်ပါလာပီး မျိုးပွားနေမှာဖြင့်မခက်ပေဘူးလား.. အဲဒါကြောင့် ကျနော့်မှာ ဘောပွဲကြည့်ပြန်လာရင် အကျီတွေကို ဘောင်းဘီတွေကို ရှာဖွေရေးပြုလုပ်ရပါတယ်..


ဒီနေ့တော့ ကျနော်ပဲကံကောင်းတာလား ဂျပိုးပဲကံဆိုးတာလားတော့မသိဘူး ကျနော့်ဂျင်းဘောင်းဘီအနားစပ်လေးမှာ ကပ်နေတဲ့ သကောင့်သားကို တွေ့လိုက်ပါတယ်ဗျာ.. ကျနော်လည်း အောင်နိုင်သူအပြုံးနဲ့ ဖမ်းလိုက်ပါတယ်.. အမယ် ဒီကောင့်ကြည့်ရတာ ကျနော့်သွေးကို အားပါးတရ စုတ်ထားပုံပဲ ရဲနေတာပဲ..

ဒီကောင်တွေက သွေးမစုတ်ရရင် ဖြူဖတ်နေတာမလား.. ကျနော်လည်း ဒီကောင့်ကို ဖမ်းပီး ကျနော်နေတဲ့ ၁၄ ထပ်အခန်းကနေအောက်ကို ပစ်ချလိုက်ပါတော့တယ်…… 

အမျှ အမျှ အမျှ ဂျပိုးရေ….


(အခန်းကနေ အောက်ကို ပစ်ချလိုက်တဲ့ ဂျပိုးတကောင်နေရာမှ အနည်းငယ်ခံစားသည်)

Friday, May 22, 2009

“ကျနော်ရဲ့ ပေါက်ကရ ရေးသားခံစားချက် (၂)”

ကောင်မလေးရေ ချစ်သူတွေဆိုတာ…
တယောက်နဲ့တယောက် ကြည့်နေတာနဲ့
ရင်ထဲမှာ ဘာရှိလဲဆိုတာ သိနိုင်ကြတယ်တဲ့…
မင်းအတွက် ကိုဆုတောင်းပေးချင်တာက
မင်းရင်ထဲက မိုးမုန်တိုင်းတွေဆဲပါစေ
ပန်ရိုင်းတွေလည်း ယဉ်းကျေးပါစေကွာ..
ကောင်မလေးရေ ကို့ရင်ထဲမှာ
မိုးစက်လေးတွေ နှင်းပွင့်လေးတွေနဲ့
အေးချမ်းဖို့ကိုပဲ မျှော်လင့်ခဲ့တာပါ..
တကယ်တမ်း နေဆယ်ဆင်းမကပူပြင်းနေပါတယ်..
အချစ်ဆိုတာ အလေ့ကျပေါက်တက်တဲ့
အမျိုးအစားမဟုတ်သလို တိုက်ဆိုင်မှု့တွေနဲ့
ရှားရှားပါးပါး ဖြစ်ထွန်းတက်တာမျိုးပါ..
အထီးကျန်နေတဲ့သူအတွက် အဖော်လိုအပ်သလို
အားငယ်နေတဲ့သူအတွက်လည်း အားပေမဲ့သူလိုအပ်ပါတယ်..
ဆင်းရဲသောကတွေ ခံစားရတိုင်း ချစ်သူရဲ့
လက်ကလေးဆုပ်ကိုင်ပြီး ရင်ဆိုကျော်လွှားချင်တာ
ချစ်သူတိုင်းရဲ့ ဆန္ဒဆိုတာ
ကို ချစ်တဲ့ ကောင်မလေး သိစေချင်ပါတယ် ….

Monday, April 20, 2009

“ကျနော့် ရဲ့ပေါက်ကရ ရေးသားခံစားချက်(၁)”

လောကမှာ ကျနော်ကို ချစ်တဲ့ လူကို ကျနော် မသိပါ...

အဲလိုပဲ ကျနော်ကို မုန်းတဲ့လူ ကိုလည်း ကျနော် စိတ်မ၀င် စားပါ ...

ထွန်းထားတဲ့ ဖယောင်းတိုင် ကို မီးမှုတ်ပီး

ပြတင်းတံခါး များ ဖွင့် ကာ ကျနော် အိပ်စက်ရန် ကြိုးစားလိုက်ပါသည် ...

မိုးထားတဲ့ ဓနိမိုးများ ကြားက မြင်နေရသော ကြယ်လေးတွေ ကို ကျနော် ချစ်တယ်...

မနက်ရောင်နီလင်းတဲ့ အခါ တိမ်မြူကင်းစင်နေသော ကောင်းကင်ပြာကြီး ကို ကျနော်ချစ်တယ်..

ကျနော်ထင်တယ် အချစ်ဆိုတာလည်း ကိုယ်တိုင်ခံစားမှ သိနိုင်တယ်လေ ...

ဘာပဲဖြစ်ဖြစ် တွေဆုံခွင့်မရသေးတဲ့ ချစ်သူကို တမ်းတပီး ချစ်တက်နေရင် ကျနော် ကိုရူးတယ်လို့ပြောကြမလား ... (oval)

Wednesday, November 26, 2008

“တမ်းတခြင်း”

ချစ်သူ…..
ကို့ရင်ထဲက ကြင်နာမှုတွေ အားလုံးကချစ်သူအတွက်ပါ
မြတ်နိုးတွယ်တာမိသမျှ ချစ်သူကိုပဲ ပေးပါရစေ ....
ကို့ဘ၀ရဲ့ စွဲလန်းမှုဟာတစ်ခါပဲ ဖြစ်ပါရစေ..
အဲဒီစွဲလန်းမှုဟာ ချစ်သူပဲဖြစ်ပြီး …
ကိုအမြတ်နိုးဆုံးလူအဖြစ် ချစ်သူကိုပဲ သက်မှတ်ပါရစေ….
ကိုယ့်နှလုံးသားကို အစဉ်ထာဝရလွှမ်းမိုးထားတာချစ်သူပါ...
မနက်အိပ်ယာထ..ချစ်သူမျက်နှာလေးကို မြင်တွေ့ချင်နေမိတယ်…
ညအိပ်ယာဝင်ချိန် နှုတ်ဆက် တဲ့သူဟာလဲ ချစ်သူပဲဖြစ်ချင်တယ်…

ချစ်သူကို အရမ်းချစ်တယ်…
ချစ်သူရဲ့ ပုံစံလေးတွေကို အမြဲမြင်ယောင်နေမိတယ်….
ချစ်သူရဲ့အသံလေးတွေကို အမြဲကြားယောင်နေမိတယ်…
ချစ်သူရဲ့အနားမှာ အမြဲနေခွင့်ရချင်တယ်..
ချစ်သူရဲ့နှလုံးသားထဲမှာ နားခိုခွင့်ပေးပါ ….
ချစ်သူနဲ့ဘ၀တစ်လျှောက်လုံး လက်တွဲခွင့်ပေးပါ...
ချစ်သူနားမှာ ထာဝရ ဖြစ်ပါရစေ ဘ၀အဖော်...
ချစ်သူစိတ်ညစ်ရင် ပြုံးစေဖို့ ကြိုးစားလို့…..
ချစ်သူဘေးနားမှာအမြဲတမ်း နှစ်သိမ့်ခွင့်ရှိသူတစ်ယောက်ဖြစ်ခွင့်ပြုပါ......
ချစ်သူရဲ့အနှောက်အယှက်တွေကို ဖြေရှင်းခွင့်ရှိသူတစ်ယောက်ဖြစ်ခွင့်ပြုပါ.....
ချစ်သူရဲ့အနားမှာ အမြဲတမ်း အရိပ်လိုတွယ်ငြိခွင့်ပြုပါ.... (oval)

(ကဗျာလို့ မယူဆစေချင်ပါသည်.. :D ..)

Monday, November 24, 2008

“ချစ်သူရေ”


အချစ်ဆိုတာ ကြည်နူးခြင်းတစ်ခုနဲ့
ဝေဒနာထောင်ချီနေပါတယ်...
ဒီဝေဒနာတွေကြားက လွတ်လပ်မှုကို
ကိုယ့်ဟာကိုယ် ရွေးချယ်လိုက်ပါပြီ....
ဒါကို ကြည်နူးစရာတစ်ခုအဖြစ် ကို့ရင်ထဲမှာ
တွယ်တာနေရတော့မှာပါ ချစ်သူရယ်...
ချစ်သူရေ မင်းနဲ့ကိုက တိုက်ဆိုင်မှုတခုနဲ့
တွေဆုံခဲ့ကြတယ်လို့ပြောတယ်နော်...
စတွေ့တွေ့ချင်း ချစ်သူဟာ ကို့ရဲ့နှလုံးသားကို
ဖမ်းစားညို့ယူသွားနိုင်ခဲ့တယ်ဆိုတာ ကိုမငြင်းနိုင်ပါဘူး..
ချစ်သူက ရေစက်နဲ့ နဖူးစာကို
ယုံလားလို့ မေးဖူးတယ်နော်...
ကိုယ်ယုံကြည်ပါတယ် ချစ်သူက ကို့ရဲဖူးစာရှင်ပါ...
တကယ်ပါချစ်သူရယ် ကိုတစ်ခွန်းတည်းသောစကားကိုဆိုချင်ပါတယ်..
ကို ချစ်သူကို အရမ်းချစ်တယ်.............(oval)

Friday, November 21, 2008

“နှင်းစကျတဲ့နေ့လေး”


ဒီနေ့ နှင်းတွေ စပြီးတော့ကျတဲ့နေ့ပေါ့ဗျာ..

(ရေဒီယို ကြေငြာထားသားပဲ..နှင်းကျမယ်ဆိုတာ..သူကသိမှမသိတာကိုး)

 

သဘာဝ လက်ဆောင်လေးတစ်ခုပေါ့…

(ဘာလက်ဆောင်လဲ သူရှေ့မှာပဲ ကားကနှင်းတွေကြောင့်လမ်းချော်ပြီး လမ်းညာဘက်က သစ်ပင်ဝင်တိုက်တာလေ..ဘယ်ဘက်ဆိုရင်တော့ သူပြောတဲ့လက်ဆောင်ဖြစ်နေပြီ.. သူပဲရှိတာလေ..ဟီးး)

 

နှင်းတွေ အောက်မှာ ကျောင်းသွားရတယ်ဗျာ…ပျော်ဖို့ကောင်းတယ်

(ဟဟ..ကျောင်းသွားရမှာအရမ်းညီးနေတဲ့ကောင်က  ဒီနေ့မှပျော်တယ်တဲ့)

 

စိတ်ကူးတောင်ယဉ်လိုက်သေးတယ်…ကောင်မလေးတစ်ယောက်နဲ့ပေါ့ဗျာ…ဟဲဟဲ..

(ဟင်း..ဘယ်ကကောင်မလေးလဲ..ဒီမှာတော့ သူ့ထက်မြင့်တဲ့ ဘိုမတွေပဲရှိတယ်)

 

နှင်းတွေကျနေတော့ အအေးပေါ့တယ်လို့ ခံစားရတယ်…

နှင်းမကျသေးတဲ့နေ့တွေက ဆိုရင်တော်တော် အေးတာပဲ...

(လျှောက်ပြောနေတာ အေးတာပဲဟာကို...နားတွေတောင်ကိုက်တယ်..ဟဲ..)

 

 

နှင်းတွေက အခုမှကျတာဆိုတော့ မြေပြင်နဲ့မြတ်ခင်းတွေပေါ်မှာ ဖွေးနေတာပဲ..

နောက်နေ့တွေ နှင်းဆက်တိုက်ကျရင်တော့ နှင်းခဲတွေလုပ်ပြီး

သူငယ်ချင်းတွေနဲ့ ကစားလို့ရပြီ….

(သူပဲ ခံရတာကိုများ..ကစားချင်သေးတယ်..အရင်နှစ်ကပေါ့ အဲဒီလိုပဲနှင်းခဲတွေနဲ့ပစ်တမ်း ကစားကြတာ 

သူမျက်နှာကို တည့်တည့်ကြီးနှင်းခဲ မှန်တာလေ ဟားးး..နှီရဲနေတာပဲ...)

 

သူငယ်ချင်းတွေကတော့ ဒီနေ့မှာ ဓာတ်ပုံတွေရိုက်ကျတယ်…

(သူရိုက်တာကျတော့ ထည့်မရေးဘူး..သူအကဲဆုံးလေ..)

 

နှင်းစကျတဲ့ အရသာလေးခံစားချင်တာနဲ့ပဲ ခေါင်းစွပ်တောင် မစွပ်ပဲကျောင်းသွားခဲ့တယ်..

ပြောမဲ့သာပြောရတယ် နှင်းတွေအရမ်းကျလာရင်လည်းကောင်းဘူး....

(ဟီး…ရွီးနေတာ..ဆံပင်ပုံစံပျက်မှာဆိုးလို့၊ နှင်းတွေအရမ်းကျရင် ခေါင်းစွပ်ဝတ်ရမှာလေ.. လူသာအသေခံမယ်စတိုင်အပျက်မခံဘူး ဆိုတဲ့ကောင်ပေါ့ ..ဟီးးး)

 

လူသွားလမ်းပေါ်မှာ ဘယ်သူမှမနင်းရသေးပဲ နှင်းဖြူဖြူလေးတွေတွေ့ရင်လိုက်နင်းတယ်..

ကိုယ့်ခြေရာလေးတွေထင်တာကို ပြန်ကြည့်ရတာလည်း အမောပေါ့..

(ဘာမှမဟုတ်ဘူ..အရူးထနေတာလေ အဲဒါ..ဟီး…)

 

နှင်းတွေလိုက်နင်းတာနဲ့ ၀တ်ထားတဲ့ဂျင်းဘောင်းဘီတောင် အောက်ခြေကစိုနေပြီ..

(ဟေ့ကောင် ဂျင်းဘောင်းဘီအောက်ခြေက ဆွေးပြီးပြဲနေတာလဲ ရေးလေကွာ.)

 

ကျလာတဲ့နှင်းလေးတွေကို လက်နဲ့လိုက်ဖမ်းရတာလဲ အရသာတမျိုးပဲ..

(အဖမ်းလွန်ပြီး ချော်လဲလို့ လက်နာသွားတဲ့ အရသာကရော ဘယ်လိုလဲကွ..)

 

ကျောင်းရောက်တော့ ခေါင်းစွပ်မပါပဲလာခဲ့လို့လားတော့ မသိဘူး နှာချေတော့တာပဲ…

(အမှန်ပဲပေါ့ကွ စတိုင်အပျက်မခံဘူး ဆိုတဲ့ကောင် ခံပေါ့ကွာ..ဟီး…)

 

စာသင်ခန်းကနေ အပြင်ကနှင်းတွေကျနေတာကို ကြည့်ရတာလဲ ဖီလင်တမျိုးပဲ..

(ဟား..ဆရာက စာသင်တာမကြည့်ပဲအပြင်ငေးနေလို့..စာထွက်တွက်ခိုင်းတော့ အူကြောင်ကြောင်ဖြစ်နေတဲ့ ဖီလင်လေးရောကွ ဘယ်လိုလဲ့..)

 

နှင်းကျတာကိုခံစားမနေတော့ဘူး စာလိုက်ကြည့်ဦးမှ ..ဟီးးး..တော်ကြာ extra မိနေဦးမယ်..

ဒီနေ့ပဲကျောင်းလိုက်ပါတယ်ဆိုမှ….

(သူကအခမှုအမြင်မှန်ရသွားပြီး ဟားးး)

သူ့ကိုပဲပြောနေတာ ကျွှန်တော်လည်း တိတ်တိတ်လေးနှင်းစကျတဲ့ အရသာကိုခံစားနေတာဗျ..

ရူး..တိုးတိုး သူမသိစေနဲ့နော်..ဟဲဟဲဟဲ..(oval)

Friday, September 26, 2008

“သူငယ်ချင်းတဦးနဲ့ တွေ့ဆုံခြင်း”

သေူငယ်ချင်းရေ မင်းပြောတယ်နော် “အချစ်ဟာမီးနဲ့တူတယ်၊ ဒါကြောင့်အချစ်သတိပြု အချိန်မရွေးလောင်ကျွမ်း
သွားနိုင်တယ်”တဲ့။
“ မီးဆိုတာ ကိုယ်ကနိုင်ရင်သူဟာရိုကျိုးတဲ့ကျေးကျွှန်ဖြစ်သွားပေမဲ့ ကိုယ်ကမနိုင်ရင်ကြောက်စရာကောင်းတဲ့ အရှင်သခင်ပဲ” ဆိုပြီးမင်းပြောတယ်နော် သူငယ်ချင်းရယ်ဒါတော့ငါလည်းသိပါတယ်။
ပြီးတော့ ဘာတဲ့......“အချစ်ဆိုတာမှော်ဆရာတဦးပဲ၊ မယုံကြည်နိုင်စရာတွေဖြစ်လာတက်တယ်” အင်းအဲဒါတော့
ငါလည်းမကြုံဘူးသေးဘူးကွာ။ ငါမှတ်ထားလိုက်ပါမယ်။
ငါပြောဦးမယ် သူငယ်ချင်း၊ မင်းပြောတဲ့အချစ်ဒသနတွေတော့ ငါလည်းသိပ်နားမလည်းဘူးကွာ။ ငါအမေကတော့
“လောကဆိုတာ အပြောကျယ်သလောက် အမောဖောက်စရာတွေများတယ်” လို့ပြောဖူးတယ်ကွာ။ မင်းလည်း
အချစ်မှာ အမောဖောက်နေသလားကွာ။
မင်းပြောတာတွေများတော့ ငါလည်းသိပ်မမှတ်မိတော့ဖူး။ ဒါပေမဲ့ မင်းနောက်ဆုံးပြောသွားတာတခုတော့
ငါကောင်းကောင်း မှတ်မိတယ်။ ဟိုဟာလေကွာ “၀တ္တုထဲမှာ ချစ်သူနှစ်းဦးညားကြလေသတည်းဆိုပြီး ၀တ္တုဆုံး
သွားပေမဲ့ တကယ်တော့အဲဒါမှ ဘ၀ကစတာ” တဲ့၊ မင်းဆိုလိုတာက၀တ္တုထဲကလို အပြင်မှာစိတ်ကူးမယဉ်ဖို့
ပြောတာမဟုတ်လား။ အေးပါကွာ ကိုယ့်ဘ၀ကို ကိုယ်သိပါတယ်။ နောက်မှတွေ့တာပေါ့ကွာ........(oval)