ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Thursday, September 23, 2010

“တို့တိုင်းပြည်”



ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီပုထိုး၊ စပါး များလည်း များ၏.
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲတာသာ ကာလကြာလျင်
ရာဇကာမြို့ တငြိုးငြိုးနှင့်
ပုထိုးမြေမောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက် မစားလေရ
ဝမ်းမ၀၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း…

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပြား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲတာသာ ကာလကြာလျင်
မြင်သာမြင်ရ မစားရ၍
တောကပြိသာ ဖြစ်မည်တည်း….

ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျော့လုံးလ
သူကစ၍ ငါကအားလုံး
လက်ရုံးများမြှောင် ဥာဏ်များမြှောင့်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေတော့
ဤမြေဤယာ ဘယ်သူ့ယာလည်း
ဤယာစပါး ဘယ်သူ့စပါးလည်း
ထလော့တာဝန် ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း တ၀န်းတစေ  ညီစေသတည်း…..

(၁၉၃၅ ခုနှစ်တွင် ဆရာဇော်ဂျီ ရေးသားခဲ့ပါသည်..စာလုံးပေါင်းသတ်ပုံမှားသွားပါက ကျနော့်အားနည်းချက်ကြောင့်ဖြစ်ပါသည်)

Tuesday, January 20, 2009

“သီချင်းကဗျာ”

အချစ်ဆိုတာဟာ
ကောင်းကင်က ငှက်တစ်ကောင်လိုပင်
ဘဝဆိုတာဖြတ်သန်းမှ အဓိပါယ်ရယ်ရှိတယ်
အချိန်မတော်တန်လာတဲ့ အမောတွေကိုချွေးသိပ်ဖို့
နားခိုရာမဲ့အချစ်သစ်ပင်ကို ဦးခိုက်ရင်း
အရှိန်ဟုန်ပြင်း လေကိုထိုးခွင်းလိုက်ရင်းနဲ့
အတောင်ပံခတ်သံ အချက်တိုင်းမှာ
ချစ်တယ်........ချစ်တယ်ဆိုတဲ့ရိုက်ချက်များ
ရွှေနားတော်အပါးဆီ..........ပဲ့တင်မြည်ဟီးလို့
(ချစ်တယ်..............အရမ်းပဲ..ချစ်နေပြီ)^^^^

Friday, December 5, 2008

“သင်သေသွားသော်”

သြော် လူပြည်လောက လူ့ဘ၀ကား
အိုရ၊ နာရ သေရဦးမည် မှန်ပေသည်တည်း
သို့ တပြီးကား သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြှင့် ကျန်ကောင်းသင့်၏
သင်၏အမျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာစေတီသာနှင့်
သစာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း (ဆရာဇော်ဂျီ)

ဆရာဇော်ဂျီရဲ့ အလွန်ကောင်းတဲ့ကဗျာလေးပါ ..သူငယ်ချင်းတို့လည်းသိပြီးသားပါ...ကဗျာလေးက တော်တော် အဓိပ္ပါယ်ရှိတယ်နော်....

Sunday, November 23, 2008




Sunday, November 16, 2008


Sunday, October 26, 2008

“နေကြာလားကြာလား”

“ရေထိမှလန်းတဲ့ကြာနဲ့
 နေထိမှလန်းတဲ့နေကြာ
 မင်းမျက်နှာသာပေးမှ 
လန်းတဲ့ငါဟာ
နေကြာလားကြာလား”  (naive)
(ကျွှန်တော်သူငယ်ချင်းပို့ပေးတဲ့ကဗျာလေးပါ)

Friday, October 24, 2008

Friday, September 26, 2008

Tuesday, September 23, 2008

Sunday, September 14, 2008

"အလွမ်းနေ့ "

ချစ်သူရေ
မင်းနဲ့ဝေးတဲ့ ဒီအလွမ်းနေ့လေးမှာ...
ငှက်ကလေးတွေလည်း ကျူးရင့်လို့ တေးမသီဘူး
လေညှင်းလေးလည်း တိုးဝှေ့လို့ မကျီစယ်ဘူး
စမ်းချောင်းလေးလည်း အေးမြလို့ မစီးဆင်းဘူး
ပန်းကလေးတွေလည်း မွှေးပျံ့လို့ သင်းရနံ့မလှိုင်ဘူး
ပျားပိတုန်းတွေလည်း ၀ဲပျံလို့ ၀တ်ရည်မစုပ်ဘူး
မြက်ခင်းစိမ်းကြီးလည်း ယိမ်းနွဲ့လို့ မကခုန်တော့ဘူး
ကိုယ့်နှလုံးသားလေးလည်း မွန်းကျပ်လို့ အသက်ရှူမ၀ဘူး
ရင်ခုန်သံတွေလည်း တိမ်းစောင်းလို့ စည်းချက်မမှန်ဘူး
အချစ်ကမ္ဘာလေးလည်း မှိုင်းညှို့လို့ တိမ်မည်းတွေနဲ့အတူ
အလွမ်းမိုးတွေ စွေနေတယ်ဆိုတာ မင်းသိပါရဲ့လား ချစ်သူ......( maylay )

Wednesday, September 10, 2008

"တိမ်ဖြူ"

လေညှင်းလေးတွေရဲ့  ကြားမှာ
တိမ်ဖြူ ဖြတ်သန်းနေကြသလို..
လောကရဲ့  နိယာမတွေကြားမှာ
ငါတို့ လည်း ရှင်သန်ဖြတ်သန်းနေကြဆဲပါ....
ဖြတ်သန်းရင်း တခါတရံ
တိမ်ဖြူ ညစ်နွမ်းပြိုကွဲသွားကြသလို
လောကရဲ့  လှည်စားမူ့ အောက်မှာ
ငါတို့ ဘ၀လေးတွေဟာလဲ
အခက်အခဲ ရှိနေကြစမြဲပါလေ...
ဒါပေမယ့်လည်းလေ တခုတော့ပြောချင်တယ်
ဖြည်းဖြည်းလေးသွားရင်း မှန်မှန်နဲ့ 
ရဲရဲဝင့်ဝင့် လျှောက်ပါ.....
တိမ်ဖြူလေးများ အဖြူရောင်တိမ်ဆိုင်ခဲအဖြစ်
စုဆည်းမူ ရှိသွားသလို.....
ငါတို့ ရဲ့  မဝေးတော့တဲ့ ဘ၀ပန်းတိုင်ဟာလဲ
တိမ်ဖြူတွေနဲ့  အတူ
အရှေ့က ကြိုဆိုနေမှာပါ......
ဒီတိမ်ဖြူ ဘလော့လေးဟာလည်း
ကောင်းကင်က တိမ်လေးတွေလို
ကွယ်ပျောက်မသွားအောင်
ကြိုးစားနေမယ်လို့ ကတိပြုရင်း..

“အချစ်စစ် ”

ကြည်နူးမူ ကောင်းကင်အောက်က
သံယောဇဉ်လေးတွေနဲ့ အတူ
အနမ်းလေးတခုမှ အချစ်စစ်
ပန်းလေးတပွင့် ပွင့်ခဲ့စေသော်......
လောကရဲ့  နိယာမတွေထဲမှာ
တကယ်ပျော်ခဲ့တဲ့ငါဟာလေ
မေတ္တာဖြင့် ဆင်သလို
ခင်မင်မူ့ တွေနဲ့  ဖက်တွယ်
အကြင်နာဖြင့် ဖလှယ်ရင်း
ရှင်သန်ချင်း အဆင့်ဆင့်ဖြင့်
နှလုံးအိမ်မှတဆင့် အချစ်ပန်း
ထာဝရလေး ပွင့်လန်းလာပြီပဲ.........
အချစ်စစ်တွေဖြင့် ဆက်နွယ်လို့ 
ဘ၀မောတွေ ဖယ်ချရင်း
ရောင်နီးဦးရဲ့ တောက်ပခြင်း
အလင်းသစ်တွေနဲ့  ဖက်တွယ်ကာ
ကိုယ်ရဲ့ မြတ်နှိးမူ့  ဒဏ္ဍရီမှာ
ကောင်းမြတ်ခြင်းတွေနဲ့  အတူ
ထာဝရ ကွန်းခိုပါ မိန်းကလေးရယ်..........(waimin)
ှ