ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Showing posts with label ဆေးပညာများ. Show all posts
Showing posts with label ဆေးပညာများ. Show all posts

Saturday, November 7, 2009

“ဆော်ဒါပါဝင်သော အချိုရည်များရဲ့ အန္တရာယ်”


ဆော်ဒါပါဝင်သော အချိုရည် ပုလင်းများနှင့် ဘူးများကို သောက်သုံးမှု့များပါက ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ကြောင်း အမေရိကန်ဆေး ပညာရှင်များ၏ သုသေသနပြုချက်များတွင် ဖော်ပြထားသည်။
တနေ့လျှင် နှစ်ကြိမ်ခန့်ဆော်ဒါပါဝင်သော အချိုရည်များကို သောက်သုံးလေ့ရှိပါက ကျောက်ကပ်၏ အလွန်သေးငယ်သော သွေးကြောငယ်လေးများ ပျက်စီးစေကြောင်း ၄င်းတို့၏ သုသေသနပြုချက်တွင် ဖော်ပြထားသည်။
သို့သော် အမျိုးသမီးများတွင်မှု ဆော်ဒါပါဝင်သော အချိုရည်ကို တနေ့တကြိမ်ခန့်သောက်သုံးပါက ကျောက်ကပ်ထိခိုက်ပျက်စီးမှု့များမှာ အမျိုးသားများထက်လျော့နည်းမှု့ တွေ့ရကြောင်း ၄င်းတို့က ဆက်လက်ပြောကြားထားသည်။
ထို့ကြောင့် ဆော်ဒါပါဝင်သော အချိုရည်များကို ချင့်ချိန်သောက်သုံးသင့်ကြောင့် အမေရိကန် ဆေးပညာရှင်များက အကြံပြုပြောကြားထားသည်။

Thursday, October 22, 2009

“ပုံမှန်စားသုံးသင့်သည့် ဆေးဖက်ဝင်ကြက်သွန်ဖြူ”

ကြက်သွန်ဖြူကို ဒီတိုင်းစားသုံးကြသလို ဟင်းခက် အမွေးအကြိုင်အဖြစ် အသုံးပြုကြပြီး ဆေးပညာများတွင် အသုံးဝင်ပုံများအား အမွှမ်းတင် ရေးသားထားကြသည်ကို ဖတ်ဖူးကြပေလိမ့်မည်။
ကြက်သွန်ဖြူတွင် ဆာလ်ဖာပါဝင်သည့် ဓာတ်ပေါင်းများ များစွာပါဝင်သည်။
ကြက်သွန်ဖြူ စားသုံးခြင်းဖြင့် ကျန်းမာရေး အထောက်အကူဖြစ်စေသည့် ကောင်းကျိုးများစွာရရှိသည်။
မင်ဂနီးစ်နှင့် ဆီလီနီယမ် သတ္တုဓာတ်များစွာပါဝင်ပြီး ကြက်သွန်ဖြူတွင် ဗီတာမင်ဘီ-6 နှင့် ဗီတာမင်စီ များစွာပါဝင်သည်။
ကြက်သွန်ဖြူ မှန်မှန်စားခြင်းဖြင့် သွေးပေါင်တိုးခြင်းနှင့် ကိုလက်စထရောများပြားမှု့ကို လျှော့ချခြင်းတွင် အထူးထိရောက်သည်။
သွေးထဲတွင် အဆီဓာတ်လွန်ကဲသဖြင့် သွေးကြောကျဉ်းခြင်း၊ ဆီးချို၊ သွေးချို ရောဂါကြောင့် နှလုံးရောဂါဖြစ်ခြင်း တို့ကိုကာကွယ်ရန်နှင့်တကွ နှလုံးမှ သွေးပိုမိုရရှိသောကြောင့် နှလုံးကြွက်သားများ သေဆုံးပျက်စီးခြင်း သို့မဟုတ် လေဖြတ်ခြင်း အန္တရာယ်ကိုလျှော့ပါးစေရန်အတွက် ကြက်သွန်ဖြူပုံမှန်စားသုံးသင့်ကြောင်း ဆေးပညာစာစောင်များတွင် အကြံပြုထားသည်။

Friday, October 16, 2009

“မျက်လုံးကျန်မာရေး”

ယနေ့ အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာ ဖြင့် နေစဉ် ရက်ဆက်
အလုပ်လုပ်ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း
တို့ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊
အားမနည်းအောင် ကျနော်တို့ ဘယ်လိုကာကွယ်ကျမလဲ။ အောက်ပါ နည်းလမ်းလေး တွေ
ကိုလိုက်နာပေးလိုက်ပါ။ (ကျန်မာရေးဗဟုသုတ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်)

နေရာ မှန်ပါစေ
သင့်ရဲ့ ကွန်ပျူတာ၊ keyboard၊ mouse တို့ကို နေရာမှန်
ထားတက်ဖို့အရေးကြီးပါတယ်။ သင့်ရဲ့ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ
သင့်ရဲ့လက်တဆန့်စာ အကွာနဲ့ မျက်လုံးရဲ့ ၂၀ ဒီဂရီအောက် နိမ့် နေရပါမယ်။

အလင်းရောင်
သင့် အခန်းတွင်း အလင်းရောင်ပျံ့နှံ့နေပါစေ။ ဒါမှ ကွန်ပျူတာ screen
မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာ screen အား
သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်
Anti-reflective Lenses ပါသော မျက်မှန်ကို တပ် ပေးခြင်းဖြင့် တောက်ပသော
အရာမှမှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့မျက်စိဆရာဝန်က သင့်
အားကွန်ပျူတာ နှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-reflective Lenses
ထည့်ထားတဲ့မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် ၂၀၊ ပေ ၂၀၊ အခါ ၂၀
ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကို ခဏ
ဘေးကိုလှည့်ပြီး ပေ၂၀ လောက်ဝေးတဲ့အရာတခုခုကို ကြည့်ကြည့်ပေးပါ။
ဒါနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀လောက်
မျက်စိ အား ပိတ်လိုက်ဖွင့် လိုက်လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို
ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀လောက်လမ်းလျှောက်ခြင်းဖြင့်
သွေးလှည်ပတ် စေပါတယ်။

မျက်စဉ်း ခတ်ပေးပါ
လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့်
ကွန်ပျူတာနဲ့အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို
သင်သတိထားမိပါသလား။ အကျိုးဆက်အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။
ထိုသို့ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင်ပါတယ်။

လက်ဖ၀ါးအုပ်ခြင်း
ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိ
ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ့သင့်မျက်စိနှစ်ဖက်ကို
၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိညောင်းကိုက်၊ ပင်ပန်းလာတိုင်း
၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထိုလက်ဖ၀ါးမှ လာသော နွေးထွေးမူသည် သင့်ရဲ့
ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း
အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန်လန်းဆန်း
ခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်
သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ
ရေခဲသေတ္တာထဲထည့်ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက်အထုပ်
၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်
ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊
အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို့ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။

မျက်စိရောဂါ ကင်းဝေကြပါစေ။

Thursday, October 1, 2009

"နေ့လယ်ခင်း တစ်ရေးတမော မှေးစက်ခြင်း"


နေ့လယ်ခင်း တစ်ရေးတမော မှေးစက်ခြင်းသည် လူတစ်ဦး၏ ဖြတ်ထိုးဥာဏ်နှင့် အကွက်မြင်မှု အရည်အသွေးကို တိုးတက်လာစေကြောင်း လေ့လာမှု အသစ်တစ်ခုတွင် ဖော်ထုတ်နိုင်ခဲ့သည်။

နေ့လယ်ပိုင်းတွင် ခဏတာလေးမျှ အနားယူခြင်းသည် အိပ်မက်မက်ရန် လှုံ့ဆော်မှု အများဆုံးဖြစ်သလို ပြဿနာများ ဖြေရှင်းနိုင်သည့် ဖန်တီးမှု အတွေးအခေါ်ကိုလည်း (၄၀)ရာခိုင်နှုန်း ၀န်းကျင်မျှ မြင့်တက်လာစေကြောင်း သိရသည်။

လူတစ်ဦးသည် မျက်စိကိုမှိတ်ပြီး ခေတ္တမျှ သက်တောင့်သက်သာ မှိန်းနေချိန်တွင် ခန္ဓာကိုယ်မှာ အနားရနေပြီး ပတ်ဝန်းကျင်ကို တုန့်ပြန်သောနေ့လယ်ခင်း တစ်ရေးတမော မှေးစက်ခြင်းသည် လူတစ်ဦး၏ ဖြတ်ထိုးဥာဏ်နှင့် အကွက်မြင်မှု အရည်အသွေးကို တိုးတက်လာစေကြောင်း လေ့လာမှု အသစ်တစ်ခုတွင် ဖော်ထုတ်နိုင်ခဲ့သည်။

နေ့လယ်ပိုင်းတွင် ခဏတာလေးမျှ အနားယူခြင်းသည် အိပ်မက်မက်ရန် လှုံ့ဆော်မှု အများဆုံးဖြစ်သလို ပြဿနာများ ဖြေရှင်းနိုင်သည့် ဖန်တီးမှု အတွေးအခေါ်ကိုလည်း (၄၀)ရာခိုင်နှုန်း ၀န်းကျင်မျှ မြင့်တက်လာစေကြောင်း သိရသည်။

လူတစ်ဦးသည် မျက်စိကိုမှိတ်ပြီး ခေတ္တမျှ သက်တောင့်သက်သာ မှိန်းနေချိန်တွင် ခန္ဓာကိုယ်မှာ အနားရနေပြီး ပတ်ဝန်းကျင်ကို တုန့်ပြန်သော ကိုယ်တွင်းစနစ်များမှာလည်း ခေတ္တရပ်ဆိုင်းနေမည်ဖြစ်သည်။

ထို့ကြောင့် ပြန်လည်နိုးထလာရာတွင် လန်းဆန်းပြီး ဖန်တီးမှုစွမ်းရည် မြင့်တက်နေသည်ကို ပညာရှင်များက တွေ့ရှိခဲ့သည်။ ဆန်ဒီယေးဂိုးမှ သုတေသီအဖွဲခေါင်းဆောင် ဒေါက်တာဆာရာမက်ဒ်နစ်က “ပြဿနာတစ်ခု ကြုံတဲ့အခါ ရုတ်တရတ် အကြံပေါ်လာပြီး ချက်ချင်းဖြေရှင်းနိုင်တဲ့ အနေအထားမျိုး ဘယ်အခါမှာ ပေါ်လာတတ်သလဲ ကျွန်မတို့ လေ့လာခဲ့ပါတယ်။

ဒါဟာ နေ့လယ်နေ့ခင်းအချိန်မှာ ခဏတဖြုတ် နားနားနေနေ မှိန်းနေခွင့်ရတာနဲ့ အများကြီး ဆက်နွယ်နေပါတယ်”ဟု ရှင်းပြခဲ့သည်။ “ဒါပေမယ့် ပြဿနာက ဖန်တီးမှုစွမ်းရည် အကောင်းဆုံး ဖြစ်စေနိုင်ဖို့ အချိန်ဘယ်လောက်ကြာအောင် အနားယူရမလဲဆိုတာ ကျွန်မတို့ မသိသေးတာပါပဲ”ဟုလည်း ဒေါက်တာ ဆာရာကဆိုသည်။

သုတေသီများသည် စိတ်ရှုပ်ထွေးစေမည့် ပြဿနာများကို မည်သည့်အချိန်တွင် အကောင်းဆုံး ဖြေရှင်းနိုင်မည်ကို သိရှိစေရန် အခြေအနေ အမျိုးမျိုးဖြင့် လေ့လာစမ်းသပ်ခဲ့ရာ နေ့ခင်းဘက် ခဏတာ အနားယူထားသူများသည် အခြားသူများထက် ပိုမိုလျင်မြန်စွာ အဖြေရှာနိုင်သည်ကို တွေ့ရှိခဲ့ကြသည်။

လက်တွေ့စမ်းသပ်မှုများကို အဖွဲ့များခွဲပြီး ပြဿနာအမျိုးမျိုးကို ချဉ်းကပ် အဖြေရှာစေခဲ့ရာ နေ့လယ်ပိုင်း ခဏတာ အနားယူခွင့်ရရှိသူများက အခြားသော စမ်းသပ်မှု အမျိုးမျိုးကို ခံယူထားသူများထက် ပျမ်းမျှအားဖြင့် ရာခိုင်နှုန်း (၄၀)မျှ ဖြေရှင်းနိုင်စွမ်း မြင့်တက်နေကြောင်း သိရသည်။ ထိုစမ်းသပ်မှု အဆင့်ဆင့်ကို အမျိုးသား သိပ္ပံအကယ်ဒမီမှ ထုတ်ဝေသော ပညာရပ်ဆိုင်ရာ ဂျာနယ်အတွင်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

Sunday, September 13, 2009

"ဗီတာမင်အပြည့်အ၀ပါသော လိမ္မော်သီး"




ကမ္ဘာပေါ်တွင် လိမ္မော်သီးသည် ဗီတာမင် အပြည့်အ၀ပါသည့် လူကြိုက်များသော အသီးဖြစ်သည်။ ဗီတာမင်စီ အများဆုံးပါဝင်သည့်အတွက်
ရင်ကျပ်၊ ပန်းနာရောဂါ၊ အဆုတ်လေပြွန်ရောင်ရမ်းခြင်း၊ တီဘီအဆုတ်ရောဂါ၊ ကြွက်သားနှင့် အဆစ်အမြစ်နာကျင်မှု့ဝေဒနာ၊ ကျောက်ကပ်
ကျောက်တည်မှု့တို့တွင် လိမ္မော်သီးစားသုံးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ကြောင်းသိရသည်။
ထိုပြင် ကိုလက်စထရော လျော့ချခြင်း၊ ရေငတ်ခြင်းနှင့် ဆီးအလွန်အကျွန်သွားခြင်းတို့ကို ထိန်းပေးပြီး အဆစ်ရောင်ရမ်းခြင်းနှင့် သွေးတိုးရောဂါ တို့ကိုလည်း လျော့နည်းသွားစေသည်ဟု သိရသည်။
အရက်စွဲသူများ အနေဖြင့်လည်း လိမ္မော်ရည် သောက်သုံးခြင်းဖြင့် အရက်သောက်လိုစိတ်လျော့နည်းသွားစေသည်ဟု ဆိုသည်။
လိမ္မော်သီးတွင် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ မီးစုန်းဓာတ်နှင့် ပိုတက်ဆီယမ်တို့ပါဝင်သော
အာဟာရတန်းဖိုး မြင့်မားသည်ကို တွေ့ရှိနိုင်ကြောင်း သိရသည်။

Wednesday, September 2, 2009

" ဆေးလိပ်ဖြတ်လိုပါသလား"

ဆေးလိပ်ဖြတ်လိုပါသလား
သင့်ထံတွင် ဤအရာများရှိနေလျှင် ဆေးလိပ်ဖြတ်ရ မခက်ပါ။
ဆေးလိပ်ဖြတ်ရန်အတွက် လိုအပ်သောအရာများ မှတ်သားဘူးတာကိုဗဟုသုတအဖြစ် ပြန်လည်ဝေမျှလိုက်ပါတယ်....


၁။ဖွင့်ထားသောစိတ်
Open Minded ဖြစ်ရန်အရေးကြီးပါသည်။ လူတိုင်း တွင်ငုတ်နေသော မာန အခံစိတ် ကလေးများ ရှိနေတတ်ပါသည်။ ကောင်းစေလို၍ ပြောဆိုသော စကား သည် မည်သူပြောပြော ကောင်းစေလို၍ သာ ဖြစ်သော်လည်း သူ က ဘာမို့လဲ ၊ ငါက ဘာလို့ သူပြောတိုင်းလိုက်လုပ် ရမှာလဲ ဟု အရွဲ့တိုက်လိုသော စိတ်များ ၀င် တတ်ပါသည်။ထို့အပြင် လူ အတော်များများ သည် သူများပြောမှ လိုက်လုပ်ရသည် ကို ရှက်ရွံ့ စိတ်ဝင်တတ်ကြပါသည်။
ပထမဦးဆုံး စ၍ စဉ်းစားသင့်သည်မှာ ဤဆေးလိပ်ကိုဖြတ်၍ ကိုယ့်ဘ၀ အတွက် ဘာပိုထူး လာမလဲ ဟု လေးလေးနက်နက် မလိမ်မညာစတမ်း မေး ဖြေ လုပ်ကြည့်ပါ။ ဆေးလိပ် ၏ ဆိုးကျိုးသည် တွေးတောကြည့်မှ မှန်းဆ ရနိုင်သော အရာ မဟုတ်ပါ။ကိုယ်တိုင် မြင်နေရပါမည်၊ကြားနေရပါမည်၊ခံစားနေရပါ မည်။ သိပ္ပံနည်းကျ စနစ်တကျ လေ့လာထားသော စမ်းသပ်ချက်ရလဒ် တွေလည်း ရှိနေပါပြီ ။
ဆေးလိပ်၏ဆိုးကျိုးများစွာအနက် မိမိမှလွဲ၍ အခြားသူများ ကို ထိခိုက် စေနိုင်သော အချက် များကို ရှောင်ရှား၍ ရချင်ရပါလိမ့်မည်။သို့ရာတွင် သောက်သုံး သော မိမိကိုယ်တိုင် ၏ ကျန်းမာရေးဆိုးကျိုးများကို တော့ မလွဲအသွေ ရင်ဆိုင် ရပါလိမ့် မည်။ကိုယ့် ဘာသာ ကိုယ် သောက် တာ ဘာဖြစ်လဲ၊ ပတ်ဝန်းကျင် နှင့် အခြားသူ တစ်ဦး တစ်ယောက် ကိုမျှ ဒုက္ခ မဖြစ်စေရင် ပြီးတာပဲ ဟု ဆိုသူများ စဉ်းစားသင့်ပါသည်။


၂။အမြင်
ဆေးလိပ်၏ဆိုးကျိုး တရားများကို ချရေးပါ။ တစိမ့်စိမ့်တွေး ပြီး အာရုံမှာ ထင်လာသည်အထိ မြင်အောင်တွေးကြည့်ပါ။ တစ်ခါတစ်ရံ တွင် စာလုံးကြီးကြီး ရေးကာ မြင်သာသော နေရာ ကပ်ထားသော နည်း ကလည်း အလုပ် ဖြစ်ပါသည်။

၃။နည်းလမ်း
လွဲမှားစွာ မာနထားနေမည့်အစား ကိုယ့်စိတ်ကို ဘယ်လောက် နိုင် သလဲ ဆိုတာ ကို လေ့လာ ကြည့်သင့်ပါသည်။ ကိုယ့်စိတ် ကို အမှန်တကယ် နိုင် သူ တွေသာ ဆေးလိပ် ကို ဖြတ်နိုင်ပါလိမ့် မည်။ သို့မဟုတ်ပါက နည်းမျိုးစုံအောင် ဆင်ခြေမျိုးစုံ ပေးကာ တ၀ဲဝဲလည်လည် ဆေးလိပ်တောမှာ မြောနေပါလိမ့်မည်။ အောက်ပါ နည်းလမ်းဖြင့် ကိုယ့်စိတ်ကို နိုင်သလား စမ်းသပ်ကြည့် နိုင်ပါသည်။ သုံး နည်းလမ်း ဟု ကိုယ့်ဘာသာ ပေးထားပါသည်။

(က) ဆေးလိပ်အရမ်းသောက်ချင်သည့် စိတ် ဖြစ်လာလျှင် ၃ စက္ကန့် အောင့်အီးသည်းခံ စောင့်ဆိုင်း ကြည့်ပါ။

(ခ) ၃ စက္ကန့်ပြည့်၍ မှ ဘယ်လိုမှ သည်းမခံနိုင်တော့လျှင် သဘောကျ လုပ်ပါလေ။ သည်းခံ၍ ရနေသေးလျှင် တော့ ၃ မိနစ် ပြည့်သည်အထိ ဆက်ပြီး သည်းခံ စောင့်ကြည့်ပေးပါ။

(ဂ) ၃ မိနစ်အထိ သည်းခံနိုင်ပြီ ဆိုသူများသည် ၃ နာရီ ဆက်တိုက် တစ်လျှောက် တည်း ဖြတ်နိုင်ပါလိမ့်မည်။

(ဃ) ထိုမှ ၃ ရက်၊ ၃ ပါတ် ၊ ၃ လ ၊ ၃ နှစ် စသဖြင့် သံဓ္ဓိဌာန် ချကာ ကိုယ့်စိတ် ကိုယ် အနိုင်ယူ ကြည့်ပါ။

(င) ကိုယ့်စိတ်ကိုယ် တစ်ခါ အောင်မြင်တိုင်း ၊အောင်မြင်တိုင်း ကိုယ့်ကိုကိုယ် ဂုဏ်ပြုပေးပါ။


၎။ပါတ်ဝန်းကျင်
မိမိကိုနားလည်ပေးနိုင်သောပါတ်ဝန်းကျင်ရှိနေရန်လည်းဆေးလိပ်ဖြတ်ရန်အတွက် အရေးကြီးပါသည်။ (ဘာပဲဖြစ်ဖြစ် အဓိက ကတော့ မိမိစိတ် ပဲဟုမြင်မိပါသည်)

Friday, August 21, 2009

"အနေထားမှန်ကန်စွာ အိပ်စက်ခြင်း"

နေ့စဉ်လူတို့ ညအခါ အိပ်စက်ရာတွင် ဘေးတစောင်း အနေအထားဖြင့် အိပ်စက်ခြင်းသည်သာ ကျန်းမာရေးနှင့် ညီညွတ်ကြောင်း
ဗြိတိသျှ ဆေးပညာရှင်များက သတိပေးလိုက်သည်။
ဘေးတစောင်း အနေအထားဖြင့် အိပ်စက်ခြင်းသည် နှလုံးကို ထိခိုက်မှု့ မရှိစေသည်အပြင် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်စီးဆင်းမှု့ကို
ပုံမှန်ဖြစ်စေကြောင်း သိရသည်။ ထို့ပြင် ဦးနှောက်အတွင်း သွေးစီးဆင်းမှု့မှာလည်း မှန်ကန်မှု့ရှိစေကြောင်း သိရသည်။
ပက်လက်(သို့) မှောက်လျက် အနေအထားဖြင့် အိပ်စက်ပါက နှလုံး၏အနေအထားကို ထိခိုက်မှု့ဖြစ်စေပြီး ယင်းသို့ အနေအထားသည်
နှလုံးသွေးစီးဆင်းမှု့ကို ပျက်ယွင်းမှု့ဖြစ်စေသည်ဟု သိရသည်။
ထို့အပြင် ဦးနှောက်သွေးကြောများ တင်းမာမှု့ဖြစ်စေရာ အိပ်ရာမှရုတ်တရက် ထလိုက်ပါက ဦးနှောက်သွေးကြော ပျက်မှု့ဖြစ်ပွားစေနိုင်ကြောင်း
သိရသည်။
ထို့ကြောင့် ညစဉ်အိပ်စက်အနားယူပါက ခန္ဓကိုယ်အနေထားမှန်ကန်စွာ အိပ်စက်အနားယူသင့်ကြောင်း ဗြိတိသျှဆေးပညာရှင်များက
အကြံပြုထားကြောင်း ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါသည်။

Tuesday, August 18, 2009

"ရေနွေးကြမ်း နှင့် ကျန်းမာရေး"

ကျနော် ဖတ်ဖူးခဲ့တဲ့ ရေနွေးကြမ်း သောက်သုံးဖြင်းအကြောင်း ဗဟုသုတပြန်လည်ဝေမျှဖြင်းသာဖြစ်ပါသည်.....

၁။ ရေနွေးကြမ်းနှင့် ကင်ဆာ

ရေနွေးကြမ်းသောက်သုံးခြင်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ပန်ကရိယာ ကင်ဆာများဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၂။ ရေနွေးကြမ်းနှင့် နှလုံးရောဂါ

ရေနွေးကြမ်းတွင်ပါဝင်သော catechin ဟု အများသိကြသော polyphenols သည် ဂရိတ်ဖရုသီး ၊ ၀ိုင်တို့တွင်ပါဝင်သောပမာဏ ထက်ပိုများပြီး သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုးဖြစ်စေသော အဆီများကို တိုးစေခြင်း ၊ နှလုံးသွေးကြောပိတ်ရောဂါနှင့် ဦးဏှောက်သွေးကြောပိတ်ခြင်းတို့ကို ဖြစ်စေနိုင်သော အလွန်အမင်းသွေးခဲခြင်းကို လျော့နည်းစေခြင်းတို့ကိုဖြစ်ပေါ်စေသည် ။ ထို့ကြောင့် ရေနွေးကြမ်းသောက်သုံးခြင်းသည် နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါနှင့် အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ ဦးဏှောက်သွေးကြောပိတ်မှုရောဂါများ ဖြစ်ပွားမှုနှုန်းကို ကျဆင်းစေခြင်း တို့ကို လုပ်ဆောင်ပေးပါတယ်။

၃။ရေနွေးကြမ်းနှင့် အဆီဓါတ်

ရေနွေးကြမ်းသောက်သုံးခြင်းသည် သွေးထဲတွင်ရှိသော ဒုက္ခပေးစေနိုင်သော အဆီများ (triglyceride)ကိုနည်းစေခြင်းဖြင့် ၎င်း၏ ဆိုးကျိုးကိုလျော့ကျစေခြင်း၊ ကောင်းကျိုး ဖြစ်စေသော အဆီများကို တိုးစေခြင်း ကိုလည်း ပြုလုပ်ပေးပါတယ်။

၎။ ရေနွေးကြမ်းနှင့် အသည်း

ရေနွေးကြမ်းဟာ အရက်ကြောင့်ဖြစ်သော ၊ ဆေးလိပ်ကြောင့်ဖြစ်သော ဓါတုပစ္စည်းများကြောင့် အသည်းပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

၅။ ရေနွေးကြမ်းနှင့် ကိုယ်အလေးချိန်

ထမင်းစားစဉ်အတွင်း ရေနွေးကြမ်းသောက်ခြင်းသည် အစာစားချင်စိတ်ကို နည်းပါးစေခြင်း၊ ရင်ပြည့်လွယ်စေခြင်း၊ ဇီဝဖြစ်စဉ်ကို ပိုမိုပြင်းထန်လောင်ကျွမ်းစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ကိုယ်အလေးချိန် လျော့ကျရန်အတွက် ရေနွေးကြမ်းကို သောက်သုံးနိုင်ပါတယ်။

၆။ ရေနွေးကြမ်းနှင့် သွေးချို၊ ဆီးချိုရောဂါ

ရေနွေးကြမ်းသည် သွေးထဲတွင်ရှိသည့် သကြားဓါတ်ကိုကျစေခြင်း ၊ အင်ဆူလင်၏ အာနိသင်ကိုအားပေးခြင်းအားဖြင့် ဆီးချိုရောဂါကို ထိန်းပေးပါတယ်။

၇။ ရေနွေးကြမ်းနှင့် ခံတွင်း ရနံ့

ရေနွေးကြမ်းတွင်ပါဝင်သော polyphenols ဟုခေါ်သော ဓါတ်တမျိုးသည် ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေသော လျှာနှင့် လည်ချောင်းတွင် ပေါက်ပွားတတ်သော အကောင်ငယ်ကလေးများ၊ ဘက်တီးရီးယား ပိုးများကို မပေါက်ပွားစေရန် ကာကွယ်နိုင်သောကြောင့် ရေနွေးကြမ်းသောက်ခြင်းသည် ခံတွင်းရနံ့ဆိုးခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

ခံတွင်းရနံ့ဆိုးစေသော အခြားအကြောင်းအရင်းများမှာ

၁။ ပါးစပ်ခြောက်ခြင်း၊

၂။ အသားဓါတ်ပါသော အစာများ၊ သကြားဓါတ်ပါသော အစာများကိုစားသုံးခြင်း၊

၃။ ဆေးလိပ်သောက်ခြင်း၊

၎။ သွားပိုးစားခြင်းနှင့် ခံတွင်းနှင့်ဆိုင်သော ရောဂါများ၊

၅။ နှာခေါင်း နှင့် ယင်း၏ အနီးတ၀ိုက်တွင် ရောဂါပိုးဝင်ခြင်း တို့ ဖြစ်သောကြောင့် ထိုသို့သော လက္ခဏာရှိသူများသည် ခံတွင်း၏ အပေါ်ယံအမြှေးပါးများကို ခြောက်ခန်းစေပြီး ပိုးများကိုပိုမိုပေါက်ဖွားစေသော ငုံဆေးများကိုသုံးမည့်အစား ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းသင့်ပါတယ်။

၈။ ရေနွေးကြမ်းနှင့် သွေးတိုးရောဂါ

ရေနွေးကြမ်းတွင်ပါဝင်သော catechins သည် သွေးကြောများကို ကျုံ့စေခြင်းဖြင့် သွေးတိုးခြင်းကို ဖြစ်စေနိုင်သော အင်ဇိုင်းတမျိုး၏ လုပ်ငန်းများကို နှောင့်နှေးစေခြင်း၊ သက်ဆိုင်ရာ အစိတ်အပိုင်းများသို့ သွေးရောက်ရှိမှုကို နည်းပါးစေပြီး အသက်ဆုံးရှုံးသည် အထိ လူသားတို့အားဒုက္ခပေးတတ်သော သွေးကြောများ၏ နံရံတွင် ကပ်၍နေတတ်သော အဆီများကိုလျော့ ကျစေခြင်းဖြင့် သွေးတိုးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၉။ ရေနွေးကြမ်းနှင့် တုတ်ကွေးရောဂါ

ရေနွေးကြမ်းတွင် ပါဝင်သော tannin သည် တုတ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုး၏ လုပ်ငန်းဆောင်တာများကို ဟန့်တားပေးပါတယ်။

၁၀။ ရေနွေးကြမ်းနှင့် သွားပိုးစားခြင်း

ရေနွေးကြမ်းတွင် ပါဝင်သော သဘာဝဖလူအိုရင်း (fluorine) သည် သွားများ၏ အပေါ်ယံလွှာကို ပိုမိုခိုင်မာစေခြင်း၊ ၊သွားများ၏ အခေါင်းများထဲတွင် ကျက်စားနေတတ်သော ပိုးများကို သေစေနိုင်သောကြောင့် သွားပိုးစားမှုကို လျော့ကျစေခြင်း တို့ကိုဖြစ်စေပါတယ်။

၁၁။ ရေနွေးကြမ်းနှင့် အရိုးပွရောဂါ

အသက်ကြီးသော အမျိုးသားများနှင့် မီးယပ်သွေးဆုံး အမျိုးသမီးများတွင် ဖြစ်ပေါ်တတ်သော အရိုးပွခြင်း ကာကွယ်ရန်

၁။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်း

၂။ တနေ့လျှင် Vitamin D 400I U သောက်သုံးပေးခြင်း

၃။ တိရစ္ဆာန်များမှ ရသော အသားဓါတ်သည် ခန္ဒာကိုယ်တွင် ရှိသည့်  ထုံးဓါတ်ပမာဏကိုလျော့ကျစေသဖြင့် ယင်းအစား ပဲနို့ကိုသောက်သုံးပေးခြင်း

၎။ နေ့စဉ် ယမကာသောက်သုံးသည့် ပမာဏကို လျှော့ချပေးခြင်း

၅။ တနေ့လျှင် ရေနွေးကြမ်း ၃ခွက် သို့မဟုတ် ၃ခွက်ထက်ပို၍ သောက်သုံးခြင်းကို ပြုလုပ်သင့်ပါတယ်။

၁၂။ ရေနွေးကြမ်းနှင့် လန်းဆန်းမှု

ရေနွေးကြမ်းတွင် ကာဖင်းဓါတ် ၅-၁.၂% ပါဝင်နေသောကြောင့် အတန်အသင့် သောက်သုံးပါက အာရုံစူးစိုက်မှုကို ပေးခြင်း၊ နိုးကြား လန်းဆန်းစေခြင်းကိုဖြစ်စေပါတယ်။

၁၃ ။ ရေနွေးကြမ်းနှင့် ၀မ်းလျှောရောဂါ

ထို့အပြင်ရေနွေးကြမ်း ကို ၀မ်းလျှောနေသူများအတွက် ၀မ်းပိတ်စေရန်အလို့ငှာ တိုက်ကျွေးနိုင်ပါတယ်။

ရေနွေးကြမ်းကိုသောက်သုံးခြင်းဖြင့်ရရှိနိုင်သော ဆိုးကျိုးများမှာ

၁။ရေနွေးကြမ်းနှင့် ဂဏာမညိမ်ခြင်း

ရေနွေးကြမ်းကို အလွန့်အလွန်သောက်သုံးလျှင် ၎င်းတွင်ပါဝင်သော ကာဖင်း၏ ပင်မအာရုံကြောမကြီးကို လှုံဆော်ပေးမှုကြောင့် ရသော အကျိုးဆက်များဖြစ်တဲ့

၁။ အသက်ရှုမြန်ခြင်း၊

၂။ နှလုံးခုန်မြန်ခြင်း၊

၃။ ခေါင်းကိုက်ခြင်း

၎။ သွေးပေါင်ချိန်တက်ခြင်း

၅။ နှလုံးခုန်မမှန်ခြင်း

၆။ အိပ်မပျော်ခြင်း

၇။ စိတ်ပူပန်တတ်ခြင်း

၈။ ဂဏာမညိမ်ဖြစ်ခြင်း တို့ကိုဖြစ်ပေါ်စေပါတယ်။

၂။ ရေနွေးကြမ်းနှင့် အစာစားလိုစိတ်

ရေနွေးကြမ်းတွင် အဓိက ပါဝင်သော ဓာတုပစ္စည်းမှာ Tennin ဖြစ်ပြီး ၎င်းကို သားရေများကို မာစေရန်အလို့ငှာ အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် ၎င်းကို သောက်သုံးမိသည့် အခါတွင်လည်း tennin သည် အစာအိမ်နှင့် အူလမ်းကြောင်း တလျှောက်ရှိ အမြှေးပါးများကို မာကျော ခြောက်သွေ့စေပြီးလျှင် အစာမကျေခြင်း၊ အစားပျက်ခြင်း တို့ကို ဖြစ်စေနိုင်ပါတယ်။

၃။ရေနွေးကြမ်းနှင့် သွေးအားနည်းရောဂါ

Tennic acid သည် ခန္ဓာကိုယ်မှ သံဓါတ်စုပ်ယူမှုကို အနှောက်အယှက် ဖြစ်စေသောကြောင့် ရေနွေးကြမ်းကို အမြောက်အများသောက်သုံးပါက သံဓါတ်နည်းမှုကြောင့်ဖြစ်ပေါ်သော သွေးအားနည်းမှုကို ခံစားရစေနိုင်ပါတယ်။

၎။ ရေနွေးကြမ်းနှင့် မှိုအန္တရာယ်

ရေနွေးကြမ်းပြုလုပ်မည့် လက်ဘက်ခြောက်ကို ခြောက်အောင်ပြုလုပ်သည့် အဆင့်ဆင့်တွင် သန့်ရှင်းမှုကိုလိုက်၍ မှိုစွဲကပ်ခြင်းများ ဖြစ်ပေါ်စေသောကြောင့် ၎င်းမှိုများအလိုက် လူသားတို့အား အန္တရာယ်ပေးနိုင်ပါတယ်။


ရေနွေးကြမ်းကို အလွန်အကျွံမသောက်သုံးသင့်သူများမှာ

၁။ အစာအိမ်ရောဂါကြောင့် ရင်ပူတတ်သူများ

၂။ စိတ်ဖိစီးမှုများသူများ

၃။ အိပ်မပျော်သူများ

၎။ hyperthyroid ရောဂါရှိသူများ

၅။ သွေးကျဲဆေးသောက်ထားရသူများ ပဲဖြစ်ပါတယ် ။

Saturday, July 4, 2009

"ခန္ဓာကိုယ်အတွင်းပိုင်း အလုပ်လုပ်ပုံ"

(မဖတ်ရသေးသော သူငယ်ချင်းများ၊ ကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ )

ခန္ဓာကိုယ်၏ အားဖြည့်ချိန်သည် ည ၉-နာရီမှ နံနက် ၃-နာရီတွင်းဖြစ်သည်။ ည ၉-နာရီမှ ၁၁-နာရီသည် ရောဂါခုခံကာကွယ်စနစ်အချိန်ဖြစ်သည်။ အထူးသဖြင့် အလယ်တန်းအောက်ကလေးငယ်များသည် ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှု မပြည့်စုံသေးသည့် အရွယ်ဖြစ်၍ ည ၉-နာရီတွင် အိပ်နိုင်လျှင် ကောင်းသည်။ ည ၁၁-နာရီမှ နံနက် ၁-နာရီသည် ရိုးတွင်းချဉ်ဆီမှ သွေးနီဥတည်ဆောက်ချိန် ဖြစ်သည်။ နံနက် ၁-နာရီမှ ၃-နာရီသည် အသည်း၏အချိန်ဖြစ်သည်။ နံနက် ၃-နာရီမှ ၅-နာရီသည် အသက်ရှူစနစ်အတွက်ဖြစ်သည်။
နံနက် ၄-နာရီသည် ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန် ဖြစ်သည်။ ဆေးပညာတွင် "အန္တရာယ်များသည့် လေးနာရီ" ဟု ပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကျပ်၊ နှလုံး၊ လေဖြတ်၊ ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှ ကိုယ်လက် လှုပ်ရှား လမ်းလျှောက်ထွက်သင့်သည်။
နံနက် ၅-နာရီမှ ၇-နာရီသည် အူမကြီး အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။ နံနက် ၇-နာရီမှ ၉-နာရီသည် အစာအိမ် အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ ထို့ကြောင့် ၇-နာရီမတိုင်မီ နံနက်စာစားသင့်သည်။ နံနက် ၉-နာရီမှ ၁၁-နာရီသည် သရက်ရွက်အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။ တစ်ဖန် ၁၁-နာရီမှ နေ့လယ် ၁-နာရီသည် ရိုးတွင်းချဉ်ဆီသွေးတည် ဆောက်ချိန်ဖြစ်၍ ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါ မဖြစ်တော့ပေ။ သဘာဝ၏ စည်းချက်အတိုင်း လိုက်နာနိုင်ပါက အလုပ်လုပ်သည့်အခါ အားအင်အပြည့်ရှိပြီး၊ အနားယူသည့်အခါ ဖြေလျှော့မှု အပြည့်ရကာ ကျန်းမာပျှော်ရွင်မည်။
နေ့လည် ၁-နာရီမှ ညနေ ၃-နာရီသည် အူသိမ် အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ထို့ကြောင့် နေ့လယ် ၁-နာရီမတိုင်မီ နေ့လယ်စာကို စားနိုင်လျှင်ကောင်းသည်။
ယင်းအချိန်တွင် နေ့လယ်စာမစားသူများ အစာအိမ်ရောဂါ၊ လေထိုးလေအောင့်ရောဂါ ဖြစ်တတ်သည်။ ညနေ ၃-နာရီမှ ၅-နာရီသည် ဆီးအိမ် အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။ ဤအချိန်အတွင်း ရေများများသောက်ရန် အရေးကြီးသည်။ အထူးသဖြင့် ဆီးအိမ်၊ကျောက်ကပ် မကောင်းသူများသည် ဤအချိန်တွင် ရေ ၅၀၀ cc ထက် မနည်းသောက်သင့်သည်။
ညနေ ၅နာရီမှ ၇-နာရီသည် ကျောက်ကပ် အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ ည ၇-နာရီမှ ၉- နာရီသည် နှလုံးနှင့် ဦးနှောက် အာရုံကြောစနစ်၏ အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။

Tuesday, June 30, 2009

`၀က်တုတ်ကွေးရောဂါ H1N1 ရောဂါ ကာကွယ်ဆေး ´

ကမ္ဘာတစ်ဝန်းလုံးက ကပ်ရောဂါအဖြစ် စိုးရိမ်ထိပ်လန့် နေကြသော ၀က်တုတ်ကွေး ရောဂါမှာ မြန်မာပြည်သို့ပါ စတင် ကူးစက်လာပြီး ဖြစ်ကြောင်း ပြည်တွင်းထုတ် သတင်းစာများအရ သိရသည်။
"အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌါန၏ ယနေ့ထုတ်ပြန် ကြေငြာချက်အရ အမေရိကန်နိုင်ငံ ကုမ္မဏီငယ်လေးဖြစ်သော Protein Sciences Corporation, သည် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားသော ၀က်တုတ်ကွေးရောဂါ ဖြစ်သည့် H1N1 တုတ်ကွေးရောဂါကို ကွာကွယ်နိုင်သည့် ဆေးဝါး HTML clipboardFluBlok®,ကို ထုပ်လုပ်နိုင်ခဲ့သည့် အတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ဆုချီးမြှင့်ခံလိုက်ရကြောင်း သိရသည်။ ဆေးဝါး ကုသမှု ပထမအပတ်စဉ် အဖြစ် လူဦးရေ တစ်သိန်းအား လွန်ခဲ့သော သီတင်းပတ်က အဆိုပါ ကာကွယ်ဆေးကို ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ Protein Sciences Corporation, ၏ စီးပွါးရေး အခြေအနေမှာ အထူးကောင်းမွန်လျက်ရှိနေပြီ ဖြစ်ပြီး လာမည့်နှစ်များအတွင်း အမှာစာပေါင်း ဒေါ်လာသန်း ၂၀၀ ဖိုးအထိ ရှိလာမည် ဖြစ်သည်။

လွန်ခဲ့သော သီးတင်းပတ် အနည်းငယ်က ဆဲလ်ပွါးခြင်း နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားသော ၀က်တုတ်ကွေးရောဂါ H1N1 influenza or ( "swine flu")ကာကွယ်ဆေး ထုတ်ဖေါ် နိုင်ခဲ့ပြီး တိရိစ္ဆာန်များနှင့် စမ်းသပ်ခဲ့ရာတွင် အန္တရာယ်ကင်းမှုနှင့် စမ်းရည်ထက်မြက်မှုတို့တွင် ယုံကြည့်စိတ်ချရသော အနေအထားသို့ ရောက်ရှိခဲ့ပြီ ဖြစ်သောကြောင့် အဆိုပါဆေးကို ယခုအခါ လူသားတို့အတွက် စတင်စမ်းသပ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ဆေးဝါး၏ အလားအလာ ကောင်းမွန်မှုနှင့် ကာကွယ်မှု စွမ်းရည် ပြည့်ဝရေးအတွက် အချိန်တိုအတွင်း ထုတ်လုပ် နိုင်ရေး တို့အတွက်မူ အနည်းငယ်သော ချွင်းချက်များ ရှိနေသေးသည်။ ဆေးဝါးကုန်ကြမ်းအဖြစ် အသုံးပြုသော ကြက်ဥသည် မျိုးပွါးနိုင်သော ကြက်ဥ အမျိုးအစား ဖြစ်ရမည် ဖြစ်သဖြင့် ကုန်ကြမ်းရှားပါးမှု အနည်းငယ် ရှိလာနိုင်သည်။

H1N1 ၀က်တုတ်ကွေး ရောဂါသည် အခြားသော ဗိုင်းရပ်စ်များ၏ လက္ခဏာများနှင့် မတူဘဲ ကင်းခြေများ ကောင်ကဲ့သို့ ဆဲလ်များကို ပျံ့ပွါးကူးစက်ခြင်းဖြစ်ကာ မျိုးစေ့များ ပျံ့ပွါးစေခြင်းဖြင့် ရောဂါလက္ခဏာထင်ရှား လာစေတတ်သော ရောဂါမျိုး ဖြစ်သည်။ ယခုအခါ ဆေးဝါး ထုတ်လုပ်မှုကို သန်း ၅၀ ခန့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီစဉ် လျက်ရှိကြောင်းလည်း သိရသည်။

Wednesday, June 17, 2009

“ငွေစက္ကူအဟောင်းအနွမ်းများတွင်ရောဂါပိုးများပါရှိ”

ငွေစက္ကူအဟောင်းအနွမ်းများတွင် တီဘီရောဂါကဲ့သို့ရောဂါပိုးမွှားများပါဝင်သည်ကိုတွေ့ရှိရကြောင်း အိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှစူးစမ်းရှာဖွေလေ့လာသူ သုတေသီပညာရှင် များကတွေ့ရှိခဲ့ကြောင်း သိရှိရတဲ့ ဗဟုသုတလေးကို ပြန်လည် ဖော်ပြလိုက်ပါတယ် ....

သူတို့ရဲ့ရှာဖွေလေ့လာတွေ့ရှိချက်အရ ဟောင်းနွမ်းနေတဲ့ငွေစက္ကူများဟာ ကိုင်တွယ်သုံးစွဲနေတဲ့ လူတွေကို ကူးစက်နိုင်တဲ့ရောဂါပိုးမွှားများဖြစ်တည်ပွားများဖို့အတွက် အခြေအနေကောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီပိုးမွှားတွေကြောင့်ဖြစ်နိုင်တဲ့ရောဂါ
တွေကတော့ တီဘီရောဂါ၊အစာခြေလမ်းကြောင်းနာ၊နမိုးနီးယားလို့ခေါ်တဲ့အဆုတ်အအေးမိရောဂါ၊အစာအိမ်ယောင်ရောဂါစတဲ့လူကိုသေစေနိုင်လောက်တဲ့ရောဂါများဖြစ်ပါတယ်။

ငွေစက္ကူတွေဆုတ်ပြဲတာ၊ဒါမှမဟုတ်ဟောင်းနွမ်းလုံးကြေနေတာတွေဟာ ငွေစက္ကူမှာပါတဲ့ ဆယ်လူလွိုက်လို့ခေါ်တဲ့ ဓါတ်တစ်မျိုးကိုဖေါ်ပြပြီး ဘက်တီးရီးယားရောဂါပိုးမွှားတွေကို လက်ခံသယ်ဆောင်စေနိုင်တယ်လို့သုတေသီပညာရှင်ကဆိုပါတယ်...

အခြေအနေကတော့ အတော့်ကိုဆိုးရွားပါတယ်၊အထူးသဖြင့်လူတွေအများဆုံးသုံးနေကြတဲ့တန်ဖိုးနည်းငွေစက္ကူတွေမှာ ပိုပိုးရောဂါပိုးတွေတွေ့ရပါတယ်လို့လည်း အဲဒီပညာရှင်ကဆက်ပြောပါတယ်။ ငွေစက္ကူအကြွေတွေရှားပါးလာလို့ အဲဒီငွေ
စက္ကူတွေ ပိုမိုဆုတ်ပြဲဟောင်းနွမ်းလာရတာဖြစ်ပြီး အနားတွေဖွာလာတာတို့ ဆုတ်ပြဲလို့တိပ်နဲ့ကပ်ထားတာတို့ကလည်း ရောဂါပိုးမွှားတွေကိုပွားများစေဖို့ပိုဖြစ်စေတယ်လို့ဆိုပါတယ်။

အထူးသဖြင့် ကုန်စိမ်းဈေးနဲ့သားငါးဈေးတွေမှာတွေ့ရတဲ့ငွေစက္ကူတွေမှာ အထက်ပါရောဂါပိုးမွှားတွေကိုပိုပြီးတွေ့ရတယ်လို့ဆိုပါတယ်။လူအများပြုလုပ်နေကျဖြစ်တဲ့ လက်ကိုတံတွေးဆွတ်ပြီးငွေစက္ကူတွေကိုရေတွက်တာကလည်းရောဂါပိုးတွေ
ကူးစေဖို့ အကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့်ရေတွက်တဲ့ သူတွေကိုလည်းကူးစက်နိုင်တာဖြစ်ပါတယ်။

ဓါတ်ခွဲခန်းမှာစမ်းသတ်ခဲ့တဲ့ငွေစက္ကအဟောင်းအနွမ်းအဆုတ်အပြဲ အရွက်၇၀ ရဲ့ ၈၀ ရာခိုင်နှုံးကျော်မှာ တီဘီရောဂါဖြစ်စေတဲ့ ပိုးမွှားတွေတွေ့ရပြီး ၆၅ ရာခိုင်နှုံးကတော့အဆုတ်အအေးမိရောဂါ၊လည်ချောင်းယောင်ရောဂါနဲ့ အစာအိမ်ရောဂါတို့ဖြစ်ပွားစေတဲ့ပိုးမွှားတွေ တွေ့ရပါတယ်တဲ့....

တန်ဖိုးနည်းငွေစက္ကူရွက်တွေမှာပိုးမွှားတွေပါတယ်ဆိုလို့ တန်ဖိုးကြီးတဲ့ငွေစက္ကူတွေမှာတော့ မပါနိုင်ဘူးလို့မဆိုလိုပါဘူးလို့လည်း ပညာရှင်တွေကဆိုပါတယ်။ သူတို့ကငွေစက္ကူအဟောင်းအနွမ်းတွေကို အချိန်ကြာမြင့်စွာမကိုင်တွယ်ထားသင့်ပါဘူး၊ ပြီးတော့
လက်မှာပြည်တည်နေတဲ့အနာ၊ ဒဏ်ရာရှိတဲ့သူတွေအနေနဲ့လည်း ငွေစက္ကူတွေကိုမကိုင်တွယ်သင့်ပါဘူးလို့အကြံပြုခဲ့ကြပါတယ်။

Sunday, June 14, 2009

“ ကော်ဖီထဲက Caffeine ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ”

ကော်ဖီမှာ ကဖင်း(Caffeine) ဓါတ်ပါတာကိုတော့ ကော်ဖီသောက်တဲ့လူတိုင်းလိုလို သိကြပါတယ်။ Caffeine ကိုစိတ်တက်ကြွစေသောအရာ၊ အိပ်ချင်ပြေစေသောအရာ တစ်ခုအဖြစ်လူသိများကြပါတယ်။ Caffeine ပါတဲ့အစားအစာတွေ အများကြီးရှိပါတယ်။ လူသိများတဲ့အစားအစာတချို့ကိုပြောရရင်တော့ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ(Cocacola) စသဖြင့်ရှိကြပါတယ်။

Caffeine ၏ကောင်းသော အာနိသင်များ

Caffeine ပါတဲ့ အစားအစာတစ်ခုခုကိုစားသောက်လိုက်ရင် လူရဲ့အူလမ်းကြောင်းကနေတဆင့် သွေးထဲကိုတဖြည်းဖြည်းဝင်ရောက်သွားပြီး စားသောက်ပြီး ၁နာရီအကြာမှာ Caffeine ရဲ့အာနိသင်အမြင့်ဆုံးကို ခံစားရပါတယ်။ Caffeine ဓါတ်ဟာလူကိုအတန်ငယ်နိုးကြားဖျတ်လတ်စေနိုင်ပြီး၊ နှလုံးခုန်နှုန်းကိုလည်း မြန်စေပါတယ် (ဒါကြောင့်နှလုံးရောဂါရှိသူတွေ ကော်ဖီသောက်သုံးရင် ရင်တုန်တာတို့၊ ရင်ဘတ်အောင့်တာတို့ ဖြစ်တတ်တာပါ) ။ Caffeine ဟာဦးဏှောက်ကိုလည်း အကျိုးသက်ရောက်မှုပေးပါတယ်။ အဲဒါတွေကတော့ စိတ်ဓါတ်တက်ကြွစေခြင်း၊ ပင်ပန်းမှုကိုလျော့ကျစေနိုင်ခြင်း၊ အာရုံစူးစိုက်မှု ပိုမိုအားကောင်းစေခြင်း စသည်တို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အသက်ရှူနှုန်းနဲ့ လူ့ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် တို့ကိုလည်းမြန်စေပါတယ်။ ဒါကြောင့် အိပ်ခါနီးကော်ဖီသောက်ရင် အိပ်မပျော်တာတွေ ဖြစ်စေတာပါ။

Caffeine ကိုစွန့်ထုတ်ပုံ

Caffeine ရဲ့အာနိသင်သက်ရောက်မှုနဲ့ ကြာမြင့်ချိန်ဟာ လူတစ်ဦးနဲ့တစ်ဦး အရပ်အနိမ့်အမြင့်၊ အသက်အရွယ်၊ ယောကျာ်းမိန်းမစသဖြင့် ကွဲပြားကြပါတယ်။ Caffeineကို အသည်းမှခြေဖျက်ပေးပြီး ဆီးမှတဆင့်စွန့်ထုတ်ပါတယ်။

Caffeine၏အာနိသင် သက်ရောက်မှု

တချို့လူတွေက Caffeineဓါတ်ရဲ့အာနိသင်ကိုသူများထက် ပိုမိုခံစားလွယ်တဲ့သူတွေရှိသလို၊ တချို့ကြပြန်တော့လည်း Caffeine ဓါတ်ရဲ့အာနိသင် မသက်ရောက်တော့တာတွေလည်းရှိပါတယ်။ ဘယ်လိုလူတွေမှာ ဒီလိုအာနိသင်သက်ရောက်မှုမရှိတော့ဘူးလဲဆိုရင် တစ်နေ့ကို Caffeine ၆၀၀မီလီဂရမ်(ခန့်မှန်ခြေ ကော်ဖီ ၆ခွက်) လောက်နေ့စဉ်သောက်သုံးတဲ့သူတွေမှာ ဖြစ်နိုင်ပါတယ်။ အဲလိုလူတွေမှာ ခေါင်းမကြည်မလင်ဖြစ်ခြင်းတွေဖြစ်တတ်တဲ့အပြင် အခြားဆေးတွေသောက်သုံးရင် အဲ့ဒီဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးကို ပိုမိုခံစားရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ကော်ဖီကိုအလွန်အကျွံသောက်သုံးရင် ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

တစ်နေ့ကိုကော်ဖီဘယ်လောက်ထိသောက်သုံးနိုင်မလဲ

၁၉၈၀ ခုနှစ်ကစတင်ခဲ့တဲ့ သုတေသနပြုမှုအရတော့ တစ်နေ့ကို Caffeine ၃၀၀မီလီဂရမ် (ခန့်မှန်းခြေ ကော်ဖီ၃ခွက်)လောက်အထိ သောက်သုံးနိုင်တယ်လို့ဆိုပါတယ်။ ဒီလောက်သောက်သုံးရင်တော့ ကျန်းမာရေးကိုထိခိုက်မှုမရှိနိုင်ဘူးလို့ဆိုပါတယ်။

Caffeine ဓါတ်ပါဝင်မှုနှုန်းများ

Espresso ကော်ဖီ - ၅၀၂ မီလီဂရမ်
ရိုးရိုးကော်ဖီ - ၈၂ မီလီဂရမ်
လက်ဖက်ရည် - ၄၇ မီလီဂရမ်

Caffeine ဓါတ်နှင့်ကျန်းမာရေး

- Caffeineဓါတ်ကို သင့်တင့်ယုံရရှိရင် အရိုးပွမှုကိုအသင့်အတင့်လျော့ကျစေနိုင်ပါတယ်။
- Caffeineဓါတ်လွန်ကဲစွာ သောက်သုံးသူ တွေမှာ ကိုယ်ဝန်ဖြစ်ပေါ်စေမှု နှောင့်နှေးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သင့်တင့်စွာသောက်သုံးရင် ကောင်းပေမယ့်၊ လွန်ကဲစွာသောက်သုံးရင်တော့ ကိုယ်ဝန်ပျက်ကျတာတို့၊ မွေးတဲ့ကလေး ပေါင်မပြည့်တာတို့ ဖြစ်စေနိုင်ပါတယ်။
- ၀ိတ်ချလိုသူတွေအတွက်တော့ Caffeineဓါတ်ဟာများစွာ အထောက်အကူပြုပါတယ်။ ဘာလို့လဲဆိုတော့ Caffeineဓါတ်ဟာ (Calories)ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးတဲ့အတွက်ကြောင့်ပါပဲ။

“8 စက်ရာမှာသတိထားစရာ”

၁။ နာရီနဲ့မအိပ်နဲ့
နာရီကနေ ရေဒီယိုသတ္တိကြွဓာတ်တွေထုတ်လွှတ်နိုင်ပါတယ်။ လက်ပတ်နာရီသေးသေးလေးဆိုပေမယ့် အကြာကြီးပတ်ထားပြီးအိပ်ရင် ကိုယ့်ကျန်းမားရေးကိုထိခိုက်နိုင်ပါတယ်။

၂။ဘရာနဲ့ မအိပ်နဲ့
အမေရိကန်က သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်ကတော့ အမျိုးသမီးတွေ ၁၂ နာရီထက်ပိုပြီး ဘရာစီယာဝတ်ရင် ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဘရာဝတ်ပြီး မအိပ်တာကောင်းပါတယ်။

၃။ဖုန်းနဲ့မအိပ်နဲ့
အိပ်ရာဘေး သို့မဟုတ် ကိုယ်နဲ့နီးရာမှာဖုန်းကို မထားပါနဲ့။ တချို့က လက်ကိုင်ဖုန်းကို နှိုးစက်နာရီအနေနဲ့ သုံးတတ်ကြတယ်။ တကယ်တော့ လက်ကိုင်ဖုန်းကို ကိုယ်နဲ့ ဝေးဝေးထားနိုင်သမျှ ထားသင့်တယ်။
လက်ကိုင်ဖုန်းတို့၊တီဗွီတို့ စတဲ့လျှပ်စစ်ဓာတ်နဲ့သုံးရတဲ့ ပစ္စည်းတွေကို သုံးနေရင်သံလိုက်လှိုင်းတွေ လွှင့်ထုတ်နေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုပါတယ်။ အဲဒီလှိုင်းတွေက လူတွေရဲ့ အာရုံကြောစနစ်ကိုဖျက်စီးတယ်၊ ထိခိုက်စေတယ်။ ဒါကြောင့် လက်ကိုင်ဖုန်း ကိုယ့်ဘေးထားအိပ်မယ်ဆိုရင်ပိတ်ထားတာပိုသင့်တော်ပါတယ်။

၎။မိတ်ကပ်နဲ့မအိပ်နဲ့
မိတ်ကပ်မဖျက်ဘဲ အိပ်တတ်တဲ့ မိန်းကလေးတွေအနေနဲ့ ကြာလာရင် အရေပြားပြဿနာ တစ်ခုခုတက်ပါလိမ့်မယ်။ မိတ်ကပ်မဖျက်ဘဲ အိပ်တော့ ချွေးပေါက်တွေပိတ်ပြီး အရေပြားအတွက်လိုအပ်တဲ့ အောင်စီဂျင်ကို မရတော့ပါဘူး။ အရေပြားထဲက ထွက်ရမယ့် အဆီတို့ ချွေးတို့လည်းမထွက်နိုင်တော့ဘူး။ မိတ်ကပ်မဖျက်ဘဲ အိပ်တော့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့လည်း အချိန်ပိုယူတတ်ပါတယ်။

Monday, May 25, 2009

“မှတ်သားထား”

*နံနက်စာ မစားသုံးခြင်း။*
နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏနည်းပါးတတ်ပါတယ်။သကြားဓာတ်
ပမာဏ နည်း လို့ ဦးနှောကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်လို့
ဦးနှောက်ကို ယိုယွင်းစေပါတယ်။

**အစားအလွန်အကျွံစားသုံးခြင်း။*
အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီး
စိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။(ဘူဖေးကောင်တာတွေမှာရေးထားတာလားမသိပါဘူး)

**ဆေးလိပ်သောက်ခြင်း။*
ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။(ဖြစ်ချင်မှဖြစ်မယ်ပေါ့လေ)

*သကြားအများအပြားစားသုံးခြင်း။*
သကြားစားသုံးမှုများလွန်တာဟာ ပရိုတိန်းနဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေလို့ အာဟာရ ဓာတ် ချို့ တဲ့ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို
အနှောင့် အယှက်ဖြစ်စေပါတယ်။

*လေထုညစ်ညမ်းခြင်း။*
ခန္ဒာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။
ညစ်ညမ်းတဲ့ လေထုကို ရှူလိုက် တဲ့ အခါ ဦးနှောက်ကို
အော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားလို့ ဦးနှောက်စွမ်းရည် လျော့ကျမှုဖြစ်ပွားတတ်
ပါ တယ်။
( ဦးဏှောက်ကိုအောက်ဆီဂျင်များများရချင်ရင် နှာဘူးတပ်လိုက်ပါ Nose Booster)

*အိပ်ရေးပျက်ခြင်း။*
အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ
ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။
(တစ်ညလုံးပဲ ငုတ်တုတ်ကွယ် စဉ်းစားကြည့်မိတယ် သူကိုယ့်ကိုညာဖြီး ....တွေ တွေးမနေနဲ့
အိပ်သာအိပ်လိုက်ပါ ။)

*ခေါင်းစွပ်နှင့်အိပ်ခြင်း။*
ခေါင်းစွပ်နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး
အောက်စီဂျက်စုစည်းမှုကို လျော့ကျစေတဲ့အတွက် ဦးနှောက်ပျက်စီးမှုကို
ဖြစ်စေနိုင်ပါတယ်။

*နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။*
နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်
ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။
(နေမကောင်းရင် ခွင့်ယူ့ဖြစ်အောင်ယူပါ)
*
**နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။*
ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။

Monday, April 27, 2009

“၀က်တုပ်ကွေးရောဂါ (Swine Flu) သတိပေးချက်”

ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ (Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။(ကျန်းမာရေး ဗဟုသုတ ပြန်ဝေမျှပါတယ်)

Swine Flu ဆိုတာ ဘာလည်း။

Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။

Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။

Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊ အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ့  အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။

Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu ရောဂါရရှိထားသူ၏ မျက်စိ၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း ကူးစက်နိုင်ပါတယ်။

Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။

ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန် ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။

Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။

မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့်  (သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။ မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။

ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့ သင့်ပါသလည်း။

Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။

- အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊ ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။

- Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊ အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့  အမြန်သွားရောက် ပြသသင့်ပါတယ်။

Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား။

ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။

Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။

အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။

Swine Flu ဖြစ်တဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိပါသလည်း။

ဒီ Swine Flu ရောဂါဖြစ်ပွားသူ - အမေရိကန်ပြည်ထောင်စုမှာ မနေ့ ကထိ စုစုပေါင်း (အယောက် ၂၀)၊ ကနေဒါမှာ (၆) ယောက်၊ မက်ဆီကိုမှာ အယောက် (၁၃၈၄) ဦး - သေဆုံးသူ (၈၁) ဦးတို့ ဖြစ်ပြီး၊ ရောဂါသံသယရှိဖွယ်တွေ့ ရှိမှုမှာ ပြင်သစ်မှာ (၁) ဦး၊ အစ္စရေးမှာ (၁) ဦး၊ နယူးဇီလန်မှာ (၁၀) ဦး၊ စပိန်မှာ (၇) ဦးတို့ ဖြစ်ပါတယ်။


လူတိုင်းလိုက်နာ ဆောင်ရွက်သင့်သည်မှာ -

(၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း

(၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း

(၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း

(၄) ကောင်းစွာ အိပ်စက်အနားယူခြင်း

(၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း

(၆) ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း

(၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း

တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။

ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန်

(၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန်

(၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန်

(၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန်

(၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန်

(၅) မူရင်းဇစ်မြစ်မသိသော ဝက်များကို ရောင်းချခြင်း မပြုရန်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်

(၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ င အထက် ချက်ပြုတ်စားသောက်ရန်

Sunday, April 26, 2009

“နီကိုတင်း ပီကေ စားခြင်းကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင် ”

နီကိုတင်း ဓာတ်ထည့်သွင်း ထားသော ပီကေများ ကာလကြာရှည် ၀ါးလေ့ ရှိသူသည် ကင်ဆာရောဂါ ကို ဖိတ်ခေါ် နေသည် နှင့် အတူတူပင် ဖြစ်ကြောင်း ဗြိတိန် ဆရာဝန်များ က ပြောကြား လိုက် သည်။

နီကိုတင်းဓါတ်သည် ဆေးလိပ် နှင့် စီးကရက် တို့တွင် အများဆုံး ပါဝင် လေ့ရှိပြီး အချို့က ပီကေအတွင်း ထည့်သွင်း သုံးစွဲ ထားလေ့ရှိသည်။ အဆိုပါ ပီကေများ ကို ရေရှည် စွဲပြီး စားသုံးခြင်းဖြင့် ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို နီးစပ်လာစေ နိုင်ကြောင်း လန်ဒန် တက္ကသိုလ် ရှိ ဒေါက်တာ မိုင်တက်တာ က ရှင်းပြခဲ့သည်။

FOXM1 ဆိုသည့် ခံတွင်း ကင်ဆာကို အားပေး သည့် ဗီဇဆဲလ်များ သည် နီကိုတင်း ကြောင့် ပိုမို နိုးကြား လာစေ တတ်ကြောင်း မိုင်တက်တာ က ဆိုသည်။ ၎င်းအနေ နှင့် ဆေးလိပ်ဖြတ်ရန် ပီကေ စားလေ့ ရှိသည့် အလေ့အထ ကို အားမပေးကြောင်း၊ ပီကေ သည်လည်း ဆေးလိပ် ကဲ့သို့ ကျန်းမာရေး အတွက် ထိခိုက်မှုများ ရှိစေ နိုင်ကြောင်း မိုင်တက်တာ က ပြောကြား ခဲ့သည်။

လန်ဒန် တက္ကသိုလ် မှ ဆရာဝန်များ သည် ပီကေကို ကာလရှည်ကြာစွာ စွဲစွဲမြဲမြဲ စားနေခဲ့သည့် လူနာ (၇၅) ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့ ၏ အာခံတွင်းရှိ ကင်ဆာ ဆန့်ကျင်သော သဘာဝ ကိုယ်ခံ စွမ်းအားများ ယုတ်လျော့ကျ ဆင်းသွား ကြောင်း ဖော်ထုတ် တွေ့ရှိနိုင်ခဲ့သည်။ (ဗဟုသုတဝေမျှပါသည်)

“အလွန်အကျွံ အိပ်စက်ခြင်းကြောင့် ဆီးချို ရောဂါ ဖြစ်နိုင် ”

(ဗဟုသုတဝေမျှပါသည်)

အချိန်ကာလ ကြာမြင့်စွာ အိပ်စက်ခြင်း သည် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို အနည်းငယ် တိုးလာစေ နိုင်ကြောင်း ဆရာဝန်များက သတိပေး လိုက်သည်။

ဆရာဝန်များ ၏ အဆိုအရ များများ အိပ်သော သူများ၊ အိပ်ရေး မ၀သည့် သူများပါ ဆီးချိုရောဂါ Level တိုးလာတတ်သည်ကို သတိပြုမိကြောင်း ဗြိတိန် သုတေသီ တဦးဖြစ်သည့် အိန်ဂျယ်လို ထရမ်ဘလေး က ပြောကြားလိုက်သည်။

Type 2 အမျိုးအစား ဆီးချို သည် အလွန်အကျွံ အိပ်စက်သူများတွင် သာမန်ထက် (၅၀) ရာခိုင်နှုန်းမျှ များပြားလာတတ်သည်ဟု ၎င်းကဆိုသည်။ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများသည် (၆) နှစ်အတွင်း လူနာ (၂၇၆) ဦးကို လေ့လာကာ ယခု ကောက်ချက်ကို ဖော်ထုတ်ခဲ့သည်။ Sleep Medicine ဂျာနယ်တွင် ဖော်ပြထားချက်အရ လူတဦးသည် တစ်နေ့လျှင် (၈) နာရီ ထက်ပို မအိပ်သင့်ဟု ပါရှိ ထောက်ပြထားသည်။

အိပ်စက်ခြင်းသည် ဦးနှောက်ကို အနားရစေသလို ကိုယ်ခံ စွမ်းအားကိုလည်း တိုးပွား လာစေကြောင်း၊ သို့သော်လည်း သင့်တော်သည်ထက် အလွန်အကျွံ အိပ်စက်ပါ ကမူ ဘေးထွက် ဆိုးကျိုးအချို့ ရှိလာ နိုင်ကြောင်း အိန်ဂျယ်လို က ပြောဆိုခဲ့သည်။ အိန်ဂျယ်လို က ယခု လေ့လာမှုအား ဆက်လက် သုတေသန ပြုလုပ် သွားဦးမည်ဟုလည်း ထုတ်ဖော် ပြောကြား သွားသည်။

Tuesday, March 31, 2009

“လည်ချောင်းနှင့် အစာပြွန်ကင်ဆာ”



ရေနွေးကြမ်းပူပူကို သောက်သုံးခြင်းသည် လည်ချောင်းနှင့် အစာပြွန်ကင်ဆာများ ဖြစ်ပွားစေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်ဟု
ဗြိတိသျှ ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်ရှိသည့် ရေနွေးကြမ်းပူပူနှင့် အခြား စွပ်ပြုတ်ပူပူများသည် လည်ချောင်းရှိ တစ်သျှူးများ ပျက်စီးစေသည့်အပြင် အစာပြွန်နံရံများကို ထိခိုက်ပျက်စီးစေကြောင်း သိရသည်။
ရေနွေးကြမ်းပူပူနှင့် အခြား စွပ်ပြုတ်ပူပူများကို အအေးမခံပဲ သောက်သုံးလေ့ရှိသူ အမျိုးသား၊ အမျိုးသမီး ၃၀၀ ကျော်အား သုတေသနပြု
လေ့လာခဲ့ရာ လည်ချောင်းနှင့် အစာပြွန်နံရံများရှိ တစ်သျှူးများ ပျက်စီးနေပြီး ကင်ဆာဖြစ်ပွားရန် ရာခိုင်နှုန်းများနေကြသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ရေနွေးကြမ်းနှင့် စွပ်ပြုတ်တို့ အပြင် အခြားသောအစား အစာများကို ပူပူလောင်လောက် နှင့်
အလျင်အမြန် မစားသင့်ကြောင်း အအေးခံကာ ပူနွေးရုံ စားသုံးသင့်ကြောင်း အကြံပြုထားသည်။

Wednesday, January 14, 2009

“ရေအေးအေး နှင့် ကင်ဆာ”

ရေအေးအေး ကြိုက်နှစ်သက်တဲ့သူတွေ အတွက် လုံးဝသက်ဆိုင်နေပါတယ်..
အစာစားပြီးတဲ့နောက် ရေအေးအေးတစ်ခွက်သောက်လိုက်ရခြင်းဟာ တကယ်ကောင်းပါတယ်..
ဒါပေမဲ့အစာစားပြီးတဲ့ နောက် ရေအေးအေးသောက်ခြင်းဟာ ကင်ဆာဖြစ်စေနိုင်တယ်လို့ သိရပါတယ်...
ရေအေးဟာ သင်စားလိုက်တဲ့ အဆီပါတဲ့ အစာတွေကို ခဲသွားစေပါတယ်... ပြီးတော့ အစာချေမှုကိုလည်း နှေးကွေးစေပါတယ်. နောက်တစ်ခါ အဆီခဲတွေဟာ ကိုယ်အတွင်းမှ အက်ဆစ်နဲ့ ဓါတ်ပြုမှုများဖြစ်ပေါ်ပြီး အူတွေရဲ့ စုပ်ယူမှုကို အစာမာတွေထက် ပိုမိုလျင်မြန်စွာ ခံရပါမယ်...
အဲဒီနောက်မှာ အူတွေထဲကို ရောက်ရှိသွားပါသွားပါတယ်တဲ့...
သိပ်မကြာခင်မှာ အဆီများအဖြစ် လုံးဝ ပြောင်းလဲပြီး ကင်ဆာဖြစ်ဖို့ ဦးတည်သွားပါတော့တယ်.
ဒါကြောင့် အစာစားပြီးနောက် စွပ်ပြုတ်ပူပူ တစ်ခွက် ဒါမှမဟုတ် ရေနွေးတစ်ခွက် သောက်ခြင်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်... (ဖတ်မှတ်ရသော ဗဟုသုတ များမှ ဖော်ပြပါသည်)

Wednesday, December 31, 2008

“မညှာတာသော အလုပ်ရှင်ကြောင့် လုပ်သားတို့တွင် နှလုံးရောဂါဖြစ်စေနိုင် ”

ဆွီဒင်သုတေသနအဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ ဆွီဒင်နိုင်ငံတွင် စာနာမှုကင်းမဲ့သော အလုပ်ရှင်တို့ကြောင့် အလုပ်သမား ၃၀၀၀ ကျော်ခန့်တွင် နှလုံးရောဂါဖြစ်ပွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ ကျွမ်းကျင်သူတို့၏အဆိုအရ လုပ်ငန်းခွင်တွင် အနှိမ်ခံရခြင်းနှင့် အားပေးချီးမြှင့်မှုမရှိခြင်းက စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေကာ ဆေးလိပ်သောက်ခြင်းကဲ့သို့သော ကျန်းမာရေးကို ထိခိုက်စေခဲ့သည်ဟုဆိုသည်။ မျှတမှုမရှိသော အလုပ်ရှင်ကြောင့် အလုပ်သမားအား သွေးပေါင်ချိန် တက်စေကာ နှလုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကို တိုးပွားစေနိုင်ခြင်းဖြစ်သည်။
စတော့ဟုမ်းတက္ကသိုလ်နှင့် Karolinska Institute မှ သုတေသနအဖွဲ့သည် အသက် ၁၉ နှစ်နှင့် ၇၀ ကြားရှိ အမျိုးသားလုပ်သားတို့၏ နှလုံးရောဂါဖြစ်ပွားမှုကို ဆယ်စုနှစ်တစ်စုခန့် ခြေရာခံကြည့်ခဲ့ရာ ထိုလုပ်သားတို့၏ အထက်မှ မန်နေဂျာများ၏ အစွမ်းအစနည်း၍ ဆက်ဆံမှု ပြေပြစ်ခြင်းမရှိသည့်အတွက် လုပ်သား ၂၅ ရာခိုင်နှုန်းမှာ နှလုံးရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။
သုတေသနအဖွဲ့၏အဆိုအရ မန်နေဂျာများအနေဖြင့် လုပ်သားတို့အား လုပ်ငန်းခွင်တွင် လုပ်ဆောင်ရမည့် အလုပ်နှင့် ပတ်သက်၍ ရှင်းလင်းစွာရှိစေပြီး လုပ်သားတို့အား ညွှန်ကြားစေခိုင်းရာတွင် အနှိမ်ခံရသည်ဟု ထင်မြင်နေခြင်းနှင့် လုပ်ငန်းဆိုင်ရာ အားပေးချီးမြှင့်မှု မရှိပါက စိတ်ဖိစီးမှုဝင်ကာ ဆေးလိပ်၊ အရက်သောက်ခြင်းနှင့် အာဟာရမပြည့်ဝသော အစားအစာ စားသုံးခြင်းကဲ့သို့ ကျန်းမာရေးကို ထိခိုက်စေသော အပြုအမူများကို ပြုမူလာစေခဲ့ပြီး ထိုမှတစ်ဆင့် နှလုံးရောဂါဖြစ်ပွားမှု ဘေးဥပဒ်တွင်းသို့ သက်ဆင်းကြရခြင်းဖြစ်သည်ဟု ဆိုသည်။ (ဗဟုသုတဝေမျှပါတယ်)