ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Showing posts with label ထွေရာလေးပါး. Show all posts
Showing posts with label ထွေရာလေးပါး. Show all posts

Friday, January 1, 2010

"နှစ်သစ်ဆုတောင်း"

ကမ္ဘာကြီးအတွက်..

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ..
သဘာဝဘေးဒဏ်တွေ နည်းပါးသော နှစ်သစ်ဖြစ်ပါစေ..
ကပ်ရောဂါတွေ ကင်းဝေးသော နှစ်သစ်ဖြစ်ပါစေ..
စစ်မက် ဖြစ်ပွားခြင်း ကင်းဝေးသော နှစ်သစ်ဖြစ်ပါစေ..

ဘိုးဘွားမိဘဆရာသမားအတွက်

ပျော်ရွင်မှုတွေ ပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ..
စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာသော နှစ်သစ်ဖြစ်ပါစေ..
ရောဂါဘယတွေ ကင်းဝေးသောနှစ်သစ်ဖြစ်ပါစေ..
စီးပွားလဒ်လာဘများ တိုးပွားသော နှစ်သစ်ဖြစ်ပါစေ..
မိမိချစ်သောသူများ သာသမီးမြေးမြစ်များနှစ် ပျော်ရွင်စွာ ဖြတ်သန်းနိုင်သော နှစ်သစ်ဖြစ်ပါစေ..

သူငယ်ချင်းများအတွက်..

လိုရာဆန္ဒတွေ ပြည့်ဝသောနှစ်သစ်ဖြစ်ပါစေ..
ကောင်းမွန်သော ပညာရေးရလဒ်များ ရရှိနိုင်ကြသော နှစ်သစ်ဖြစ်ပါစေ..
တိုင်းပြည့်အကျိုး ဘာသာ သာသနာအကျိုးကို ဉ်ီးဆောင်ဦးရွတ်ပြုနိုင်သော နှစ်သစ်ဖြစ်ပါစေ..
မိမိချစ်သောသူများနှင့် အတူတကွနေထိုင်နိုင်သော နှစ်သစ်ဖြစ်ပါစေ..
ချစ်သူမရှိသေးသူများ ချစ်သူရသောနှစ်သစ်ဖြစ်ပါစေ..(ဟီးး)
ချစ်သူရှိပီးသူများ မခွဲမခွာ ဆက်လက်ချစ်နိုင်ကြပါစေ...
ချစ်သူထံမှ အဖြေမရသေးသူများ အမြန်ရကြပါစေ..
လူပျိုကြီး အပျိုကြီးများ အမြန်စွံကြပါစေ..:P
အားလုံးအားလုံး လိုရာဆန္ဒတွေ ပြည့်ကြပါစေ..


လူသားအားလုံးတို့၏ ဆန္ဒတွေပြည့်ဝသော နှစ်သစ်ဖြစ်ပါစေ..အားလုံးအားလုံး Happy New Year ပါဗျာ

glitter-graphics.com

Friday, September 11, 2009

"ခင်ပွန်း၊ဇနီး၊သားသမီး၊မိဘ၊ချစ်သူ"


ခင်ပွန်း
တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။
ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။
သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။

သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။

တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ
ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။

ဇနီး
သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?
တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။
တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။
တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။
လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့
ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။

သားသမီး
သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?
ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။
စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့ နှသားသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။

သူကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။


မိဘ
အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။
ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့ သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။
သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်
ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့ ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။
လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။
အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။

မောင်နှမstand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။
အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။
အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။
တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ
ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။


ချစ်သူ
အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။

ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။
စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။
မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။
အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။
ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။
နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။
လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့ .....

Wednesday, August 19, 2009

"သတိမထား မိတဲ့ ဗဟုသုတလေးတွေ"

ဖော်ဝက်မေးတွေမှာလည်း တွေ့ဖူးမှာပါ .. သတိမထား မိတဲ့ ဗဟုသုတလေးတွေ

၁။နှလုံးကြွက်သားဟာ သွေးကို လေထဲကို ၁၅ မီတာအထိညှစ်ထုတ်နိုင်တယ်တဲ့....

၂။လူ့ ခန္ဓာကိုယ်မှာအသန်မာဆုံးကြွက်သားက လျှာပါတဲ့ဗျား.....

၃။မခုန်နိုင်တဲ့ တိရိစ္ဆာန် က ဆင်ပါတဲ့ဗျား..

၎။လိပ်ပြာတွေက ၀တ်ရည် ကိုခြေထောက်နဲ့စုပ်တာတဲ့နော်

၅။ခြင်မှာလည်းသွားရှိတယ်ဗျ

၆။ပိုလာဝက်ဝံတွေက ဘယ်သန်တွေနော်..ဟင်းဟင်း

၇။မိချောင်းတွေက လျှာထုတ်လို့မရဘူးဗျ

၈။ပိုးဟပ်ကလည်းအသက်ပြင်းတယ်...ခေါင်းပြတ်သွားတာတောင် နောက်ထပ်(၉)
ရက်အသက်ရှင်နိုင်တယ်တဲ့..ခေါင်းပြတ်သွားလို့အစာမစားနိုင်လို့သေရတာတဲ့

၉။လူနဲ့ လင်းပိုင်ပဲ လိင်ကိစ္စကို pleasure အနေနဲ့ ခံစားကြတယ်တဲ့..ဟီးဟီး

၁၀။ ၁၁၁၁၁၁၁၁၁*၁၁၁၁၁၁၁၁၁=၁၂၃၄၅၆၇၈၉၉၈၇၆၅၄၃၂၁

၁၁။မျက်စိမမှိတ်ပဲ နှာချေလို့မရဘူးနော့် (မရယ်နဲ့တကယ်ပြောနေတာ)

၁၂။Star fish တွေမှာဦးနှောက်မပါဘူးဗျ

၁၃။ဘဲတွေရဲ့အသံက echo မပါဘူးနော်..ဘာကြောင့်လဲ

၁၄။Cemetery ဆိုတာ ဂရိဘာသာစကား Koimetirion ကလာတာပါတဲ့ ..ဘာလဲဆိုတော့ 
အိပ်ခန်းတဲ့..

၁၅။ဖဲချပ်မှာပါတဲ့ King တွေဟာ သမိုင်းမှာ တကယ်ရှိခဲ့တဲ့ ဘုရင်တွေကို
ကိုယ်စားပြုပါတယ်တဲ့

Spades:King David
Clubs:Alexander The Great
Hearts:Charlemagne
Diamonds:Julius Cesar

၁၆။ပန်းခြံတွေမှာတွေ့ ရတဲ့ မြင်းစီးစစ်သည်ရုပ်တုတွေရဲ့ မြင်းရဲ့ခြေထောက်
(၁) ဖက်ဟာလေထဲမှာရှိနေရင် အဲဒီစစ်သည်ဟာ စစ်ပွဲမှာ ရတဲ့ဒဏ်ရာကြောင့်
သေတာတဲ့၊ (၂)ဖက် လေထဲမှာ ရှိနေရင်စစ်ပွဲမှာကျတာပါတဲ့၊ (၄) ဖက်လုံး
မြေပေါ်မှာ ရှိနေရင်တော့ ရိုးရိုးသေတာပါတဲ့
(ကဲ...ပန်းခြံတွေရောက်ရင်သေချာကြည့်ဖို့မနေ့ ကြနဲ့နော်)
(ရုပ်တုကိုကြည့်ဖို့ပြောတာနော်)

၁၇။ဟိုးရှေးရှေးတုန်းက အင်္ဂလန်မှာ ဘုရင့် ရဲ့အမိန့် မရပဲ
ပြည်သူပြည်သားတွေဟာ လိင်ဆက်ဆံလို့မရကြပါဘူးတဲ့... သူတို့ဟာ
ကလေးလိုချင်ရင် ဘုရင့်ခွင့်ပြုချက်ရမှ...အဲဒီခွင့်ပြုချက်ကို
အိမ်တံခါးဝမှာချိတ်ပြီး လိင်ဆက်ဆံမှုပြုရပါတယ်တဲ့...
ဟီးဟီး..တစ်မျိုးပဲနော်
အဲဒီ Plague ကတော့ဒီလိုလေးပါ... "Fornication Under Consent of the King" (fuck)
(ရိုင်းတယ်လို့မထင်စေချင်ပါ... သိစေချင်လို့တင်ပြပေးတာပါခင်ဗျာ...)

၁၈။အင်္ဂလိပ်တွေ သြစတေးလျကို စပြီးခြေချကြတော့ သားပိုက်ကောင်ကို
ဘယ်လိုခေါ်သလဲလို့ စမေးကြပါတယ်တဲ့.... ဒေသခံ သြစတေးလျန်းတွေက "Kan Ghu Ru"
လို့ဖြေကြပါတယ်
ဒါနဲ့ပဲ..ကိုရွှေဥာဏ်ကြီးရှင်တွေက သားပိုက်ကောင်ကို "Kangaroo" လို့
ခေါ်ဝေါ်သမုတ်ခဲ့ပါတယ် သြစတေးလျန်းတွေပြောတဲ့ "Kan Ghu Ru" ဆိုတာက "We
don"t understand you " ပါတဲ့ဗျား..

၁၉။ကိုယ့်တံတောင်ဆစ်ကို ကိုယ့်လျှာနဲ့ကိုယ် လျက်ကြည့်ကြစမ်းပါ..ရလားမသိဘူး

၂၀။ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ
ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed"
လို့ရေးပြီးပြန်လာကြပါတယ်တဲ့....အဲဒီကနေ ယခုကျွန်တော်တို့တွေ ပြောနေတဲ့
"OK "ဆိုတာ ဖြစ်လာတာပါ.

Friday, July 17, 2009

"အပြန်အလှန် မိန်းမ သီအိုရီ"

ဘယ်သူကိုမှ မရည်ရွယ်ပါ .. :P
If you kiss her, you are not gentlemen
သင်ကသူ့ကိုနမ်းလိုက်ရင်... သင်ဟာလူကြီးလူကောင်းမဆန်သူ
If you don't, you are not a man
မနမ်းတဲ့အခါ... သင်ဟာ ယောင်္ကျားမဟုတ်
If you praise her, she thinks you are lying
သင်ကသူ့ကိုချီးကျူးလိုက်ရင်... သင်လိမ်နေတယ်လို့ထင်တယ်..
If you don't, you are good for nothing
မချီးကျူးပဲနေပြန်တော့... သင်ဟာ အသုံးမကျတဲ့သူ...
If you agree to all her likes, she is abusing
သူမကြိုက်တာတွေကိုသင်အာလုံးသဘော
တူရင်... သူမကောင်းပြောတော့မယ်
If you don't you are not understanding
သဘောမတူပဲနေပြန်တော့... သင်ဟာနားလည်းမှုမရှိသူ....
If you visit her too often, she thinks it is boring
သူဆီကိုသင်မကြာခဏအလည်သွားရင်... သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်...
If you don't, she accuses you of double crossing
မသွားပြန်ရင်တော့... အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်...
If you are well dressed, she says you are a playboy
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... သင်ဟာ စတိုင်များသူလို့
သူပြောမယ်
If you don't, you are a dull boy
မ၀တ်စားပြန်တော့... သင်ဟာ ခပ်တုံးတုံးကောင်
If you are jealous, she says it's bad
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်... အဲဒါမကောင်းဘူးလို့ သူပြောမယ်...
If you don't, she thinks you don't love her
အလိုမဖြစ်ပြန်တော့... သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
If you attempt a romance, she says you didn't respect her
သင်ကချစ်လို့တီတီတာတာလုပ်ရင်... သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့
ပြောမယ်..
If you don't, she thinks you don't like her
မလုပ်ပြန်တော့... သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်...
If you kiss her once in a while, she professes you are cold
သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်... သင်ဟာ
သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
If you kiss her too many, she yells that you are taking advantage
ခဏခဏနမ်းပြန်တော့... သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..
If you fail to help her in crossing the street, you lack ethics
သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်... သင်ဟာ
ယဉ်ကျေးမူမရှိသူ...
If you do, she thinks it's just one of the man's tactics
အလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်...
If you stare at other, she accuses you of flirting
သင်ကတခြားသူကိုငေးမိ၇င်... သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
If she is stared by others, she says that they are just admiring
သူမကိုတခြားသူကငေးမိရင်တော့... လေးစားလို့ကြည့်တာပါလို့ ပြောမယ်...
If she talks, she wants you to listen
သူမစကားပြောတဲ့အခါ ... သင့်ကိုနားထောင်စေချင်တယ်...
If you listen, she wants you to talk
သင်နားထောင်တဲ့အခါ... သင်ကို စကားပြောစေချင်ပြန်ရော...

In Short:
အတိုချုပ်ရင်
So simple, yet so complex
ရိုးရှင်းသလောက် ရှုပ်ထွေးသူ
So weak, yet so powerful
အားနည်းသလောက် စွမ်းအားရှိသူ
So confusing, yet so desirable ... women!
စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ... မိန်းမ !!!!

Monday, May 11, 2009

“ဘာပဲပြောပြော ဒို့နိုင်ငံ”

(ဖတ်ရင်း ပြန်တင်ချင်စိတ်ပေါက်လာလို့ ဝေလိုက်ပါတယ်)

မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊ ဂွေးသီးချဉ်စပ်၊

ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။ လက်တွန်းလှည်းထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ်

ရေဓာတ် နေဓာတ်ကို သဘာဝကျကျ ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။ ဘာ

မဆလာတွေသုံး၊ ဘာ အရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။

ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက် သဘာဝနဲ့

နီးစပ်သလဲ။ နိုင်ငံခြားမှာ ရလို့လား။ တွေဝေမနေနဲ့ တရုတ်တန်းသွား တုတ်ထိုးလေး

စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့ ချန်ထားရတာ။ ဘာနဲ့ သေလို့

သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။ အရသာ ရှိလေစွ။ မနေ့က တနေ့က

ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့ တွယ်သာ တွယ်လိုက်။ ဘာမှတောင်

သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး

ဝယ်သောက်လိုက်ဦး။ ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့

သံပုရာသီး ဖျော်ရည်လေးကို ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊

အခါတစ်သောင်းလောက် ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။

မော့ပေရော့ လတ်လတ်ဆတ်ဆတ်။ တော်ပြီလား ကြံရည်လေးလည်း သောက်သွားဦး။

ယင်ကောင်က တလောင်းလောင်းနဲ့ အဖတ်စစ်တဲ့ အဝတ်က ဘယ်နှစ်ရက် မလျှော်ဘဲထားတဲ့

လက်နှီးစုတ်မှန်း မသိဘူး။ ကြံတွေ ဘယ်က ယူလာသလဲ ဆိုတာလည်း ကြည့်လိုက်ဦး

ခြေနင်းပတ်မှာ ပိုးလိုးပက်လက်။ မြေဓာတ်ကို အပြည့်အဝ ယူထားတာ။ ရလား စင်္ကာပူမှာ။

ကြာပါတယ် အဆင်ပြေတုန်း လက်သုပ်စုံလေးပါ ဆွဲလိုက်။ ကားတွေက ဘေးနားမှာ တဝီဝီ၊

လက်တဝါးစာ ထိုင်ခုံပေါ်က ကျွံထွက်နေတဲ့ဖင် ကားနဲ့ မချိတ်မိရင် ကံကောင်း။ အမယ်

ငရုတ်ဆီတွေများ ဘယ်သူက တားထားထား စားနေကြတာက တရွှဲရွှဲနဲ့ နီရဲနေတာပဲ။

နယ်ဖတ်နေတဲ့ လက်ကြီး ကြည့်ပြန်တော့ ဂျုံနယ်သမား လိုပဲ။ တခါနယ်ပြီးတိုင်း ပလုံဆို

ဘေးနားက ရေပုံးခပ်စုတ်စုတ်ထဲ လက်ကို ဆင်းစိမ်လိုက်သေးတယ်။ ပြီးရင် ဂျီးဗလပွနဲ့

လက်နှီးစုတ်ကို သုတ်တယ်။ ကံကောင်းရင် အန်တီ နှံ့နှံ့လေး နယ်ပေးနော်။ ဒါမှ

စားကောင်းတာဆိုတဲ့ သောက်ပျင်းထူထူ မိန်းမတွေကို စားရင်းသောက်ရင်း ငေးလို့ရသေးတယ်။

ဒါပေမယ့်လည်း အဲလိုနေရာတွေ သိပ်ကြာကြာမနေနဲ့။ လူဗွက်ပေါက်နေတဲ့ လမ်းတလျှောက်

ကြော်လှော်နေကြတဲ့ ဆီပူအိုးတွေ ဆီပူအိုးတွေဆိုတာ။ ဖိုင်နယ်ဒစ်စတီနေရှင်း နောက်ဆက်တွဲတွေ

မြန်မာပြည်မှာ ရိုက်ကောင်း ရိုက်နေရဦးမယ်။ အိမ်ပြန်တဲ့အခါလည်း လမ်းလျှောက်ပြန်ဖို့တော့

မစဉ်းစားနဲ့။ ကားပေါ်ကနေ ပြစ်ခနဲ ထွေးလိုက်တဲ့ ကွမ်းသွေးတွေ သလိပ်ဖတ်တွေ ထိနေမယ်။

လိုင်းကားလေးနဲ့ပြန်။ ကားနဲ့ ပြန်တယ်ဆိုပြီးတော့ ဟိုဟိုဒီဒီ လျှောက်မကိုင်နဲ့ဦး၊ သူများရဲ့

ပီကေဖတ်တွေ၊ ချွဲတွေ လက်မှာ ပေကုန်မယ်။ အိမ်ပြန်ရောက်ရင် ညဘက် အင်စတန့်

ကော်ဖီလေးလည်း သောက်လိုက်ဦး။ ဘာဓာတ်တွေ ဘယ်လိုအချိုးနဲ့ ပါနေမှန်းတော့ မသိဘူး။

သောက်ကောင်းတာပဲ။ သေကာမှ သေရော။ ကြော်ငြာထားတာတွေကလည်း အလွန်။ မျိုမချပါနဲ့

ငုံထားပါ ဆိုလား ဘာလား။ ထားတော့ ကော်ဖီမကြိုက်ရင် ဘီယာဆိုင်သွား။ အိမ်မှာနေလဲ

မီးပျက်နေမှာပဲ။ မထူးဘူး လင်းလင်းချင်းချင်း ရှိတဲ့ ဘီယာဆိုင်လေးသွားပြီး အချိန်ဖြုန်းလိုက်။

တစ်ခွက် ၇၀၀ သောက်လိုက်စမ်းပါ ၆ခွက်လောက်တော့။ ဘာအရေးလဲ။ အသားကင်တွေ စားရင်

ကင်ဆာဖြစ်တယ်ဆိုတာ မိုးလုံးပြည့် မုသာဝါဒတွေပဲ ဖြစ်မှာပဲ။ ဒီတော့ ဝက်နံကင်လေး၊

ကြက်ဖင်ဆီဖူးကင်လေး၊ ငါးကင်လေး နဲ့ ဆွဲပစ်လိုက်။ အချိန်မတော် ပြန်လာလို့ အိမ်က

တံခါးမဖွင့်ပေးဘူးလား။ အနှိပ်ခန်း သွားအိပ်လို့ ရသေးတယ်။ မှိုလိုပေါက်နေတာ ဘာအရေးလဲ။

ဝါသနာပါရင် ဝါသနာပါရင်.. အင်း အခန်းထဲ ထမင်းဟင်း မှာစားလို့ ရသေးတယ်လို့ ပြောမလို့။ ကဲ

အိမ်ပြန်ရောက်ပြီး စာအုပ်လေးဖတ်ရင်း ခံတွင်းလေးဟာလာရင် လက်ဖက်သုတ်လေး ဝါးချင်ဝါးလို့

ရသေးတယ်။ အောင်မလေး ဆိုးဆေးတွေ စိမ်ဆေးတွေဆိုတာ အခုမှ ကြောက်နေကြတာ ကိုယ့်လူ။

တမြန်နှစ်က ကျုပ်ကြီးတော်ကြီး သေတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။ ဒီလိုပဲ ဘာမှ

မသိသေးတော့ သေရိုးသေစဉ်ပေါ့။ မြေချတော့တောင် သူကြိုက်တတ်တဲ့ လက်ဖက်လေး

ထည့်ပေးလိုက်သေးတယ်။ လက်ဖက်သားလေးတွေဆိုတာ ဝင်းလို့။ အညွန့်လေးတွေဆိုတာ

တောင့်လို့ ကော့လို့။ အလောင်းပြန်တူးပြီး တရားစွဲရ အခုဆို နိုင်ချင်နိုင်ဦးမှာပ။ ဘာအရေးလဲ။

ကိုယ်ကြိုက်တာလေးစားပြီး သေသွားတာ ကျေနပ်စရာကြီး မဟုတ်ဘူးလား။ နိုင်ငံခြားမှာ

အဆင့်ဆင့် စစ်ဆေးမှုတွေနဲ့ စည်းကမ်းတွေက တင်းကျပ်၊ စနစ်တွေက မြင့်မား ခင်ဗျားတို့

စားချင်တာ စားရလို့လား။ တစ်နေ့ထမင်း တစ်နေ့ဟင်း ကိုယ်တိုင် ဈေးသွားပြီး ဝယ်ကြည့်လိုက်ဦး။

Wet Market ဆိုတာကို ဗွက်မားကတ်လို့ နာမည်တော့ တလွဲတွေ လာမပေးကြနဲ့။

သားဈေးငါးဈေးသွားတာ ဟန်လုပ်ဖို့မှ မလိုတာ။ အသက်လေး အောင့်တတ်ရင်

ခြေဖျားလေးထောက်ပြီး သွားတတ်ရင်၊ နားသည်းခံနိုင်ရင် လတ်လတ်ဆတ်ဆတ် အကုန်ရတယ်။

ဘယ်လောက်ကောင်းတဲ့ ရွှေနိုင်ငံလဲ။ မြန်မာပြည်မှာ နေရတာ ကောင်းတယ်။ ဆက်ရေးချင်ပေမယ့်

မီးပျက်နေလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တယ်။ ဒါလေးဖတ်ပြီး မြန်မာပြည် ပြန်လာချင်စိတ်တွေ

ပေါက်သွားရင် တော့ချက်ချင်းသာ ပြန်ပေတော့ သူငယ်ချင်း (:P:D)။

Saturday, May 9, 2009

“အသဲကွဲတာကို ဒီလိုဖြေသိမ့်ပါ”

ဂရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။ (ဖတ်ရတာ ကောင်းလို့ ပြန်ဝေလိုက်ပါတယ်)

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
ဆိုကရေးတီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
ဆိုကရေးတီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
ဆိုကရေးတီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
ဆိုကရေးတီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
ဆိုကရေးတီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
ဆိုကရေးတီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
ဆိုကရေးတီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
ဆိုကရေးတီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
ဆိုကရေးတီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
ဆိုကရေးတီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
ဆိုကရေးတီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
ဆိုကရေးတီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
ဆိုကရေးတီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
ဆိုကရေးတီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
ဆိုကရေးတီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
ဆိုကရေးတီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
ဆိုကရေးတီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
ဆိုကရေးတီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

လူငယ်....ဘာဖြစ်လို့လဲ....?
ဆိုကရေးတီး.... သူက ကိုယ့်ကို သစ္စာတွေပေးခဲ့လို့ပဲ။ ကိုယ့်ကို အသစ်တစ်ဖန် ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို သူက ပေးခဲ့လို့ပါပဲ။

Monday, April 27, 2009

“မိန်းမတွေရဲ့စကား ဘာသာပြန်အဘိဓာန်”

မိန်းမအပြော - ကျုပ်တို့စကားပြောကြရအောင် ။
ဆိုလိုရင်းအစစ် - ကျုပ်ရှင့်ကိုမကျေနပ်တာတွေရှိတယ် ။
မိန်းမအပြော - မီးဖိုချောင်ကက သိပ်အဆင်မပြောတာ့ဘူး ။
ဆိုလိုရင်းအစစ် - အိမ်အသစ်လိုချင်တယ် ။
မိန်းမအပြော - ရှင်ကျွှန်မကိုချစ်လားဟင် ။?
ဆိုလိုရင်းအစစ် - ဈေးကြီးတာတွေဝယ်ခိုင်းချင်လိုက်တာ ။
မိန်းမအပြော - ကျွှန်မ၀သလာဟင် ၊ ?
ဆိုလိုရင်းအစစ် - ကျွှန်မကိုလှလိုက် တာလို့ ပြောပေးပါ ၊
မိန်းမအပြာ - တစ်မိနစ်ဆို အဆင့်သင့်ဖြစ်နေပါပြီး ၊
ဆိုလိုရင်းအစစ် - ရှင့်ဖိနပ်ကြီး ပြန်ချွှတ်ပြီး တစ်ရေးမှေးလိုက်ပါဦး ၊
အဲလို ဆိုတာ တကယ်ပဲ လား :P:D

Saturday, April 25, 2009

“ကာရန်လေးတွေနဲ့ ဘ၀ကြင်ဖော်”

ကောင်မလေးတွေ မှတ်သားသင့်တယ်နော် :P:D ဖတ်ခဲ့ရတာလေး ပြန်ဝေပါတယ်.....

" အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ "

" ကညာမွန် အညာလွန် ချင်ရင် *ဆရာဝန်* ကိုရွေးပါ "

" ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ "

" အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆရာ* ကတော် လုပ်ပါ "

" ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေရင် *ပြည်သူ့ ရဲ* တောင်မစဉ်းစားနဲ့ "

" အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ့ "

" အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်ရင် *နတ်ကတော်* လည်းမရွေးနဲ့ "

" အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်ရင် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစားနဲ "့

" ကုန်တာမှိုင် လိုရာမပိုင်ရရင် *ပိုင်၇ှင် လည်း အလျှော့မပေးနဲ့ "

" အဖြီးအပြတ်လှော် မီးသတ်မတော်ရင်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ "

" ရမက်တပ်ရစ် အရက်မပြတ်ကစ်ရင် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ "

" ရတက်ဖြစ်အရေး လက်ဖက်ရည် ကစ်ရေး ဆိုရင် *ဆက်သွယ်ရေး* ကောင်လည်း မရွေးနဲ့ "့ 

" ယမင်းအပျော်ထား အတင်းပျော်အား နေရင် *သဘောင်္သား** *ကိုလည်း ရေုာင်ပါ "

" ရှာသမျှ ကုန်မယ်ဆိုရင် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ "

" မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ရေုာ့** *့ဆရာလည်း မရွေးနဲ့"

"နောင်မပူ ပြီးစီးမယ်ဆိုရင် *တောင်သူဦးကြီး *များကို စဉ်းစားပါ"

Monday, April 20, 2009

“ကြင်နာစိတ်ကို မစွန့်ပစ်နဲ့”

(တကယ် ရှိသင့်တဲ့ စိတ်လေးပါပဲ ဗဟုသုတ ပြန်လည်ဝေမျှပါတယ် )
လူ့ဘဝတစ်လျှောက်မှာ ကိုယ့်ကို စိတ်ညစ်အောင် လုပ်တဲ့သူ၊ စိတ်မချမ်းမသာ ဒေါသထွက်အောင် လုပ်တဲ့လူတွေနဲ့ လူတိုင်းကြုံရမှာ ဧကန်မလွဲပါ။ အလုပ်မှာလည်း ဒီအလုပ်ကို ကိုယ်လိုချင်လို့ မတတ်သာဘဲ သည်းခံရတဲ့အချိန်တွေ ရှိကြသလို တစ်ခါတလေ လှည့်ထွက်နိုင်တဲ့ အင်အားရှိခဲ့ရင် သည်းမခံ နောက်လှည့်မကြည့်ဘဲ ထထွက်နိုင်တဲ့အချိန်လည်း ရှိကြတယ်။ ဘယ်လိုပဲကြုံကြုံ အဲဒီလို အာဃာတ မနာလိုစိတ်နဲ့ ကြုံတဲ့အခါ ကိုယ့်ရဲ့ကြင်နာစိတ်ကို မစွန့်ပစ်မိဖို့ လိုပါလိမ့်မယ်။

တစ်ခြားလူက ကိုယ့်ကိုဘယ်လိုပဲ နာကျင်အောင် လုပ်ပါစေ.. ကိုယ်ဟာကိုယ်ပါပဲ။ တစ်ခြားလူရဲ့ နာကျင်စေမှုနဲ့ ကိုယ့်အပြုအမှုကို မပြောင်းလဲမိပါစေနဲ့။ ကိုယ် ကိုယ်တိုင်ကလွဲပြီး တစ်ခြားလူက ကိုယ့်ကို မပြောင်းလဲနိုင်ပါဘူး။ တကယ်လို့ ထိခိုက်နာကျင်ပြီး ဒေါသထွက်တယ်၊ ကလဲ့စားချေဖို့ ဆုံးဖြတ်မယ်ဆိုရင် ကိုယ်ဟာဒေါသရဲ့ ဝါးမြိုမှုကို ခံနေရပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဟာ တစ်ခြားလူကို ထိခိုက်နာကျင်စေမယ့် ရက်စက်တဲ့ လူ့အသွင်ကို ပြောင်းသွားပါလိမ့်မယ်။

ဒီလိုအဖြစ်မျိုး ကြုံလာတဲ့အခါ ကျွန်တော်တို့ လုပ်နိုင်တဲ့တစ်ခုတည်းသော အလုပ်က သူနဲ့ကိုယ့်ကြားမှာ နံရံတစ်ခု ခံထားလိုက်ဖို့ပါပဲ။ တစ်ခြားသူပြုမှုလာတဲ့ မနာလိုစိတ်၊ မကောင်းစိတ်မှန်သမျှကို နံရံတစ်ဖက်မှာ ချန်ထားခဲ့ပါ။ ကိုယ့်စိတ်ကို ထိခိုက်နာကျင်စေဖို့ တစ်ခြားလူရဲ့ "မကောင်းစိတ်" ကို အခွင့်အရေးပေးပြီး နံရံကို မကျော်လိုက်ပါစေနဲ့။

ကိုယ့်ကို စိတ်တို၊ စိတ်ဆင်းရဲအောင် လုပ်ပြီး ကိုယ့်ဒေါသရဲ့တုန့်ပြန်မှုတွေ လိုချင်နေသူတွေအတွက် ကိုယ်ရဲ့တန်ဖိုးရှိတဲ့အချိန်ကို မပေးလိုက်ပါနဲ့။ တစ်ခုမှတ်ထားဖို့က ဒီလောကမှာ ကိုယ့်ပြိုင်ဖက်က ကိုယ့်ကို အလဲဖြိုချင်တဲ့လူတွေ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သာဖြစ်တယ်။ ကိုယ့်ပြိုင်ဖက်က ကိုယ့်ကိုနောက်ကျအောင် ခြေထိုးခံသူတွေ မဟုတ်ဘဲ အလုပ်အပေါ် ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ တာဝန်သာဖြစ်တယ်။

လူတိုင်း ကိုယ့်ကိုချစ်ခင်လာအောင် လုပ်ဖို့ရာ မစွမ်းသာပါဘူး။ ဒါပေမယ့် ကိုယ်လုပ်နိုင်တဲ့ တစ်ခုတည်းသော အလုပ်က ရည်ရွယ်ချက် ပန်းတိုင်တစ်ခုထားပါ။ အဲဒီပန်းတိုင်ကို ဦးတည်ပြီး ရှေ့ဆက်ပါ။ ကိုယ်ရှေ့ရောက်မှာစိုးလို့ တွန်းလဲသူ၊ ခြေထိုးခံသူတွေက ကိုယ်အောင်မြင်မှု ပန်းတိုင်မရောက်ခင် ရှိသင့်တဲ့ အစမ်းအသပ်တွေလို့ သဘောထားပါ။ လမ်းတစ်ဝက်မှာ ရပ်နားပြီး အဲဒီလူတွေနဲ့ ရန်မဖြစ်ပါနဲ့၊ ရင်ဆိုင် မတိုက်ခိုက်ပါနဲ့။ အဲဒီဒေါသတွေကမှ အောင်မြင်မှုပန်းတိုင်ကို ရောက်ဖို့ ကိုယ်ရှေ့ဆက်မယ့် လမ်းပေါ်က အတားအဆီးတွေ ဖြစ်ပါတယ်။

Sunday, March 8, 2009

“မြန်မာနိုင်ငံကမြို့လေးတွေ”

အပျင်းပြေဖြေကြည့်ပေါ့နော် ..အောက်မှာ အဖြေပေးထားပါတယ် ..ပျော်ရွင်ပါစေဗျာ......

(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
(၄)လူကြီးမဖြစ်သေးတဲ့မြို့
(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
(၇)ဆင်တွေကတဲ့မြို့
(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
(၁၁)ဖားကောက်ခိုင်းတဲ့မြို့
(၁၂)လေဘေးထည်မြို့
(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
(၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
(၁၇)အဲ့ဒီမြို့က ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့....

အဖြေ............................

(၁) မြစ်သားမြို့
(၂)ဆိတ်ဖြူ / ၀က်လက်
(၃)၀မ်းတွင်းမြို့
(၄)ကလေး
(၅)မင်းကင်း
(၆)ကြံခင်း
(၇)ကျောက်ဆည်
(၈)ရေး
(၉)ချောက်
(၁၀)ခင်ဦး
(၁၁)မိတ်ထိလာ
(၁၂)ဖျာပုံ
(၁၃)၀ါးခယ်မ
(၁၄)သပိတ်ကျင်း
(၁၅)ဒလ
(၁၆)ထီးချိုင့်
(၁၇)မိုးကောင်း

Saturday, February 14, 2009

“လက်ဆောင်လေးများ၏ အဓိပ္ပါယ်”

၁။ ကိုယ့်ကို အမြဲသတိရနေပါ

အလှစိုက်ပန်းပင်............ ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
ဦးထုပ်......................... မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၂။ မင်းရဲ့ရည်ရွယ်ချက်အောင်မြင်အောင် ဆုတောင်းပေးနေမယ်

စက္ကူကြိုးကြာရုပ်တစ်ထောင်........ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
စက္ကူရောင်စုံကြယ်ရုပ်တစ်ထောင်...မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၃။ ကိုယ့်ကို မေ့လိုက်ပါတော့ (ချစ်သူအဖြစ်မှ ပြတ်စဲလိုသည့်အခါ)

မီးခြစ်..................... ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
ပြာခွက်................... မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၎။ အနေဝေးလို့ မေ့မသွားနဲ့နော် (ရက်လရှည်များ ခွဲခွာရရင်)

ဒိုင်ယာရီစာအုပ်.......... ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
ဘောလ်ပင်............... မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၅။ ဂုဏ်ယူပါတယ် (ချစ်သူ၏ အောင်မြင်မှုတစ်ခုအတွက်)

ဓာတ်ပုံမှန်ဘောင် လှလှလေး............ ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
ဝိုင်ပုလင်း.................................... မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၆။ လွမ်းခဲ့ရသမျှ မေ့ပစ်ကြစို့ (ငိုကြွေးခဲ့သော ကာလများပြီးဆုံးပါပြီ)

လက်ကိုင်ပုဝါ......................... ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
စားပွဲတင်ပြက္ခဒိန်.................... မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၇။ ချစ်သူကိုစိတ်ဆိုးပြေအောင်ချော့သော အခါ

အ၀ါရောင်ပန်းပွင့်၊ ပန်းစည်း.......... ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
သီချင်းဓာတ်ပြားအယ်လ်ဘမ်......... မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၈။ ကွယ်ရာမှာ သစ္စာမဖောက်နဲ့နော်

ကြည့်မှန်.............................. ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
သော့ချိတ်............................ မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၉။လက်ထပ်ချင်ပြီ

လက်စွပ်တစ်ကွင်း.................. ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
လက်ပတ်နာရီ........................ မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၁၀။ ကိုယ့်ကို သစ္စာမဲ့တယ်လို့ အထင်မလွဲပါနဲ့

နှုတ်ခမ်းနီ.................... ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
အင်္ကျီအ၀တ်အစား......... မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၁၁။ တို့နှစ်ယောက် အချစ်တည်တံ့ခိုင်မြဲပါစေ

ဖဲကြိုးလှလှလေးချည်ထားတဲ့ ပန်းစည်း.................. ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
ချောကလက်ဘူး............................................... မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

၁၂။ ချစ်တာကို ဖွင့်ပြောဖို့ မ၀င့်မရဲဖြစ်နေရင်

အမွှေးပွပွဝက်ဝံရုပ်.......................... ယောကျာ်းလေးမှ မိန်းကလေးသို့ လက်ဆောင်ပေးရန်။
ရေမွှေးပုလင်း................................ မိန်းကလေးမှ ယောကျာ်းလေးသို့ လက်ဆောင်ပေးရန်။

Tuesday, January 27, 2009

“ဗဟုသုတ ရဲ့အဓိပါယ်”

ဗဟုသုတ ရဲ့အဓိပါယ် က ဒီလိုဆိုပီး သိရတယ် :P
ဗဟုသုတကိုနှစ်ပိုင်းခွဲပြီးပြောရမယ်ဆိုရင် ဗဟု နဲ့ သုတ လို့ရပါတယ်။
ဗဟု ဆိုတာ တြိဂံ၊စတုဂံ ဆိုတဲ့သင်္ချာဝေါဟာရကလာတာ၊အဓိပါယ်က အနားတွေများတယ်၊မျက်နှာပြင်များတယ်လို့ဆိုလိုတယ်။
သုတ ဆိုတာ အသိပညာ၊အတတ်ပညာ ကလာတဲ့အနက်အဓိပါယ်ပါ။
အဲ နှစ်ခုပေါင်းစပ်လိုက်တော့
ဗဟု=အရပ်မျက်နှာအမျိုးမျိုး
သုတ=အသိပညာ၊အတတ်ပညာ
ဗဟု+သုတ=အရပ်မျက်နှာအမျိုးမျိုးကလာတဲ့အသိပညာအတတ်ပညာ။

Saturday, January 3, 2009

“ဖတ်ခဲ့ရတဲ့ ရွံစရာလေးတွေပါ”

(((“ဒီဟာဖတ်ပြီး ထမင်းစားချင်စိတ်ကုန်သွားမယ်။ သတိ”တဲ့။ ရွံစရာအချက်အလက်များဆိုတဲ့ ကောက်နုတ်စာလေးတွေကို မိတ်ဆက် ဖော်ပြထားတာပါ။)))

- အန်တယ် (Vomit) ဆိုတာကို ဖော်ပြတဲ့ စကားလုံး ၈၅ မျိုး ရှိပါသတဲ့။


- လူ့မစင်မှာပါတဲ့ ဘက်တီးရီးယားတွေဟာ အိမ်သာသုံးစက္ကူ ဆယ်လွှာလောက်ကို အသာလေး ဖြတ်ထွက်နိုင်ပါသတဲ့။ (စက္ကူနဲ့သုံးပြီး လက်မဆေးသူများ သတိ။)
- ၁၈ ရာစုလောက်တုန်းက သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ လက်ဇာရို စပူလန်ဇနီ (Lazzaro Spollanzani) ဟာ အန်ဖတ် (Chunder) တွေကို အထူးစိတ်ဝင်စားခဲ့ပါတယ်။ သူ့စမ်းသပ်ချက်တစ်ခုကတော့ ဒီလိုပါတဲ့။ ဖျားပြီး အန်တဲ့အခါ အန်ဖတ် (Puke) ကို စားလိုက်တာ ပြန်အန်ထွက် (Ralphing) ပါတယ်တဲ့။ ပြန်အန်ထွက်တာကို ပြန်စားကြည့်ပါတယ်တဲ့။ အဲဒီတော့ ပြန်အန်ထွက်ပြန်တယ်။ သုံးကြိမ်မြောက် ပြန်အန်ထွက်တာကို ပြန်စားပါတယ်။ အန်ထွက်လိုက် ပြန်စားလိုက် လေးကြိမ်တိတိ စမ်းသပ်ခဲ့ပါသတဲ့။ (အန်ဖတ်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်ချင်သူများ စမ်းကြပါ။)
- လူအများစုဟာ တစ်နေ့ကို ၁၅ ကြိမ်ကနေ အကြိမ် ၂၀ အထိ လေလည်လေ့ရှိကြပါသတဲ့။ အရွယ်ရောက်သူတစ်ယောက်ရဲ့ နေ့စဉ် ထုတ်လွှတ်နေတဲ့ ဂက်စ်ဟာ အကြမ်းဖျဉ်းအားဖြင့် ၆၀၀ မီလီလီတာလောက် ရှိပါသတဲ့။
- ပိုးဟတ်ဟာ ခေါင်းဖြတ်ထားသည့်တိုင် တစ်ပတ်လောက် အသက်ရှင်နေနိုင်ပါသေးတယ်တဲ့။
- နွားတစ်ကောင်ဟာ တစ်နေ့ကို ပျမ်းမျှ ၁၆ ခါလောက် မစင်စွန့်ပါတယ်တဲ့။ နောက်ချေးကို Country Pancakes (တောကိတ်မုန့်) လို့ ခေါ်သတဲ့။
- ယုန်နဲ့ ဆင်ပေါက်ကလေးတွေဟာ သူတို့ပါတဲ့ မစင်ကို သူတို့ ပြန်စားပါတယ်တဲ့။ (ကျုပ်တို့ ငယ်ငယ်တုန်းကလည်း ပါးစပ်ထဲစီးဝင်လာတဲ့ နှပ်ချေး ဘယ်မှာ အလွတ်ပေးလို့တုန်း။)
- ရွံစရာဆိုတာ ကာလ ဒေသပေါ်မှာပဲ မူတည်ပါတယ်တဲ့။ အာရှကလူတွေက ချိစ် (ကျုပ်တို့နောက်ပြီး ပြောရင် ချီးစ်)ကို မသတီစရာလို့ ထင်ကြပါတယ်တဲ့။ ထို့အတူပဲ ဥရောပနဲ့ မြောက်အမေရိကကလူတွေက အာရှသားတွေစားတဲ့ ပုရစ်ကြော်လို အင်းဆက်တွေကို ရွံစရာကြီးလို့ ယူဆကြပါတယ်တဲ့။
- ၁၈၉၂ ကနေ ၁၉၁၄ အထိ လာ ပီဆိုမန့်စ် (အဓိပ္ပာယ်က “လေလည်ဆရာ”)ဟာ ပါရီမြို့က များစွာသော ပရိသတ်တွေကို လေလည်ခြင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်တဲ့။ သူဟာ လေလည်ပြီး သံစဉ်တွေကို ဖန်တီးပြသလို ဖယောင်းတိုင်ကိုလည်း လေလည်ပြီးတော့ မီးငြှိမ်းပြပါသတဲ့။
- ကုလားအုတ်တွေဟာ သူတို့ မကြိုက်တဲ့ အရာဝတ္ထုတွေအပေါ်ရော၊ လူတွေဆီကိုပါ စမြုံ့ပြန်တဲ့ အစာဖတ်နဲ့ ထွေးလေ့ရှိပါသတဲ့။
- အသားစားခြင်းဟာ လေလည်တဲ့အခါမှာ အဆိုးဆုံးအနံ့ကို ဖြစ်စေတယ်လို့ ယူဆကြပါတယ်။
- မျှော့တွေဟာ သူတို့ ခန္ဓာအလေးချိန်ရဲ့ ငါးဆထက်မကတဲ့ သွေးပမာဏကို စုပ်ယူနိုင်ပါတယ်တဲ့။
- မိုက်ကရိုစကုပ်နဲ့ ကြည့်မှသာ မြင်နိုင်တဲ့ ခြေထောက်ရှစ်ချောင်းပါ သန်းလှေးတွေဟာ ခင်ဗျားရဲ့ မျက်တောင်ပေါ်မှာ နေကြပါတယ်တဲ့။
- နှာချေလိုက်ရင် နှပ်ချေးဟာ ၃.၅ မီတာ အကွာအဝေးအထိ ရောက်နိုင်ပါတယ်တဲ့။
- ရှရီဒါ ချီလ်လယ် (Shridar Chillal) ဆိုသူရဲ့ လက်သည်းဟာ ကမ္ဘာ့စံချိန်တင် အရှည်ဆုံးပါတဲ့။ ဘယ်ဘက်လက်က လက်သည်းတွေဟာ ၆ မီတာကျော် ရှည်ကြပါတယ်တဲ့။ ရှည်မှာပေါ့၊ သူလက်သည်းမညှပ်တာ ၄၃ နှစ်ရှိပါပြီတဲ့။
- တိရိစ္ဆာန်အချို့ဟာ ထူးခြားတဲ့ အိမ်သာသွားပုံ သွားနည်းတွေ ရှိကြပါတယ်တဲ့။ ကြိုးကြာနီတွေဟာ ဆီးသွားတဲ့အခါသူတို့ ခြေထောက်ပေါ်ပေါက်ချကြပါတယ်တဲ့။ ခြေထောက် အေးအောင်လို့တဲ့။ Bushbaby လို့ ခေါ်တဲ့ အာဖရိကက မျက်လုံးပြူးပြူး သစ်ပင်မှာ နေတဲ့ တိရိစ္ဆာန်တစ်မျိုးကတော့ သေးပေါက်ရင် လက်နဲ့ခံထားပြီး အမြဲနမ်းကြည့်ပါတယ်တဲ့။
- ဂျပန်မှာရှိတဲ့ တိုကျိုသိပ္ပံပြတိုက်မှာ လူနဲ့ တိရိစ္ဆာန်တွေရဲ့ မစင် ၇၈ မျိုးကို စုဆောင်း ပြသထားပါတယ်။
- နွားတွေဟာ တစ်နေ့ကို အကြိမ်သုံးရာ အီးပေါက်တယ်။ လေထု ၄၅၀ လီတာလောက်ရှိတဲ့ ပမာဏဖြစ်ပါသတဲ့။
- ကျင်ငယ်ရည်ကို သောက်တာဟာ ဆေးဘက်ဝင်တယ်လို့ ယူဆသူတွေ ရှိပါတယ်။ ရှေးက တရုတ်တွေဟာ ကျင်ငယ်ရည်ကို သွားဖုံးရောဂါကို ကုဖို့ သုံးပါတယ်။ ၁၈ ရာစုတုန်းက ပြင်သစ်မှာ ဆရာဝန်တစ်ဦးက ကျင်ငယ်ရည်နဲ့ ပလုတ်ကျင်းကြဖို့ အကြံပြုပါသတဲ့။ ရှေးတုန်းက ရောမတွေဟာ စည်ကြီးတွေကို လမ်းဘေးမှာ ချထားပါတယ်တဲ့။ လမ်းသွားလမ်းလာတွေ သေးပေါက်တာကို စုဆောင်းဖို့တဲ့။ ပြီးတော့ လျှော်ဖွတ်သန့်စင်ရာမှာ ပြန်သုံးဖို့ပါတဲ့။ (နွားကလေး ကျင်ငယ်ရည်ကို ဆေးအဖြစ် သောာက်သူတွေ မြန်မာပြည်မှာ ရှိကြောင်း ဖတ်ဖူးသည်။)
- လေလည်တဲ့လေမှာ အများအားဖြင့် နိုက်ထရိုချင် ဓာတ်ငွေ့ပဲပါပါတယ်တဲ့။ ဗိုက်ထဲမှာ အစာတချို့က ဟိုက်ဒရိုဂျင် ဆာလဖိတ်နဲ့ ရောသွားစေပါတယ်တဲ့။ အကျိုးဆက်ကတော့ ကြက်ဥပုပ်နံ့လို လေလည်ရင် နံတော့တာပဲ ဖြစ်ပါတယ်တဲ့။
- ရှေးခေတ် ဂရိဆေးပညာရှင်ကြီး ဟစ်ပိုကရေးတီးစ်ဟာ နှပ်၊ ဆီးနဲ့ နားဖာချေးကို အနံ့ခံခြင်း၊ မြည်းကြည့်ခြင်း ပြုလုပ်သင့်တယ်လို့ အကြံကောင်း ပေးခဲ့ပါသတဲ့။
- ဆယ်ကျော်သက်နဲ့ အရွယ်ရောက်ပြီးသူတွေသာ ချွေးနံ့ ဆိုးကြပါတယ်တဲ့။ အသက် ၁၂ နှစ်လောက်အထိတော့ ချွေးမှာ အနံ့ဆိုးတွေထွက်စေတဲ့ ဂလင်းတွေဟာ အလုပ်မလုပ်သေးပါဘူးတဲ့။
- ဝိတိုရိယခေတ်က ကျောင်းဆရာ ဝီလျံ ဘက်ခ်လန်းဟာ ထူးထူးဆန်းဆန်းနဲ့ ရွံစရာ အစားအစာတွေကို စမ်းသပ် စားသုံးခဲ့ပါသတဲ့။ သူစားကြည့်တဲ့အထဲမှာ ယင်မမဲရိုင်း (ယင်ကြီး)၊ ဆင်နှာမောင်းနဲ့ မံမီရုပ်အလောင်းက အသည်းတို့ ပါဝင်ပါသတဲ့။
- ၁၉ ရာစုထဲမှာ လူတွေဟာ အမင်္ဂလာတွေကို အတော်ကြီး ရှောင်ကြပါတယ်တဲ့။ စကားလုံးကြမ်းကြမ်းတောင် နားထဲ မသွင်းလိုကြဘူးတဲ့။ ဝိတိုရိယခေတ်က လူတွေဆို ပိုဆိုး။ စကားပြောရင်တောင် အယဉ်ကျေးလွန်ပြီး နုရွနေအောင် ပြောပါသတဲ့။

Friday, December 26, 2008

“မှတ်မိနေသော စာသားလေး”

စိန်တပွင့် အရည်အသွေးလက်လာဖို့ဆိုတာ အကွက်ပေါင်းခြောက်ဆယ့်လေးကွက် သွေးယူရတယ်။တကယ်တော့ လူတွေအားလုံးဟာ စိန်ရိုင်းပွင့်လေးတွေချည်းပဲ။အများတန်ဖိုးထားတဲ့ လူသားစိန်ပွင့်လေး ဖြစ်တာမဖြစ်တာကတော့ လူသားတစ်ယောက် သူ့ကိုယ်ကို ဘယ်လိုသွေးယူတယ်ဆိုတာနဲ့ပဲ ဆိုင်တယ်။ကိုယ်ကျင့်တရားကောင်းမှု၊ ရိုးသားဖြောင့်မတ်မှု၊ အများအကျိုးဆောင်မှု၊ ကိုယ်ချင်းစာနာတတ်မှု၊ သိက္ခာစောင့်စည်းမှုဆိုတဲ့ အကွက်တွေပေါ့

Monday, December 15, 2008

“သူတို့ပြောတဲ့အချက်တွေ”

၁) စိတ်တိုဒေါသထွက်တဲ့အခါ မျက်စိကို မှိတ်ထားလိုက်ပါ။ အဆုတ် အနက်ရှိုင်းဆုံးထိ အသက် ခပ်ပြင်းပြင်းတစ်ချက် ရှုသွင်းပါ။

၂) ပြဿနာ သို့မဟုတ် စိတ်ညစ်စရာတွေနဲ့ ကြုံရတာဟာ ဘဝအတွက် အတွေ့အကြုံ ပိုရှိစေတယ်လို့ မှတ်ယူပါ။

၃) ပြဿနာ ကြီးကြီးနဲ့ ကြုံတဲ့အခါ စိတ်ကို ပိုလျော့ချပေးပါ။

၎) အသက်မှာလည်း ဒိတ်လွန်နေ့စွဲ ရှိပါတယ်။ ဒိတ်မလွန်ခင် လုပ်ချင်တာကို လုပ်လိုက်ပါ။

၅) အချစ်မှာ လွတ်လပ်ခွင့် ကိုယ်စီရှိရတယ်။

၆) အချစ်ရဲ့ သတ္တိက ဘာလဲ?
ကိုယ့်ရင်ခွင် ပြတင်းကို ကိုယ်ဆွဲဖွင့်လိုက်တာပဲ ဖြစ်တယ်။

၇) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့လူ တစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။
လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။

၈) အချစ်က တန်ဖိုးကြီးရှားပါးတဲ့ ချောကလက်နဲ့တူတယ်။
လတ်ဆတ်ချိန် မပုပ်မသိုးခင်မှာ ချိုမြိန်တဲ့ အရသာကို ခံစားပါ။

၉) အဆက်အသွယ် ပြတ်နေတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းကို ရုတ်တစ်ရက် သတိရလိုက်မိရင် ချက်ချင်း ဖုန်းဆက်လိုက်ပါ။ သူလည်း ကိုယ့်ကို သတိရနေတဲ့အချိန် ဖြစ်နေလိမ့်မယ်။'

Friday, November 28, 2008

“၂၂ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ်”



ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ် မကြည့်ရသေးသောသူငယ်ချင်းများအတွက် ဇာတ်လမ်းကြောင်းအနည်းငယ်တင်ပြပေးလိုက်ပါတယ်......

၂၂ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားသစ် Quantum of Solace ကို နိုဝင်ဘာလ ၁၄ ရက်နေ့ (သောကြာနေ့) မှစ၍ နိုင်ငံတကာတွင် ရုံတင်ပြသသည်။

Quantum of Solace ဇာတ်ကားကို Monster’s Ball, Finding Neverland ဇာတ်ကားများကို ဖန်တီးခဲ့သည့် ဒါရိုက်တာ မတ်(ခ်)ဖော်စတာက ရိုက်ကူးထားသည်။ Casino Royal တွင် ဘွန်းအဖြစ် သရုပ်ဆောင်ထားသည့် ဒယ်နီရယ်ခရေ့စ်ကပင် ယခုဇာတ်ကားတွင်လည်း ဘွန်းအဖြစ် သရုပ်ဆောင်ထားသည်။ ဘွန်းအဖြစ် အဓိကရန်သူ ဒေါမနစ်ဂရင်းအဖြစ် ပြင်သစ် သရုပ်ဆောင်နှင့် မက်သယူး အမ်မာလရစ်က သရုပ်ဆောင်သည်။

ကွမ်တမ်ဂိုဏ်း၏ အဓိကကျသော ဂိုဏ်သားတဦးဖြစ်ပြီး ဂရင်းပလန်းနက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ ဥက္ကဋ္ဌတဦးဖြစ်သည့် ဒေါမနစ်ဂရင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီအဖြစ် မျက်နှာဖုံးစွပ်ထားပြီး တရားမဝင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေသူ ဖြစ်သည်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ ဗြိတိသျှ ထောက်လှမ်းရေး အဖွဲ့များနှင့် ပေါက်ရောက်သူလည်း ဖြစ်သည်။ သူ၏ အဓိက ရည်မှန်းချက်မှာ ပြည်ပတွင် ရောက်ရှိနေသည့် ဘိုလီဗီးယား စစ်ဗိုလ်ချုပ် မီဒရန်နိုကို အာဏာရရှိရန် ကူညီဆောင်ရွက်ပေးနေသူ ဖြစ်သည်။ မီဒရန်နို အာဏာ ပြန်လည်ရရှိလျှင် ဘိုလီဗီးယားနိုင်ငံ၏ ရေနံတွင်းများကို ထုတ်လုပ်ခွင့် ရရှိမည်ဖြစ်ပြီး အမေရိကန်ကလည်း စီအိုင်အေ အေးဂျင့် ဂရက်ကို လွှတ်ထား၍ မီဒရန်နို အာဏာသိမ်းနိုင်ရန် အကူအညီပေးထားသည်။

Quantum of Solace ဇာတ်ကားမှာ ၂၁ ကားမြောက် ဘွန်းဇာတ်ကား Casino Royal ဇာတ်ကားနှင့် ဆက်နွယ်မှု ရှိနေသည်။ Casino Royal ဇာတ်ကားတွင် ဘွန်းနှင့် မစ္စတာဝှိုက်တို့ ကာစီနိုကစားပွဲအပြီး နောက်တနာရီ အကြာတွင် ဖြစ်ပျက်သော ဖြစ်ရပ်တခုဖြင့် Quantum of Solace ဇာတ်ကားကို စဖွင့်ထားသည်။ ဇာတ်လမ်း စစချင်းမှပင် အီတလီနိုင်ငံ ဆီယာနာမြို့တွင် ဘွန်း မောင်းလာသော ကားနောက်သို့ သေနတ်သမားများ လိုက်လာကြကာ သူ့ကို အသေ ပစ်သတ်ကြသော်လည်း နောက်ဆုံးတွင် ဘွန်း လွတ်မြောက်လာခဲ့သည်။ ကျည်ဆန်ရာ ဗရပွဖြစ်နေသော ဘွန်း၏ မော်တော်ကားထဲတွင် ဖမ်းဆီးလာသော မစ္စတာဝှိုက်ကို ဘွန်းနှင့် MI 5 မှ စစ်ဆေးနေစဉ် M ၏ လူယုံသက်တော်စောင့် မစ်ရှဲလ်က ဝှိုက်၏ လူဖြစ်နေသောကြောင့် သူ့ကို လွတ်မြောက်အောင် ကူညီပေးလိုက်သည်။ ပိုလိုကစားပွဲ ကျင်းပနေသောကြောင့် ဝှိုက်ကို ပြန်လည် မဖမ်းမိသော်လည်း သစ္စာဖောက် မစ်ရှဲကိုမူ သူ၏ အဆက်အသွယ်များကို မေးပြီး သတ်ပစ်လိုက်သည်။ ဝှိုက်ဆီမှရသော အချက်အလက်၊ မစ်ရှဲဆီမှရသော အချက်အလက်များကို ဆက်စပ်လိုက်သည့်အခါ တောင်အမေရိကတိုက် နိုင်ငံရေးအတွက် အန္တရာယ်ရှိသည့် ကွမ်တပ်ဂိုဏ်းကြီးကို ဘွန်း ခြေရာခံမိသည်။

Casino Royal ဇာတ်ကားတွင် အာဖရိကတိုက်ရှိ စိန်တွင်းများနှင့် ပတ်သက်၍ အားပြိုင်နေသော သူပုန်များအား အကူအညီပေးနေသည့် အဖွဲ့များအား ရှင်းလင်းနိုင်ခဲ့ပြီးနောက် သူ၏ ကိုယ်ရေးကိုယ်တာ (Personal Mission) နှင့် ပတ်သက်၍ ချစ်ကြွေးဆပ်ရမည့် ဘွန်းမှာ ဝှိုက် လွတ်မြောက်ပြီးနောက် ဆွမ်းခံရင်း ငှက်သင့်ဖြစ်ကာ ကွမ်တပ်ဂိုဏ်းကြီးအား ဖြိုခွဲရမည့်အပြင် ဗြိတိသျှထောက်လှမ်းရေးဌာနမှ ကွမ်တပ်ဂိုဏ်းနှင့် ဆက်နွယ်သူများကိုပါ ဖော်ထုတ်ရမည့် အခြေအနေ ရောက်ခဲ့သည်။ သူ့အပေါ် သစ္စာဖောက်သွားသည့် ရုရှားသူလျှိုမယ် ချစ်သူဖြစ်သူ ဗက်စပလင်းအပေါ် ပြန်လည် လက်စားချေမည့် ဘွန်း၏ အစီအစဉ်များမှာလည်း မစ်ရှဲနှင့် အဆက်အသွယ်ရှိသူ ဟေတီရှိ ဆလိတ်နောက်သို့ လိုက်ရန် အကြောင်းဖန်လာခဲ့သည်။ ဘွန်း ဟေတီသို့ ရောက်ချိန်တွင် လက်မရွံ့ လူသတ်သမားတဦးက သူ့အား သတ်ရန်ကြံသော်လည်း မအောင်မြင်ခဲ့။ ဟေတီတွင် ဘိုလီဗီးယား သူလျှိုမလေး ကာမီလီမွန်တက်(ဇ်)နှင့် တွေ့ပြီးနောက် သူမကို နောက်ယောင်ခံလိုက်ချိန်တွင် ဒေါမနစ်ဂရင်းနှင့် ကာမီလီတို့ တွေ့ဆုံနေကြသည်။ ဂရင်းက ကာမီလီကို ဗိုလ်ချုပ်မီဒရန်နိုနှင့် မိတ်ဆက်ပေးပြီး သူတို့၏ မော်တော်ဘုတ်နှင့် ထည့်လိုက်သည်။ ကာမီလီ၏ မိသားစုကို သတ်ပြီး သူ၏ မိခင်အား မတရားပြုကျင့်သွားခဲ့သည့် မီဒရန်နိုကို ပြန်လည် လက်စားချေရန် ကာမီလီက ကြံစည်ထားသော်လည်း မီဒရန်နိုက မမှတ်မိချေ။ ဘွန်းက မော်တော်ဘုတ်ထဲမှ ကာမီလီကို ပြန်လည်ခေါ်ဆောင်ခဲ့သော်လည်း ကာမီလီက လိုက်ပါလိုစိတ် မရှိချေ။

ကွမ်တပ်ဂိုဏ်းသားများ လျှို့ဝှက်တွေ့ဆုံပွဲ ကျင်းပရာ သြစတြီးယားသို့ လိုက်သွားသည့်အခါ ကွမ်တပ်ဂိုဏ်းသားများက နာမည်ကျော်ပြဇာတ်ဆရာ ပုချီနီ၏ တူစကာ အော်ပရာပြဇာတ် ကြည့်ချင်ဟန်ဆောင်၍ ထိုပြဇာတ်ရုံထဲတွင် စုဝေးကြပြီး အထူးဖန်တီးထားသည့် နားတွင် တပ်ဆင်သော ကိရိယာဖြင့် အစည်းအဝေး လုပ်နေသည်ကို ဘွန်း သိရှိသွားခဲ့သည်။ ခဏအကြာတွင် ထိုနားကြားကိရိယာကို ရအောင်ယူပြီး ဘွန်းက အစည်းအဝေးကို နှောင့်ယှက်နိုင်ခဲ့သည်။ ထိုစည်းဝေးပွဲသို့ ဗြိတိသျှဝန်ကြီးချုပ်၏ အကြံပေးဖြစ်သူလည်း တက်ရောက်ပြီး ဘွန်း၏ နှောင့်ယှက်မှုကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ချိန်တွင် ဂရင်းလည်း ကားနှင့် ထွက်ပြေးရာ အကြံပေးပုဂ္ဂိုလ်၏ သက်တော်စောင့်ဖြစ်သူနှင့် ဘွန်းတို့နှစ်ဦး ဇာတ်ရုံခေါင်မိုးတွင် ဆုံမိကြသည်။ ထိုသက်တော်စောင့်က ခေါင်မိုးပေါ်မှ ခုံချသွားခဲ့ရာ ဂရင်းတို့၏ ကားပေါ်သို့ ကျသွားခဲ့သည်။

ဗြိတိသျှအထူးအဖွဲ့ခွဲမှ အေးဂျင့်တဦးကို သတ်မှုဖြင့် M က ဘွန်းကို နိုင်ငံကူးလက်မှတ်နှင့် credit card များ အပ်ရန်အတွက် လန်ဒန်သို့ ပြန်လာရန် ခေါ်သော်လည်း ဘွန်းက အီတလီရှိ MI 5 အေးဂျင့်ဟောင်းနှင့် သူ၏ မိတ်ဆွေဖြစ်သူ ရီနီမေသစ်ဆီသို့ ရောက်သွားခဲ့သည်။ ရီနီ၏ အကူအညီဖြင့် ဘိုလီဗီးယားနိုင်ငံ လိုပက်(ဇ်)မြို့သို့ ပြန်လည်ရောက်ရှိကာ ထိုနိုင်ငံရှိ ဗြိတိသျှ ကောင်စစ်ဝန်ရုံးတွင် အမှုထမ်းနေသည့် MI 5 အေးဂျင့် စတော်ဘယ်ရီဖီးလ်နှင့် ရင်းနှီးခဲ့သည်။ သူမ၏ အကူအညီဖြင့် ဂရင်း၏ ရန်ပုံငွေ ရှာဖွေပွဲသို့ တက်ရောက်နိုင်ခဲ့ရာ ကာမီလီနှင့် ပြန်လည်တွေ့ဆုံခဲ့သည်။ ဘွန်းက ကာမီလီကို ပြန်လည် ခေါ်ဆောင်သွားရာ လမ်းတွင် ဘွန်းတို့ မောင်းနှင်လာသော ကားကို ဘိုလီဗီယား ရဲတို့က ရပ်ခိုင်းပြီး ကားနောက်ဖုံးကို ဖွင့်ခိုင်းသည်။ ဒဏ်ရာအပြည့်နှင့် ရီနီကို နောက်ဖုံးထဲတွင် တွေ့လိုက်ရာ ဘွန်းကိုယ်တိုင် အံ့သြသွားသည်။ ရဲတို့၏ ဖမ်းဆီးမှုကို လက်မခံဘဲ အပြန်အလှန် ပစ်ခတ်ပြီးနောက် ရီနီ သေဆုံးသွားခဲ့သည်။ ရီနီ မသေဆုံးခင် ဗက်စပါလင်းကို ခွင့်လွှတ်ရန် ပြောကြားသွားခဲ့သည်။

ကာမီလီနှင့် ဘွန်းတို့နှစ်ဦး Douglas DC-3 လေယာဉ်စီးကာ ဘိုလီဗီးယားနိုင်ငံ ရေနံထုတ်လုပ်ရန် လျာထားသော နေရာများတွင် သဲကန္တာရ ဖြစ်ထွန်းမှုကို လေ့လာချိန်တွင် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်တစီးတို့မှ လိုက်လံ ပစ်ခတ်သဖြင့် လေယဉ်ပျက်ကျကာ ၎င်းတို့နှစ်ဦးလည်း ထွက်ပြေးရသည်။ ကာမီလီက မိဘများအတွက် လက်စားချေရန် ကြံစည်ထားသည့်အကြောင်း ဘွန်းကို ပြောပြပြီးနောက် သူတို့နှစ်ဦး လာပက်(ဇ်)သို့ ပြန်လာခဲ့သည်။ လာပက်(ဇ်)တွင် M နှင့် တွေ့ပြီးနောက် ဘွန်းကြောင့် MI 5 အေးဂျင့်မှာ စတော်ဘယ်ရီ ရေနံစိမ်စည်ထဲတွင် အသတ်ခံထားရမှုအတွက် ဘွန်းကို ဘိုလီဗီယားမှ ပြန်ခေါ်ရန် M က အမိန့်ထုတ်သောအခါ ဘွန်းကို မနာခံဘဲ ဓာတ်လှေကားထဲတွင် သူ့ကို ထိန်းသိမ်းထားသည့် MI 5 အေးဂျင့်များကို တိုက်ခိုက်ပြီး လွတ်မြောက်လာခဲ့သည်။

ဘားတခုတွင် ဘွန်း၏ မိတ်ဆွေဖြစ်သူ စီအိုင်အေ ထောက်လှမ်းရေး ဖီလစ်လီယက်တာနှင့် တွေ့ဆုံသည့်အခါ ဂရင်းနှင့် မီဒရန်နိုတို့နှစ်ဦး အာဏာသိမ်းရန် တွေ့ဆုံမည့်နေရာကို ပြောပြခဲ့သည်။ ကာမီလီနှင့် ဘွန်းတို့နှစ်ဦး ဂရင်းတို့ ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိသွားသည့်အခါ ထိုနေရာမှ ထိုနေရာမှ ထွက်ခွာရန် ပြင်နေသော ဘိုလီဗီးယား ရဲချုပ်ကို ရီနီအား သတ်မှုအတွက် ဘွန်းက ပစ်သတ်လိုက်ပြီး ကာမီလီကမူ ဗိုလ်ချုပ် မီဒရန်နိုကို သူ့မိသားစုအတွက် ကလဲ့စားချေနိုင်ခဲ့သည်။ ဘွန်းလက်တွင်းမှ ဂရင်း လွတ်မြောက်ခဲ့သော်လည်း ပြန်လည်ဖမ်းဆီးမိနိုင်ခဲ့ပြီး ကန္တာရအလယ်တွင် သူ့အား လောင်စာဆီတဗူးနှင့် ဘွန်းက ထားခဲ့သည်။

ကွမ်တပ်ဂိုဏ်းကြီးနှင့် ဗိုလ်ချုပ်မီဒရန်နိုအား ဖြိုခွဲခဲ့အပြီးတွင် ဘွန်းက သူ့ချစ်သူဟောင်းရှိရာ ရုရှားနိုင်ငံ ကာဇန်သို့ လိုက်သွားသည်။ ကာဇန်တွင် ဗက်စပါလင်းက ပြင်သစ်-အယ်ဂျီးယားဖွား ယူစွက်နှင့် အတူနေသည်။ ယူစွက်က ကမ်တပ်ဂိုဏ်းသား တဦးဖြစ်ပြီး ထိပ်သီးသူလျှိုမယ်များကို ချစ်ဟန်ဆောင်ကာ အတွင်းသတင်းများကို ထောက်လှမ်းနေသူ ဖြစ်သည်။ ဗက်စပါနှင့် တွေ့ချိန်တွင် ဘွန်းက ဗက်စပါကို အပြစ်မယူကြောင်း ပြောပြီး ကနေဒါ ထောက်လှမ်းရေးက အလိုရှိသော ယူစွက်ကို ထောက်လှမ်းရေး ကော်နီ လက်ထဲသို့ အပ်လိုက်သည်။ ဗက်စပါ၏ အိမ်မှအထွက်တွင် အသင့်စောင့်နေသော M က ယူစွက်ကို မသတ်ဘဲ ထွက်လာသည့် ဘွန်းကို တအံ့တသြ ကြည့်နေသော်လည်း ဘွန်းက ဗက်စပါအတွက် ယူစွက် ဝယ်ပေးထားသော ဆွဲကြိုးလေးအား နှင်းတောထဲသို့ ပစ်ချပြီး ပျောက်ကွယ်သွားသည်။

၂၂ ကားမြောက် ဂျိန်းစ်ဘွန်းဇာတ်ကားဖြစ်သည့် Quantum of Solace မှာ တခြားဘွန်းဇာတ်ကားများလို မဟုတ်ဘဲ လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ကိုယ်ပျောက်ကားများ၊ လက်နက်ဆန်းများ၊ X Ray မျက်မှန်များ စသည့် ဆန်းဆန်းပြားပြား ပစ္စည်းများ မပါဝင်တော့ချေ။ ဒရမ်မာနှင့် ဇာတ်သိမ်းပြီး သဘာဝကျမှုကို ဦးစားပေးထားသည့် ယခုဇာတ်ကားကို ရုပ်ရှင်ဝေဖန်ရေးဆရာများက ဇာတ်လမ်းပိုင်း အားနည်းပြီး အခြား ဂျိန်းစ်ဘွန်းကားများမှ ဇာတ်ဝင်ခန်းများကို ဟိုတစ၊ ဒီတစ ယူထားသည်ဟု ဝေဖန်ကြသည်။ ဥပမာအားဖြင့် စတော်ဘယ်ရီကို ရေနံစိမ်းစိမ်ပြီး သတ်ထားပုံမှာ Gold finger တွင် သူလျှိုမယ်တဦး ရွှေရည်စိမ်ပြီး သတ်ထားပုံကို ယူထားသည်ဟု ဝေဖန်ကြသည်။

သဘာဝ အရင်းအမြစ်များကို ထုတ်ယူကာ ကမ္ဘာလောက စိမ်းလန်းစိုပြေမှုကို ဖျက်ဆီးပစ်မည့် Eco Terrorist များ၏ အန္တရာယ်ကို ရိုက်ကူးပြသခဲ့၍ ချီးမွမ်းမှုများလည်း ရှိကြသည်။ အချုပ်အားဖြင့် ဆိုရလျှင် ၂၂ ကားမြောက် ဘွန်းဇာတ်ကားတွင် ဘွန်း၏ ရန်သူအဖြစ် Eco Terrorist တို့ကို ထားသည်။

ပထမဦးဆုံး ဘွန်းဇာတ်ကားဖြစ်သည့် Dr. No ကို ၁၉၆၂ ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် ဘွန်းဇာတ်ကားပေါင်း ၂၂ ကားရှိလာပြီး ဘွန်းမင်းသားပေါင်းလည်း ၆ ဦး ရှိလာကာ၊ ဘွန်းဇာတ်ကား၏ ဇာတ်လမ်းများမှာ အမျိုးမျိုး ပြောင်းလဲလာပြီး ဘွန်းဇာတ်ကား ဒါရိုက်တာပေါင်းလည်း တဒါဇင်ကျော် ရှိလာပြီဖြစ်သည်။

Monday, November 17, 2008

“သူတို့ဘာသာအစွဲ”

တရုပ်ပြည် ရဲ့ အနောက်ပိုင်းမှာ ပန်းသေး မူဆလင်တွေ နေကြတယ်  အူရဒူလူမျိုးတွေ ပေါ့

 ရှေးတုန်းကတော့ အဲဒီဒေသတွေအားလုံး ဗုဒ္ဓဘာသာဝင်တွေပါဘဲဆိုကြတယ်...

တရုပ်ပြည်မက ပိုးထည်တွေ က ဥရောပကို ကုန်သွယ်တဲ့လမ်းမမို့  ဆင့် ပိုးထည် လမ်းလို့ အမည်တွင်တယ်။

ပါရှန် မူဆလင် မင်းတွေ နယ်ချဲ့ တော့ ဘုရားဆင်းတုတော်တွေ အားလုံး ကို ဖျက်ဆီးပစ်လိုက်တယ်...

ဆင်းတုတော် မျက်လုံးတွေ ကိုဖေါက်ပြစ်တယ်။

ပါရှန်မင်းတွေ ဟာ အင်ဒိုနီး၇ှား မလေးရှား အထိရောက်တယ်။

အင်ဒို ကျွန်းတွေ မှာ ဟင်ဒီ ဘာသာ ရယ် ဗုဒ္ဓဘာသာရယ် ရှိ ကြတယ်။

မူဆလင်ဘာသာ ဝင်တွေကိုဘဲ အစိုးရအလုပ်ပေးတာနဲ့ အားလုံး မူဆလင်ဘာသာဝင်တွေဖြစ်ကုန်ကြတယ်။
ဘာလီ ကျွန်းမှာဘဲ သူတို့  ထုံးစံအရ နတ်ကိုးတဲ့ ဘာသာကျန်ရစ်ခဲ့ပါတယ်။

နှစ်ပေါင်းတထောင်ကြာ  က တည်ဆောက်ခဲ့တဲ့ ဗော ရော ဗုဒ္ဓ စေတီတော်ကို တူးဖေါ်တွေ ရှိတော့  မူဆလင် အစိုးရဟာ ဖုန်းကွယ်ထားခဲ့တယ်။ မပြူပြင်ဘဲ ထားခဲ့တယ်။

နောက်တော့ ကုလ ယူနက်စကို က ကမ္ဘာ့  ယဉ်ကျေးမှုထိန်းသိမ်းရေးအဖွဲ့ ကေ၇ှးမူမပျက် ပြုပြင်ပြီး

ယနေ့  တော့ တိုးရစ်တွေ သွားရောက် လည်ပတ် ကြည်ညိုရာ အရပ် ဖြစ် ပါတယ်။

ယနေ့  မှာတော့ အင်ဒိုနီးရှား ဟာ မူဆလင်လူဦးရေ အများဆုံး နိုင်ငံဖြစ်ပါတယ်။

အာဖဂန်နစ်စတန်မှာတော့ တာလီဘန်တွေတက်လာတော့ ရှေးအကျဆုံးဖြစ်သော 

ဗုဒ္ဓ ရုပ်ထုတော်များ ကို ဖြိုခွဲ ဖျက်ဆီးလိုက်တာ ကို နှမျော စရာ သိရှိရပါတယ်။

ယနေ့  မှာတော့ ရှေးမူမပျက်ပြန်လည် တည်ဆောက်နိုင်လို့ ရမရ ဆွေးနွေးကြတာ ကို သတင်းဖတ်ရပါတယ်။

မူဆလင်ဘုရားကျောင်းလူကြီးတွေဟာ ဘာ လို့ များ သည်းသည်းသန်သန်   အခြားဘာသာဝင်တွေကို အငြိုးထား သလဲဆိုတာ စဉ်းစားလို့ မတတ်ပါဘူး။

ရှေး ကသူတို့  ခရိယာန်နဲ့ မူဆလင်တွေရန်ငြိုးတွေ ၇ှိခဲ့ ကြတာကို ယ နေ့ ထိ အယူသီးနေကြတုန်းပါဘဲ။

ဒါတွေ ကြောင့်ဘဲ ကမ္ဘာ ကြီးဟာ မငြိမ်းချမ်းနိုင်ဖြစ်နေရပါတယ်။

Sunday, November 16, 2008

“ကိုယ်ထင်တာ”

လူတွေဟာ.........
စကားကိုချိုချိုသာသာပြောတော့ ငအလို့ထင်တယ် 
ရိုင်းရိုင်းစိုင်းစိုင်းပြောတော့ အရူးတဲ့.. 
လူတိုင်းကို အပြုံးနဲ့နှုတ်ဆက်တော့ ငပေါလို့ထင်ပြန်တယ် 
ခပ်တည်တည်နေတော့ မိုက်ရိုင်းတယ်တဲ့ ... 
ပိုက်ဆံရှိတော့ မောက်မာတယ်တဲ့ 
ဆင်းရဲ့ပြန်တော့လည်း အပေါင်းအသင်းမလုပ်ဘူးပေါ့တဲ့.. 
သ၀န်မတိုတက်တော့ မချစ်လို့တဲ့ 
ချစ်တက်တော့လည်း မနာလိုတာတဲ့...
စိတ်ဆိုးတာကို ချစ်လို့တဲ့ 
ဘာမှဖြစ်မပြတော့လည်း ခံစားချက်မဲ့တယ်တဲ့ ... 
ငါဟာ ဘယ်လိုနေထိုင်ရပမလဲနော် 
သင်ဆိုရင်ရော ဘယ်လို့ဖြေမလဲ... 
ငါ့ဆီမှာ ဘာခံစားချက်မှမရှိရင်ကောင်းမှာပဲ... 
နောက်ဆုံး.........လူမဖြစ်ရင်အကောင်းဆုံးပေါ့   :D

“ဒါအကောင်းပဲ၊ ဒါအဆိုးပဲ”

ဒီပုံပြင်လေးရဲ့ သင်ခန်းစာပေးတာကို အရမ်းသဘောကျမိတယ်။
လောကမှာတခါတခါ ကိုယ်ကဖြစ်ချင်နေရဲ့သားနဲ့ ဖြစ်မလာလို့
ကံမကောင်းဘူးဆိုပြီး စိတ်ညိုငြင်ရတာတွေဖြစ်ခဲ့ပေမယ့်
ဒါကတချိန်မှာကိုယ့်အတွက်အကျိုးဖြစ်စေတာလက်တွေ့တွေအများကြီးပါ..


ကဲကဲ ... ပုံပြင် ဆက်ကြဦးစို့။
ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး
အုပ်စိုးသတဲ့။  ဘုရင်ကြီးရဲ့ ဘေးနားမှာသက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့
အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွားခေါ်သွားသတဲ့။

တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့အပါးတော်မြဲကိုမေးတယ်။
" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့
ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့
အပါးတော်မြဲက ပြန်ဖြေတယ်။
နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ
သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။
"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့
လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။
လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို အကြံဉာဏ်တောင်းသတဲ့။
"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ
အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ
ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက
အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။

တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို
တောကစားထွက်တာပေါ့ဗျာ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့
တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ
လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့
တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။

သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ
ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက်
ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့
ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ
လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို
ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို
ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့
အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့
စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ
ယဇ်ပူဇော်ခံရလို့ သေပြီလေ။

ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။
နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို
တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့
တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး
အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး
ဘုရား" လို့ လျှောက်တင်လိုက်တယ်။

ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။
ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ
အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။

ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင်
အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ
လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့
လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို
အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့
မုချမသွေပါပဲ။

ပုံပြင်လေးကတော့ ဒါပါပဲ ။
------------------------------
ပုံပြင်လေးရဲ့ အနှစ်သာရ

ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့
တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး
ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ
ဖြစ်သွားတတ်ပါတယ်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့်
အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ
ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။
အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်
ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း
လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး
မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး
ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

*လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ်
လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။
ဝမ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က
ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။
မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့
ဘ၀လက်တွဲဖော် တွေ ပါပါတယ်။
*
မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။
အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့
ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး.......

Friday, November 14, 2008

“အချစ်ပိုကြပုံတွေ”


လက်ထပ် ထားပြီးတဲ့ Asian ယောင်္ကျားတွေမှာ
ဇနီးတစ်ယောက်နဲ့ ရည်းစားတစ်ယောက်ရှိရင်
သူတို့ရဲ့အချစ်တွေကဇနီးကိုပိုလို့ချစ်ကြပါတယ်တဲ့

လက်ထပ်ထား ပြီးတဲ့ American ယောင်္ကျားတွေမှာ
ဇနီးတစ်ယောက်နဲ့ ရည်းစားတစ်ယောက်ရှိရင်
သူတို့ရဲ့အချစ်တွေက ရည်းစားကိုပဲပိုပါတယ်တဲ့။

လက်ထပ်ထား ပြီးတဲ့ Arabယောင်္ကျား တွေမှာတော့
ဇနီးလေးယောက် ရည်းစားလေးယောက်ရှိသော်လည်းပဲ
သူတို့ရဲ့ အချစ်တွေက အိမ်ဖော်မလေး တွေကိုပဲပိုပြီး အချစ်ပိုပါတယ်တဲ့…။