ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Showing posts with label ထူးထူးခြားခြားလေးများ. Show all posts
Showing posts with label ထူးထူးခြားခြားလေးများ. Show all posts

Friday, July 9, 2010

“ကိုရင်ဂျပုလေး”


အသက် ၁၆ နှစ်အရွယ်ရှိသော်လည်း နှစ်ပေခွဲကျော် (၇၇ ဒသမ ၄၇ စင်တီမီတာ) အမြင့်သာရှိသည့် ရှင်ကုဏ္ဍလ (လူအမည်ကျော်ဆန်းဦး) သည် အဖ ဦးကျော်မြင့်နိုင်၊ အမိ ဒေါ်ကြည်ဝင်းတို့က ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင်မွေးဖွားပြီး မွေးချင်းညီအစ်ကို သုံးယောက် အနက် အကြီးဆုံးဖြစ်သည်။ မကွေးတိုင်း၊ ပေါက်မြို့ရှိ ရန်အောင်မြင်ကျောင်းတိုက်တွင် သီတင်းသုံးလျက်ရှိသည်။

Tuesday, April 27, 2010

"ဆံပင်အရှည်ဆုံးအမျိုးသမီး"

တရုတ်နိုင်ငံ ကျန်စီပြည်နယ် စီကျင်းမြို့တွင်နေထိုင်သော စီကျူပင်းအမည်ရှိ အမျိုးသမီးတဦး၏ ဆံပင်အရှည်မှာ ၁၈ပေ ၅လက်မကျော် ရှည်လျားရာ ကဘာပေါ်တွင် ဆံပင်အရှည်ဆုံးအမျိုးသမီးတဦးအဖြစ် ဂင်းနက်စ် မှတ်တမ်းတွင်ဖော်ပြခြင်းခံရသည်။ သူမသည် အသက် ၁၃နှစ်အရွယ် ၁၉၇၃ခုနှစ်မှစတင်ကာ ဆံပင်များကို မညှပ်ပဲ အရှည်ထားရှိခဲ့ခြင်းဖြစ်သည်။

Tuesday, March 16, 2010

"ကမ္ဘာ့အရပ်အပုဆုံးလူသားကွယ်လွန်"


ကမ္ဘာ့အရပ်အပုဆုံးလူသား He Pingping သည် ရောမမြို့၌ စနေနေ့က ကွယ်

လွန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ၂ ပေ ၅ လက်မသာ အရပ်အမြင့်ရှိပြီး တရုတ်နိုင်ငံ

ဝူလာချာဘူမြို့တွင်  ၁၉၈၈ ခုနှစ်က ဖွားမြင်ခဲ့ပြီး ၂၀၀၈ ခုနှစ်က  ကမ္ဘာ့ အပုဆုံးလူ

သားအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူသည် The Record Show ရုပ်မြင်သံကြားအစီ

အစဉ်တွင် ပါဝင်ရန်အတွက် အီတလီနိုင်ငံ ရောမမြို့သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

The Record Show အစီအစဉ်၌ အပိုင်းနှစ်ပိုင်း ရိုက်ကူးပြီးနောက်တွင် သူသည် ရင်

ဘတ်အောင့်သည့်  ဝေဒနာ ခံစားနေရ၍ ဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ပြီး နှစ်ပတ်အ

ကြာ စစ်ဆေးမှုအားလုံးပြုလုပ်ပြီးနောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။သူ့မိသား

စုများ၏ ဆန္ဒအရ Mr Pingping ၏  ရုပ်အလောင်းအား မွေးရပ်မြေ တရုတ်နိုင်ငံသို့

ပြန်လည်ယူဆောင်သဂြိုလ်မည် ဖြစ်သည်။

Friday, February 19, 2010

"မြန်မာနိုင်ငံသားပညာရှင်ရဲ့ စွမ်းဆောင်ချက်"


မြန်မာတိုင်းစ်တွင် ဖက်လိုက်ရသော သတင်းအား ဝေမျှလိုက်ပါသည်...
အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံ နှင့် လောင်စာဆီရှားပါးမှုပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင်အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်န၀ါရီလ ၂၅ရက်နေ့တွင် ပြောသည်။
"ဒီနည်းပညာက ဘယ်သူမှ မတီထွင် နိုင်သေးပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာအောင် ငွေကုန်ခံ၊ လူပင်ပန်းခံ၊ မိသားစုကို စွန့်လွှတ်ပြီး ရှာဖွေ တီထွင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြည့်သွားရုံ တင်မကဘဲ ပိုတောင်ပိုပါသေးတယ်" ဟု ၎င်းက ပြောသည်။
လောင်စာမဲ့လျှပ်စစ်နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ်အနည်းငယ်မှ လျှပ်စစ်များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာနှင့် တွဲဖက် အသုံးပြုကာ စွမ်းအားပမာဏ ကြီးမားစွာ ထုတ်လုပ်နိုင်သော လျှပ်စစ်ထုတ်စက်ကို တီထွင်အသုံးပြုခြင်း ဖြစ်သည်။
အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။
ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။
ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။
ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာနိုင်သည်။
တစ်ချိန်က အသုံးပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။
လောင်စာမဲ့ ဆိုသည့်အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာကိုမှ တင်စရာ မလိုတော့သည့်အတွက် ၀န်အား သက်သာ သွားမည်။ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းပိုမို အဆင်ပြေမည် ဖြစ်သည်။ မီးရထားတွင်လည်း ကျောက်မီးသွေး စက်ခေါင်းကဲ့သို့ ဘွိုင်လာစက်ခေါင်း အဖြစ်ပြန်တပ်ဆင် အသုံးချနိုင်သည်။
"လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာလို့ ပေးထား ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။
ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ဆရာဖြစ်သူဦးကျော်ဝင်း ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။
ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃၀ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
"ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ခုနှစ်ကပါ။အဲဒီအချိန်တုန်းက ဆရာမှာ တပည့်မရှိသေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာတွေကို အကုန်မရခဲ့သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော်လုပ်စားဖို့ စိတ်မ၀င်စားခဲ့ဘူး။ ဆရာ့ ပညာကိုလည်း ကျွန်တော်လိုက်မမီပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေဆက်ခံမယ့် လူမရှိတာနဲ့ ကျွန်တော်အရဲစွန့်ပြီး လုပ်ခဲ့ တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်" ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။
"ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင်ပေးရတယ်။ နောက်ပိုင်း ဒီနည်းစနစ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ၀ှက်ဖဲတွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်းကိုယ့်ဘာသာ ကိုယ်ဆင်လိုက်တာ လေးလုံးမြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်းတွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက်မမှန်ဘူး။ ဒါကို နည်းပညာတစ်ခုနဲ့ထပ်ပြီး စမ်းသပ်တာရယ် ငွေမရှိတာတွေကြောင့် ပိုကြာ သွားတာပါ" ဟု ရှင်းပြသည်။
"ဓနအင်အားပြည့်စုံတဲ့လူကသာ မတည်ရင်းနှီးငွေ ထည့်မယ်ဆိုရင် ဒီ လောင်စာမဲ့လျှပ်စစ်နည်းပညာသစ်ကို အခြေခံပြီး နောက်ထပ် နည်းပညာများ ထပ်မံပေါ်ထွန်းလာဦးမှာပါ" ဟု ၎င်း က ပြောသေးသည်။
ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက်၅၃နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏စက်ပိုင်း ဆိုင်ရာကို တာဝန်ယူပြုပြင်ခဲ့ရသည်။ ကိုယ်ပိုင်ဂျစ်ကားများမှ ဂျစ်ဘီလူးအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။
ယခင်က ကျောက်တွင်း ၄၅တွင်းနှင့် စိုက်ခင်း ဧက၂၀၀ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။
အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅)မျိုးရှိသည့်အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံးပြုနေသော ရေဖိအားသုံး တာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်ရေရှည်တွင်ကုန်ကျ စရိတ် သက်သာ ထိရောက် သော်လည်း စတင်တည်ဆောက်ချိန်တွင် တည် ဆောက်စရိတ် အလွန်ကြီးမားသည်။
လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ်ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များရှိနေရမည့်အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေမြေသဘာဝ ပထ၀ီအနေထား ကန့်သတ်ချက်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးမှုကြောင့် တည်ဆောက်ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမိုသုံးစွဲနိုင်သည်။
အချို့မြို့များကို လျှပ်စစ်ပေးရာတွင် မိုင်ပေါင်းများစွာ ဝေးကွာမှုကြောင့်တည်ဆောက်စရိတ်ကြီးမားကာ လိုသလောက် မရနိုင်ပေ။
လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်ခြင်းသည် သဘာဝဘေးဆိုးများ၊ သဘာဝ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနှင့် ဆူညံမှုတို့ဘေးမှ ကင်းဝေးသည်။
ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့်အားနည်းချက် မျှမရှိပေ။ ပေ ၁၀၀ ထ ၅၀ ရှိသည့် နေရာတွင် လျှပ်စစ်ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်းပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင်ဝပ်တစ်သန်းရှိ သည့်အတွက် ၀ပ်သန်းနှစ်ဆယ် ဆိုပါက မြို့လေးတစ်မြို့ကို မီးအလင်းပေး နိုင်သည်။
အဆိုပါစက်မှာ ရှိရင်းစွဲပင်ရင်းမှ ထွက်လာသောအားကို ၁၀ဆပို ထုတ်လုပ်မည်ဖြစ်သည်။ ဥပမာ ၁၂ကီလိုဝပ် ရှိ မီးစက်အင်ဂျင်မှ ရှိရင်းစွဲလျှပ်စစ်ကို ယူပြီး ၁၀ဆပွားလိုက်လျှင် ကီလိုဝပ် ၁၂၀ ထွက်သည်။ ၀ပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ၀ပ်၁၂,၀၀၀ကနေ ၀ပ် ၁၂၀,၀၀၀ ထွက်သည်။ ထိုထဲမှ ၀ပ် ၅၀,၀၀၀ကို ကောင်းကောင်း အသုံးပြု နိုင်သည်။
ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။
ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀၀မှ ၄,၈၀၀အတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှအားကို ဖန်တီးယူထားခြင်း ဖြစ်သည်။
12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများဆီသို့ ပေးပို့မည် ဖြစ်သည်။
ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း၁၀၀လိုလျှင် အချောင်း ၁၅၀ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅၀ထဲမှ တစ်ချောင်းကို On လိုက်မည် ဖြစ်သည်။ ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။
ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂၀ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂၀ လွှတ်ပြီး ၂၀၀နှင့်မှ ရုန်းပါက ၂၀၀လွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင်လည်မည်ဖြစ် ပြီး ဖိအားဖြင့် ဒလက်များလည်စေကာ လျှပ်စစ်ထုတ်ယူမည်ဖြစ်သည်။
"ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ"ဟု ဦးစိုင်းသန့်ဇင် က ၄င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။
မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ၀ပ် အား၁၂,၀၀၀သာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ၀ပ်၁၀,၀၀၀ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ၀ပ် ၃,၆၀၀နှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ၀ပ် ၄၃,၀၀၀အား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
"မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ" ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,၅၀၀ရှိပြီး အနည်းဆုံး မဂ္ဂါဝပ် ၁,၂၀၀လောက် ရရှိလျှင် အဆင်ပြေ သည်ဟု သိရသည်။
ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅၀မဂ္ဂါဝပ်မှ အများဆုံး ၅၈၀မဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့်မဂ္ဂါဝပ်ထက် အမှန်တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။
လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄၀ လိုသည် ဆိုပါက ပေ၁၀၀ ၀န်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ၀ပ်ရှိသည့် စက်အလုံး၂၀တပ်ဆင်ထားပါက ၄၀မဂ္ဂါဝပ်ရရှိမည်။
သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။
ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်န၀ါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။

"ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ" ဟု တရုတ်ပညာရှင် တစ်ဦးကပြောကြားကြောင်းသိရသည်။

Sunday, January 17, 2010

"ကမ္ဘာအရပ်အရှည်ဆုံးလူသားနှင့် အပုဆုံးလူသား"



တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကမ္ဘာအရပ်အရှည်ဆုံးလူသားနှင့် အပုဆုံးလူသားတို့ ဇန်န၀ါရီလ 14ရက်နေက တွေ့ဆုံခဲ့ကြတယ်တဲ့..
တူရကီနိုင်ငံမှ ကမ္ဘာ့အရပ်အရှည်ဆုံး ဆူလ်တန်ကိုဆန်မှာ အရပ် 8 ပေ 1 လက်မရှိပြီး၊ တရုတ်နိုင်ငံမှ ကမ္ဘာ့အရပ်ပုဆုံးလူသား ဟီပင်းပင်းမှာ အရပ် 2 ပေ 5 လက်မသာရှိကြောင်းသိရသည်...

Saturday, January 16, 2010

"နေကြတ်မှု့"



ထောင်စုနှစ်အတွင်း အချိန်အကြာဆုံး နေကြတ်မှု့ဖြစ်စဉ်ကို ဇန်န၀ါရီလ 15 ရက်နေ့က တွေ့ရစဉ်




ဇန်န၀ါရီ 15 ရက်နေ့ ညနေ 3နာရီခန့်က နေကြတ်မှု့ကို ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအနီးမှတွေ့ရစဉ် ( အောက်ပုံ) ကြေးမုံသတင်းစာမှ


နေကြတ်မှု့ဖြစ်စဉ်ကို အာရှတိုက်နှင့် အာဖရိကတိုက်တွင် နေထိုင်သူများသာ မြင်တွေ့ကြရသည်ဟုဆိုသည်။
နေကြတ်မှု့ကြာချိန်မှာ 11မိနစ်နှင့် 8 စက္ကန့်ကြာမြင့်ခဲ့သည်။
အာဖရိကတိုက် အလယ်ပိုင်းနိုင်ငံများ၊ မော်လ်ဒိုက်၊ အိန္ဒိယတောင်ပိုင်း၊ သိရိလင်္ကာမြောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဒေသ အချို့မှမြင်တွေ့ခဲ့ကြရသည်။
နေကြတ်မှု့ကို အပီအပြင်မြင်တွေ့ရသော နေရာမှ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မော်လ်ဒိုက်ကျွန်းနိုင်ငံ၏ အဓိက ကျွန်းဖြစ်သော မာလီကျွန်းဖြစ်သည်ဟု နက္ခတ္တဗေဒပညာရှင်များက ပြောကြားကြောင်းသိရသည်။

Sunday, November 1, 2009

“ဆယ်ထပ်ရုပ်ရှင်တော်မြတ်ကြီး၏ထူးခြားမှု့များ”




ပြည်မြို့ ၊ တိုင်းလုံးချမ်းသာဆုတောင်းပြည့် ဆယ်ထပ်ရုပ်ရှင်တော်မြတ်ကြီးမှ 31.8.2009 ရက်နေ့ ညနေ ၅ နာရီခန့်မှာ မျက်ခုံးတော် ၊ မျက်လုံးတော် ၊ ပါးစပ်တော်တို့မှ တရားဟောသဟန် လှုပ်ရှားခဲ့ကြောင်းကို ရန်ကုန်တိုင်း ကျောက်မြောင်း၌ နေထိုင်သော ကိုထွန်းထွန်းနိုင်ဆိုသူမှ ရွှေဆံတော်စေတီမြတ်ကြီး၏ အရှေ့ဘက်အောင်မြေ ၊ ရှုခင်းသာ လက်ရမ်းမှ ဆယ်ထပ်ရုပ်ရှင်တော်မြတ်ကြီးအား လှမ်း၍ ဖူးမြော်ကြည်ညိုရာတွင် ထူးခြားသော ထိုအဖြစ်ကိုတွေ့ရှိခြင်းကြောင့် သူ၏လက်ကိုင်ဖုန်းဖြင့် မှတ်တမ်းတင်၍ ဓမ္မဒါန ပြုလုပ်ထားခြင်းဖြစ်ပါတယ်...မသိသေးသော သူငယ်ချင်းများအတွက် ဖြစ်ပါသည်....
ဒေါင်းလုပ် လုပ်ချင်ရင်အောက်က လင့်မှာ လုပ်နိုင်ပါတယ်..
http://www.multiupload.com/2RLAQT501S

Thursday, October 8, 2009

"ခြေထောက်နဲ့မြွေ ဆိုပဲ ;)"

ခြေထောက်နဲ့မြွေ တရုတ်မှာတွေ့ရှိခဲ့တယ်တဲ့ ဟုတ်မဟုတ်တော့မသိဘူး :P ဆက်ဖတ်ကြည့်ပါဦး ....




အသက် ၆၆ နှစ်အရွယ် Duan Qiongxiu က ညသန်းခေါင်ယံ အချိန်မှာ
မြွေတစ်ကောင်ဟာ သူ့မရဲ့ အိမ်ခန်းထဲမှာ နံရံကို သူ့ရဲ့ ခြေသည်းတွေကို အသုံးပြုပြီးတွက်တက်နေတာ တွေ့ရှိခဲ့ပါတယ်လို့ သူမက ပြောခဲ့ပါတယ်။
ကျမဟာ ထူးခြားတဲ့ ကုပ်ခြစ်သံ တစ်မျိုး ကြောင့်ကျွန်မ အိပ်ယာနိုးလာခဲ့တယ်။
ဒါနဲ့ဘဲ မီးဖွင့်လိုက်တဲ့အချိန်မှာတော့ အဲ့ဒီ ထူးဆန်းတဲ့သတ္တဝါဟာ နံရံပေါ်ကို သူ့ရဲ့ခြေသည်းတွေနဲ့ တက်ဖို့ လုပ်နေတာကိုတွေ့ရတယ်လို့သူမကပြောပြခဲ့ ပါတယ်။
ဆက်လက်ပြီးသူမက ကျမတွေ့တော့ အရမ်းအကြောက်ခဲ့တယ် ဒါနဲ့ဘဲ ရိုက်သတ်ပြီး အရက်ပုလင်းထဲ ထည့်လို့တယ် လို့ပြောခဲ့ပါတယ်။


မြွေရဲ့အရှည်ဟာ ၁၆ လက္မရှိပြီး လုံးပါတ်ကတော့ လက်သန်းထက် နဲနဲ ကြီးတယ်လို့သိရပါတယ်။
အခုတော့ တရုတ်နိုင်ငံအနောက်ပိုင်း Nanchang မှာရှိတဲ့ တက္ကသိုလ်တစ်ခုရဲ့ သိပ္ပံဌာနမှာ သုတေသန ပြုလုပ်နေပြီဖြစ်ပါတယ်။
မြွေနဲ့ပါတ်သက်ပြီး ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ Long Shuai က "ဒါဟာတကယ်ကို တုန်လှုပ်ချောက်ချားစရာကောင်းပါတယ်။
ကျနော်တို့မခွဲကြည့်မှီအချိန်အတိ ဘာလဲဆိုတာမပြောပြနိုင်မှာ မဟုတ်သေးပါဘူး။
တခါတလေမှာတော့ တိရိစ္ဘာန်တွေဟာ ဒါမျိုးရှိတတ်ကြတယ်လို့သိရပါတယ်။

Thursday, September 17, 2009

"အရပ်အရှည်ဆုံး တူရကီနိုင်ငံသား"


ကြီးမားသော ခြေထောက်နှင့် လက်အရွယ်အစားရှိသည့် အရပ်အရှည်ဆုံး

အမျိုးသားတစ်ဦး ပထမဆုံးအနေနှင့် ကမ္ဘာ့ဂင်းနစ် စံချိန်တင်နိုင်ခဲ့ပြီဖြစ်သည်။

(၂၀၀၉) ခုနှစ်၊ ဂင်းနက်မှတ်တမ်း စာအုပ်တွင် ကမ္ဘာ့ အရပ်အမြင့်ဆုံး လူသားအဖြစ် ဖော်ပြခံရသည်မှာ

တရုတ်နိုင်ငံသား ဘိုစီရှမ်း ဖြစ်ပြီး ၎င်း၏အရပ်မှာ (၇)ပေ (၉)လက်မ ရှိသည်။

တူရကီနိုင်ငံသား မစ္စတာ ကိုဆန်သည် အရပ် ၈ပေနှင့် တစ်လက်မရှိသည်။

ယူကရိန်း နိုင်ငံသား လီယိုနော့ စတန်နစ်မှာ အရပ်(၈)ပေ (၅.၅) လက်မရှိသည်ဟု ဆိုသော်လည်း

သူ့အကြောင်း အကျယ်တပွင့် ပြောကြားခြင်းမရှိသောကြောင့် ကိုဆန်မှာ အရပ်ရှည်သူအဖြစ် သက်မှတ်ခြင်းခံရသည်။

၂၇ နှစ်ရှိပြီဖြစ်သော မစ္စတာ ကိုဆန်၏ လက်ဖ၀ါးမှာ ၁၀.၈ လက်နှင့် ခြေဖ၀ါးမှာ ၁၄.၃ လက်

မ အရှည်ရှိသည်။ ၂၀၁၀ ဂင်းနစ်မှတ်တမ်းဝင်ရန်အတွက် အင်္ဂလန်သို့ရောက်ရှိ

လာသော မစ္စတာ ကိုဆန်သည် ယခုကျော်ကြားမှုဖြင့် ချစ်သူတစ်ယောက် ရယူ

နိုင်ရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် သူသည် သူ့ခန္ဓာကိုယ်နှင့်

အဆင်ပြေမည့် ကားတစ်စီးလည်း လိုအပ်လျက်ရှိသည်။ ၈ ပေထက် ပို၍အရပ်

မြင့်သည့် လူအား ဆယ်စုနှစ်ကျော်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် တွေ့

ရှိခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်သို့ လာရောက်ခြင်းသည် တူရကီနိုင်ငံပြင်ပသို့ ပထ

မဆုံးအကြိမ် ထွက်သည့် ခရီးဖြစ်ပြီး အမေရိကန်နှင့် ဂျာမနီနိုင်ငံသို့ပါခရီးဆက်

လက်ချီတက်ဦးမည်ဟုမစ္စတာကိုဆန်ကဆိုသည်။သူသည် ၁၀ နှစ်သားအရွယ်

အထိ ပုံမှန်အတိုင်းသာကြီးထွားလာခဲ့ပြီးနောက်ပိုင်းတွင်အကျိတ်တစ်ခုကြောင့်

သာမန်ထက် ပိုမိုဖွံ့ဖြိုးလာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သောနှစ်က အကျိတ်အား ခွဲ

စိတ်ဖယ်ထုတ်လိုက်ပြီးနောက် အရပ်ရှည်မှု့ ရပ်တန့်သွားမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

Monday, September 14, 2009

"တရုတ်နိုင်ငံမှ တစ်နှစ်အရွယ် ကလေး ကိုယ်ဝန်ဆောင်!!!!!"

အင်တာနက်မှာ ပြန့်နေတဲ့ သတင်းတပုဒ်ပါ (ဟုတ်မဟုတ်တော့ အတိကျ မသိပါ .. တရုတ်ရုပ်မြင်သံကြားများမှာလည်း ပြသတယ်လို့ ဆိုပါတယ်) မသိသေးသော သူငယ်ချင်းများ အတွက် ဖော်ပြပေးလိုက်ပါတယ် .....

တရုတ်နိုင်ငံမှ Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကိုသိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အံ့သြတုန်လုပ်သွားကြပါတယ်။


Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွား ပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့သူမကိုယ်ဝန်ရှိတယ် ဆိုတာသိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမွှာပူးဖြစ်နေပါတယ်။
ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ်မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သန္ဓေသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ် လို့ဆရာဝန်ကပြောပါတယ်။

ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်း မှာမှတစ်ယောက်တောင်ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့အချိန်ကြရင်တော့ နာကျင်စွာနဲ့ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။

ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သန္ဓေသားကဆက်လက်ကြီးထွားနေလို့ဘဲဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။

Wednesday, July 29, 2009

"ထူးခြားသောဖန်တီးမှု့များ"


ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဆင်ခံအဆောက်အဦး ဖြစ်သည်။
ဆင်နှာမောင်းဖြင့်မြေကြီးကိုထောက်ကာ ဆင်ခြေထောက်ဖြင့် အမိုးကို ဟန်ချက်ညီညီ မထားသောပုံဖြစ်သည်။
အမြင့် ကီလိုမီတာ 18000 အထိ ကမ္ဘာမြေကြီး ဆွဲငင်အားကို ဆန့်ကျင် အန်တု တည်ဆောက်ထားသော အဆောက်အဦးဖြစ်ကြောင်း သိရသည်။



ထိုမီးပွိုင့်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပဒေသာအချက်ပြလမ်းမီးတိုင်ဖြစ်သည်။
မီးတိုင်တခုတည်းမှ အချက်ပြမီးပေါင်း 75 ခုရှိပြီး အမြင့်မှာ 8 မီတာ ရှိကြောင်းဗဟုသုတဝေမျှလိုက်ပါသည်။

Monday, July 27, 2009

"လေပေါ် ရဟက်ယာဉ်ဟိုတယ်"




အမေရိကန် ကနေဒီလေဆိပ်မှာ အခြေဆိုက်သော ရဟက်ယာဉ်ဟိုတယ်ဖြစ်ပါသည်။
ဟိုတယ်ပြုလုပ်ရန် အထူးပုံစံထုပ်လုပ်ထားသော ရဟက်ယာဉ်ဖြစ်ပြီး 2004 ခုနှစ်ကစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဟက်ယာဉ်ဟိုတယ်၏ အချင်းမှာ 115 ပေရှိပြီး အထပ်လေးထပ်နှင့် အခန်းပေါက်း 18 ခန်းပါရှိသည်။
ရဟက်ယာဉ်ဟိုတယ်၏ အလေးချိန်မှာ 232870 ပေါင်ဖြစ်သည်။
ရဟက်ယာဉ်ဟိုတယ်အတွင်းတွင် အိပ်ခန်းများ၊ အင်တာနက်၊ မီနီဘား၊ ကော်ဖီဖျော်စက်နှင့် စားသောက်ခန်းများပါရှိသည်။
ကြယ်ငါးပွင့် အဆင့်ရှိသော ဟိုတယ်အတိုင်းတည်ဆောက်ထားခြင်းဖြစ်ပြီး ဧည့်သည်များဆန္ဒအတိုင်း ခရီးစဉ်များပျံသန်းပေးကြောင်း သိရသည်။

Saturday, May 23, 2009

“ရှားပါးသော ကျီးကန်းဖြူ”


ရခိုင်ပြည် စစ်တွေမြို့တွင် အလွန်တရာမှ ရှားပါးသော ကျီးကန်းဖြူတကောင်ကို များမကြာမှီက ဖမ်းဆီး ရရှိခဲ့သည်ဟုဖတ်လိုက်ရသည်..

ဖမ်းမိတာကတော့ စစ်တွေမြို့ တက္ကသိုလ်ရှေ့မှာ ရှိတဲ့ ပင်လယ် ကဗွီးပင်ပေါ်က ကျီးကန်း အသိုက် အတွင်းမှ ရရှိခဲ့တာ ဟုသိရသည်.. ဒီကောင်က အတောင်မစုံသေးတဲ့ အရွယ်ဖြစ်လို့ မပျံနိုင်သေးပါဘူး။ ကျီးမဆီက အစာတောင်းနေတဲ့ အခါ အနီးအနားက လူတွေ မြင်ပြီး ရရှိခဲ့တာ ဟုသိရသည်...

Tuesday, April 21, 2009

“ရဟန်းဏာ ဈာန်ကြွနေတာ”

http://www.youtube.com/watch?v=YWNLTvWOvX0&feature=player_embedded

ရဟန်းဏာ ဈာန်ကြွနေတာ



သင်္ကြန် အကြိုနေ. နေ.လည် 3 နာရီကျော်လောက်က ရန်ကုန်
မြို. မြောက်ဒဂုံ မှာဖူး ရတာလို. ပြောပါတယ်... (ကျနော်လည်း အတိအကျမသိပါ)ကုသိုလ် ထူးတဲ. လူတွေဘဲ ဖူးရတာပါ...အဲဒါ
ကို ဗီဒီယို မှတ်တမ်း လေး တင်လိုက်နိုင်လို(ကျနော် ရိုက်တာမဟုတ်ပါ :P) မဖူးရသေးသူများ အတွက် မျှဝေ လိုက်ပါတယ် ခင်ဗျာ...

Tuesday, April 7, 2009

“ဘုရားရှင် ပုံတော် အစစ်ဆိုပါလား”



စာများ ကိုမြင်ရစေရန် ကလစ် လုပ်ပီးဖတ်ရူ့ပါ..

Saturday, March 28, 2009

“ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးကြီး”


ကာဇက်စတန်နိုင်ငံ ကာရာဂန်ဒါမြို့ရှိ အမျိုးသမီးကြီး ဆာဓမ်ဒိုဆိုဖာသည် အသက် ၁၃၀ ရှိပီဖြစ်ရာ ကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်လျှက်ရှိသည့် အသက်အကြီးဆုံး အမျိုးသမီးကြီးဖြစ်ကြောင်း သိရသည်။ သူမ၏ မွေးသက္ကရစ်မှာ ၁၈၇၉ ခုနှစ် မတ်လ ၂၇ ရက်နေ့ဖြစ်ပီး အိမ်ထောင်နှစ်ဆက်ရှိခဲ့ကာ သားသမီး ၃ ဦးနှင့် အတူနေထိုင်လျှက်ရှိကြောင်းသိရသည်။

Sunday, December 14, 2008

“မျက်နှာနှစ်ခုပါသော ကလေးငယ်”


အိန္နိယနိုင်ငံ ဥတာပရာဒေ့ရှ်ပြည်နယ် နာဝါခရိုင် ဆာနီကျေးရွာတွင် မွေးဖွားသော မျက်နှာနှစ်ခုပါသော ကလေးငယ်ကို ဒီဇင်ဘာ ၁၂ရက်နေ့ကတွေ့ရစဉ်... (ကြေးမုံ)

Thursday, November 20, 2008

”ကမ္ဘာ့မုတ်ဆိတ်အရှည်ဆုံးလူသား“


ကိုလံဘီယာနိုင်ငံ ဆူရာရီမြို့ သား ဆာဝမ်ဆင်းအမည်ရှိ အမျိုးသားကြီးတစ်ဦး၏ မုတ်ဆိတ်မွေးအရှည်မှာ 
၁ ဒသမ ၈၉၅ မီတာရှိရာ ကမ္ဘာပေါ်တွင် မုတ်ဆိတ်မွေးအရှည်ဆုံးလူးသားအဖြစ် ဂင်းနက်စ်မှတ်တမ်း၌ 
ဖော်ပြခြင်းခံရသည်။

Tuesday, November 18, 2008

2012 နောက်ပိုင်းအကြမ်းဖျဉ်းအခြေအနေ


ကမ္ဘာ ၊ နေနှင့် Nibiru တို့၏လည်ပတ်ယခုလက်ရှိလည်ပတ်နေသော ပတ်လမ်းကြောင်းများ(ပုံ -၁)




ကမ္ဘာနှင့် ဆန့်ကျင်ဘက်ဖြစ်သော Nibiru ၏ လည်ပတ်နေသည့်ပုံ (ပုံ-၂)

အခုပြောမည့်အချက်များဟာ ကျွန်တော်ကျွမ်းကျင်လို့ပြောကြားခြင်းများမဟုတ်ကြောင်း

ပဏာမအနေဖြင့် ပြောပါရစေ…။ဘလော့များထဲမှာ ကောင်းနိုးရာရာများကို စုစည်းတင်ပြသည်ဟု

ဆိုလျှင် ပို၍မှန်ကုန်ပေလိမ့်မည်…။ဝေဖန်ချက်များလည်း ရေးသားနိုင်ပါသည်.။

          ကျွန်တော် ဘလော့တွေကို ဖတ်ဖြစ်ခဲ့ပါတယ်…ဘလော့ဆိုသည်များမှာ ဟုတ်သည်များရှိသလို ၊ 

မဟုတ်သည်များလည်းရှိတက်ပါသည်…စာပေ၀ါသနာအိုးများ သိပါလိမ့်မည်…။  အခုချိန်မှာ 

အများဆုံးစိတ်ထဲမှာ စိတ်အ၀င်စားဆုံးဟုသတ်မှတ်နိုင်သော အချက်တစ်ချက်ရှိ

ပေသည်…။ထိုအချက်ကို ကျွန်တော်ဖတ်လိုက်ရသည့်အတွက် ကျွန်တော့်သူငယ်ချင်းများလည်း

ကျွန်တော့်နည်းတူသိစေချင်သည့်အတွက် မျှဝေခံစားခြင်းဖြစ်ပါသည်…။

 ထူးခြားချက်တစ်ခုကို ကျွန်တော်ဖတ်မိလိုက်ပါတယ်…၂၀၁၂ ဆိုတဲ့စကားလုံးကိုပြောလိုက်

မယ်ဆိုလျှင် စာဖတ်သူများ အတော်အသင့် သိပြီးလောက်ပြီဖြစ်ပါတယ်…။

          လူတော်တော်များများလည်းစိတ်ဝင်စားမယ်လို့လည်းမျှော်လင့်ပါတယ်… ဘာလို့လဲဆိုတော့

ယခုဆိုလျှင်ပင် ၂၀၀၈ ကိုရောက်လို့ နှစ်ကုန်ပိုင်းသို့ပင်ရောက်လာပြီမဟုတ်ပါလော…လူတို့မည်

သည် မရောက်သေးသော ကာလကို တွေး၍ပူတက်သော အလေ့အထရှိတက်ပါသည်…။

          ကျွန်တော်သိသလောက်ကို ပြောရမည်ဆိုလျှင်….

          ကျွန်တော်တို့နေထိုင်သော ကမ္ဘာဂြိုလ်ပါဝင်သော နေအဖွဲ့အစည်းနှင့်လုံးဝမျှမသက်ဆိုင်သော

အာကာသအတွင်းမှာ အရာဝတ္ထုတစ်ခုအကြောင်းဖြစ်ပေသည်..။

          သူ၏အမည်မှာ Nibiru ဟုခေါ်ပါသည်..။ သူသည် ကျွန်တော်တို့ နေမိသားစုထဲမှာမဟုတ်ဘဲ

နေကို နှစ် ၃၆၀၀ကို တစ်ပတ်ပတ်လေ့ရှိပေသည်..။1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။

          သူ၏လည်ပတ်သော လမ်းကြောင်းပုံမှာ ဘဲဥပုံဖြစ်ပြီး  နေကိုတစ်ပတ်ပြည့်ရန် နှစ်ပေါင်း

(၃၆၀၀)တိုင်အောင်ကြာမြင့်ပေသည်…။

          ကျွမ်းကျင်သောသုတေသီများပြောကြားချက်များအရဆိုလျှင် Nibiru သည် ၂၀၁၂တွင်ကမ္ဘာ့

၏ပတ်လမ်းကြောင်းနှင့်အနည်းငယ် ရှုတ်ထွေး၍ လည်ပတ်နိုင်ဖွယ်ရှိပေသည်…။ ထို့အပြင် သူ၏

လည်ပတ်ပုံမှာ ကမ္ဘာ့လည်ပတ်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟုလည်းဖေါ်ပြထားခြင်းကို တွေ့ရှိရပေ

သည်..။

Nibiru ၏လည်ပတ်သည်ပတ်လမ်းကြောင်းကို စာဖတ်သူများ မြင်နိုင်ရန်အတွက် ဖတ်မိသောဘလော့

ထဲမှာ ပုံတစ်ပုံကိုတင်ပြပေးလိုက်ပါသည်..။ ပုံ(၂) ဖြစ်ပါသည်။


ထိုအရာဝတ္ထုသည် ၂၀၀၉ သို့ရောက်လျှင် ကမ္ဘာပေါ်မှာပင်လျှင် မြင်နိုင်ဖွယ်ရှိသည်ဟုလည်း

အတိအလင်းပြောကြားထားပေသည်..

          သိမြင်သူများပြောပုံအရဆိုလျှင် ၂၀၀၉ခုနစ်မှစ၍ Nibiru သည် ကမ္ဘာဆီသို့သိသိသာသာရွေ့

လျားလာမည်ကို ကျွန်တော်တို့မျက်ဝါးထင်ထင်တွေ့နိုင်ဖွယ်ရှိသည်…၂၀၀၉ ခုနှစ် မေလ ၁၅တွင်

ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သို့သော် ၂၀၀၉တွင်

အားလုံးသောလူများမြင်ရအုန်းမယ်မဟုတ်ဘဲ  ကမ္ဘာ့တောင်ဘက် အဖျားစွန်းပိုင်းမှာသာလျှင် တွေ့

အုန်းမည်ဖြစ်သည်..။သို့သော်မကြာပါ… ၂၀၁၁ ခုနှစ်မေလလောက်ဆိုလျှင် ကမ္ဘာပေါ်မှာရှိသော အားလုံးသောလူအများသည် Nibiru ကို မျက်ဝါးထင်ထင်တွေ့ရှိရပေလိမ့်မည်…။

          ကျွန်တော်တို့ငယ်ငယ်က စာသင်တုန်းက ကျွန်တော်တို့တွင် နေတစ်စင်းသာရှိသည်ဟုသင်

ခဲ့ရပေမယ်…သို့သော် ၂၀၁၁ဆိုလျှင် ကျွန်တော်တို့တွင် နေနှစ်စင်းကိုပိုင်ဆိုင်တော့မည်ဖြစ်သည်..

Nibiru သည် ဒုတိယ နေမင်းအဖြစ် လ ပမဏအရွယ်အစားလောက်ရှိနေသောအရွယ်အထိသို့ပင်

ကျွန်တော်တို့ မြင်ရပေမယ်ဖြစ်သည်..။

          အခုလောက်ဖတ်ပြီးပြီဆိုလျှင် စာဖတ်သူတို့စိတ်ထဲတွင် အတွေးလေးနည်းနည်းတော့ဝင်

ရောက်နေပြီဟုသတ်မှတ်လို့ရလောက်ပါပြီ..။

          ကျွန်တော်တို့ မြန်မာတို့တွင်အယူအဆတစ်ခုရှိပေသည်… အဖကို နေမင်း၊ အမိကို လမင်းဟု တင်စားကြသည်မဟုတ်ပါလော…ထို့ကြောင့် ၂၀၁၂ဆိုလျှင် မွေးဖွားလာသောကလေးများတွင် အဖ

၂ ယောက်ရှိလာမည်လား…။ (မဆိုင်သော်လည်း စာဖတ်သူများ ဖတ်နေရင်းခေါင်းပူလာမည်ဆိုးသော

ကြောင့် ဟာသလေးနှောလိုက်ခြင်းဖြစ်ပေသည်…။ :P)

          ဆက်ရေးရမည်ဆိုလျှင် …

          ကျွန်တော် Nibiru ဆိုတဲ့အရာဝတ္ထုကို ဧည့်သည်အဖြစ်သတ်မှတ်ချင်ပါသည်… ကျွန်တော်တို့

တွင်ရှိသော စကားပုံတစ်ခုကိုပြောချင်ပါသည်.. ဧည့်သည်လာအိမ်ရှင်ဖယ်ပေးရသည်ဆိုသောစကားပုံ

ပင်ဖြစ်သည်..ဧည့်သည်ဟူသောအမျိုးမှာ ကောင်းသောလာခြင်းဘဲဖြစ်စေ ၊ မကောင်းသောလာခြင်း

ဘဲဖြစ်စေ အိမ်ရှင်တို့က ဖယ်ပေးရစမြဲပင်ဖြစ်သည်…။

          Nibiru ဆိုသော အရာဝတ္ထု သည် အဘယ်ဆီမှလာမှန်းမသိသကဲ့သို့ အဘယ်ဆီသို့သွားမယ်

မှန်းမသိသော ဧည့်သည်ဖြစ်ပေသည်…တင်ပြချက်များအရသာဆိုလျှင် Nibiru သည် ကမ္ဘာအပါအ၀င်

နေအဖွဲ့အစည်းအတွက် ကောင်းသောလာခြင်းမဟုတ်သော ဧည့်သည်ဖြစ်ကြောင်း သိသာနေပေပြီ..။

ထိုသို့သော ဧည့်သည်၏ဒဏ်ကို အခံရဆုံးမှာလည်း ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာပင်ဖြစ်သည်..။

 Nibiru သည် ကမ္ဘာကိုဝင်တိုက်မည်ဟုဖေါ်ပြထားသည်ကိုမတွေ့ရပေ..သာမန်ဆိုလျှင် ၂၀၁၂ဆိုသော

အချိန်ကို ဘယ်ဂြိုလ်များ ဘယ်လောက်ကြာကြာ ပတ်၍ဖြတ်သွားပါစေ သတိထားမိမည်မဟုတ်ပေ..။

သို့သော် ယခုကျွန်တော်တို့ဆီသို့ လာရောက်လည်ပတ်မည့်ဧည့်သည် သည် ကျွန်တော်တို့ကမ္ဘာ

လည်ပတ်နေသော အရပ်မျက်နှာနှင့် ဆန့်ကျင်၍လည်ပတ်ကာ အလည်လာမယ့်သူဖြစ်ပေသည်..။

          ကျွန်တော်တို့ ၊စာဖတ်သူတို့ကြားဖူးနားဝရှိသောစကားတစ်ခွန်းရှိပေလိမ့်မည်…။ အိမ်တစ်အိမ်

တွင် သားသမီး ဆိုးလွန်းလျှင် မိဘများသုံးလေ့ရှိသောစကားတစ်ခွန်းဖြစ်ပါသည်..။(မင်းဟာ ငါတို့ မိသားစုအတွက်တော့ဂြိုလ်ဆိုးဘဲ ) လို့ပြောလေ့ပြောထစကားသံကို စာဖတ်သူများ ကြားဖူးပေလိမ့်

မည်…ယခင်က ကျွန်တော်သည် ဂြိုလ်ဆိုးဟူသောစကားကို ကြားသာလျှင်ကြားဖူးပေသည်..သို့သော်

ယခုဆိုလျှင် ဂြိုလ်ဆိုးဟူသော အရာကိုလည်းမျက်ဝါးထင်ထင်မကြာမီတွေ့ရှိရတော့မည်ဟု တွေး

တောနေမိပါပြီ..ကျွန်တော်ယခုတော့သိလိုက်ပါပြီလေ… ဂြိုလ်ဆိုးဟူသည်မှာ- လူများအကျိုးအတွက်

သော်လည်းကောင်း ၊ ကိုယ့်ကိုယ်ကျိုးအတွက်သော်လည်းကောင်း အထောက်အကူမပြုနိုင်သောသူ

ကိုခေါ်ဆိုသည်ဟု မှတ်ထားလိုက်ပါပြီ…ထို့ကြောင့် ကျွန်တော်လည်း Nibiru ကို ပြောလိုက်ချင်ပါ သည်..။

Nibiru ရေ…

မင်းဟာ ငါ့တို့ကမ္ဘာအတွက် ကံကောင်းခြင်းတွေမပေးဘဲလာမယ့် ဂြိုလ်ဆိုးပါလားကွာ…လို့

အော်ဟစ်ကာ ပြောလိုက်ချင်ပါသည်…။

          စာဖတ်သူများကို ဖြဲခြောက်သည်ဟု မပြောစေလိုပါ… ကျွန်တော်လည်းကျွမ်းကျင်သူများ၏

ရေးသားချက်များကို မှီငြမ်းပြီးမှ ရေးသားထားခြင်းများကြောင့် ၂၀၁၂တွင်ဖြစ်လာမည့်အဖြစ်အပျက်

များဟာ မှန်ကန်မည်ဟုတစ်သမတ်တည်း ပြောနိုင်ခြင်းမရှိပေ..အဘယ်ကြောင့်ဆိုသော်ကျွန်တော်က

ဗေဒင်ဆရာမဟုတ်ခြင်းကြောင့်သာဖြစ်သည်…။

          ဖြဲခြောက်သည်ဟု ဆိုလျှင် ဆိုပါစေတော့..နည်းနည်းတော့ထပ်မံ၍ပြောချင်ပါသေးသည်…။

Nibiru သည် ဒုတိယ နေမင်းဖြစ်လာသောအချိန်တွင် သူ့ထံမှာကြီးမားလှသောဆွဲငင်အားကြောင့်

ကမ္ဘာပေါ်တွင် ငလျင်အကြီးအကျယ်လှုပ်နိုင်ဖွယ်ရှိပေသည်…ထို့လောက်နှင့်မပြီးသေးပေငလျင်ဒဏ်

ကြောင့် ရေကြီးမှုများကိုလည်း နေရာအနှံအပြားတွင်တွေ့မြင်ရအုန်းပေမည်...အခြေအနေကဒီလောက်

တင်လား…မဟုတ်သေးပေ..။

          အဆိုးဆုံးအခြေအနေမှာ ၂၀၁၃ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ (မှတ်မှတ်ရရ ထိုနေတွင်ချစ်သူများ နေ့ဖြစ်သည်…ကမ္ဘာပေါ်ရှိ ချစ်သူစုံတွဲများ ထိုနေ့တွင် ပျော်ရွင်နိုင်ပါ့မလား..) ပင်ဖြစ်သည်…အဘယ်

ကြောင့်ဆိုသော် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာသည် ထိုနေ့တွင် ဆွဲငင်အားအသီးသီးရှိကြသော

နေ နှင့် Nibiru တို့၏အလယ်သို့ရောက်ရှိသွားမည်ဖြစ်သည်… ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်းဖို့

အလားအလာကိုမြင်ယောင်မိပါသည်..ထို့အပြင် Nibiru သည် ကမ္ဘာနှင့်ဆန့်ကျင်ဘက်လည်နေ

သောကြောင့် ကျွန်တော်တို့ကမ္ဘာသည် ၃ရက်ကြာမျှ ခတ္တရပ်တန့်သွားပေအုန်းမည်…။

          ထို့အပြင် ဆွဲငင်အား နှစ်ခု အပြိုင်ကြားသို့ ရောက်ရှိလာမည့် အခြေအနေကို စာဖတ်သူများ

တွေးကြည့်လျှင် သိပါလိမ့်မည်…ကမ္ဘာကြီးနှစ်ခြားမကွဲသွားလျှင်တော့ကံကောင်းသည်ဟုဆိုရပေမည်..

ဆန့်ကျင်ဘက်ဆွဲငင်မှုနှစ်ခုကြောင့် အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။

          ထို့ကြောင့် ကျွန်တော်ပြောခဲ့သည်မဟုတ်ပါလော…Nibiru ဆိုသောအရာဝတ္ထုသည် ကောင်း

သောလာခြင်းမဟုတ်ဘဲ ကံဆိုးခြင်းများကိုတစ်ပွေ့တစ်ပိုက်နှင့် အလှူသဖွယ် စွန့်ကြဲကာ ကျွန်တော်

တို့လူသားတွေနေထိုင်ရာ ကမ္ဘာကို ဒုက္ခပေးရုံသက်သက်လာမည့် ဧည့်သည်ပင်ဖြစ်သည်…။

          (ကျွန်တော်၏ထင်မြင်ယူဆချက်ကိုပြောရမည်ဆိုလျှင် အကယ်၍ Nibiru သည် ကမ္ဘာ၏လည်

ပတ်နှုန်းထက် နှေးမည်ဆိုလျှင်တော့ ကျွန်တော်တို့သာမန်အတိုင်းဖြစ်ချင်ဖြစ်နိုင်ပေမည်..ထိုသို့မ

ဟုတ်ဘဲ ကမ္ဘာ့လည်ပတ်နှုန်းထက် မြန်နေမယ်ဆိုလျှင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်မည်ဖြစ်သည်.)

          ကျွန်တော်ထိုစာများကိုဖတ်ပြီးသောအခါတွင် ကိုယ့်အတွေးထဲတွင် မေးခွန်းများဝင်ရောက်လာ

ပါသည်….။စာဖတ်သူများလည်း ကျွန်တော့်မေးခွန်းများကို ကူညီ၍ဖြေဆိုပေးကြပါဗျာ…။

          ၁။       ကမ္ဘာကြီးသည် ၃ရက်ကြာမျှ ရပ်တန့်သွားပြီးလျှင် သာမန်အတိုင်းပြန်လည်ကာလည်

ပတ်နိုင်ရန် ဖြစ်နိုင်ပါ့မလား…??

          ၂။       သာမန်အတိုင်းလည်ပတ်မှုမရှိခဲ့လျှင် ကမ္ဘာကြီးက ဒီအတိုင်းရပ်တန့်လျက်နေနိုင်ပါ့

မလား…??

          ၃။       ထိုသို့ဖြစ်ခဲ့သည်ထားအုန်း …. ကိစ္စအားလုံးပြီးဆုံးသွားတဲ့တစ်နေမှာ မည်ကဲ့သို့သော

လူတွေ ကျန်ရစ်ခဲ့မည်နည်…။

          မေးခွန်းများက လွယ်မယ်ထင်သလိုလိုနှင့် အင်မတန်ခက်သော မေးခွန်းဖြစ်နေပေသည်…။

စာဖတ်သူများကိုလည်းဦးနှောက်အလုပ်လုပ်အောင် မေးလိုက်ခြင်းဖြစ်ပါသည်…။

ကိုကားချက် ။ ။  http://myanmarastronomy.blogspot.com/2008/10/2012-dec-21-is-really-our-doomsday.html

စာကို ပြီးဆုံးသည်အထိဖတ်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်…

 

                                          ***************

          ကျွန်တော်ရေးသားနေသောစာကို ဒီမှာတင်အဆုံးသတ်လိုက်လျှင်ဖြစ်ပါသည်…သို့သော်

ကျွန်တော်ထပ်မံကာရေးသားချင်ပါသေးသည်…ယခုရေးမည့်အကြောင်းအရာမှာ အထပ်ပါ အကြောင်း

အရာများနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း သွယ်ဝိုက်ကာသက်ဆိုင်ပါသည်…။

          ကျွန်တော်တို့လူမျိုးတွေက ဗုဒ္ဗဘာသာလူမျိုးများဖြစ်ပေသည်…ကျွန်တော်တို့ရဲ့မြတ်စွာဘုရား

၏သာသနာသက္ကရာဇ်မှာ နှစ် ၅၀၀၀တိုင် အဒွန့်ရှည်မည်ဟု ကျမ်းကန်များထဲတွင် စာဖတ်သူတို့ ဖတ်

ဖူးပေလိမ့်မည်… သို့သော် ယခုမှာသာ သာသနာသက္ကရာဇ်တစ်ဝက်ကျော်ကျော်ပင်ရှိပေသေးသည်…

ထို့ကြောင့် ကျွန်တော်တို့ ၊ စာဖတ်သူတို့စိတ်ထဲ ၊အတွေးထဲတွင် မြတ်စွာဘုရားအမှန်တကယ်ယုံ

ကြည်မှုရှိမည်ဆိုလျှင် ၂၀၁၂ မှစတင်၍ ၂၀၁၄ အထိတွင် မည်သို့ပင် ဒုက္ခများရောက်ခဲ့သည်ဖြစ်စေ

ဒုက္ခမရောက်သည်ဖြစ်စေ ဂရုပြုရန်လိုမည်မဟုတ်ပေ...မြတ်စွာဘုရား၏အဆိုအမိန့်တစ်ခုရှိပါသည်..

**ကောင်းသူကိုကယ်တင်မည်..မကောင်းသူကိုဖယ်ရှားမည်**ဟူသောစကားပင်ဖြစ်သည်..။

          သင်သည် ကောင်းသူလော….။

          သို့မဟုတ်

                   မကောင်းသူလော…..။

 

ကျေးဇူးတင်ပါသည်…ဝေဖန်နိုင်ပါသည်..ကျွန်တော်သည် သိပ္ပံပညာတွေကျွမ်းကျင်သူမဟုတ်သကဲ့သို့

ဗေဒင်ဆရာလည်းမဟုတ်ပါ…ထို့ကြောင့် ကျွန်တော်ပြောဆိုထားသည်မှာ မှန်မည်ဟုမဆိုသလို၊ မှား

သည်ဟုလည်းမဆိုလိုပါ… သေချာသောတစ်ခုမှာ ၂၀၁၄နောက်ပိုင်းတွင် စာဖတ်သူများကို ကျွန်တော်

ကမ္ဘာကြီး၏တစ်နေရာတွင် တွေ့ဆုံချင်ပါတယ်ခင်ဗျာ….

မေ့နေတာ…။   ။ ၂၀၁၄ ဖေဖေါ်ဝါရီ ၁၄ တွင် ချစ်သူစုံတွဲများ ပျော်ရွှင်နိုင်ပါစေ….။

ကျွှန်တော်၏အာဘော်မဟုတ်ပါ :D (ဒီအကြောင်းကိုပို့ပေးသောသူငယ်ချင်းအားကျေးဇူးတင်ပါသည်)ဗဟုသုတ ပြန်လည်ဝေမျှပါသည်။





Monday, November 10, 2008

"December 21, 2012 End of the World"

၂၀၁၂မှာ တကယ်ပဲ ကမ္ဘာပျက်မှာလား ( 2012 Dec 21 is really our Doomsday?)

ဒီပို့စ်ကို တင်သင့် မတင်သင့် တော်တော်စဉ်းစားပြီးမှ တင်လိုက်တာပါ။ အခြား အကြောင်း အရာတွေက ကိစ္စမရှိပေမယ့် ဒီအကြောင်းအရာက သေချာ မစဉ်းစားရင် စိတ် အနှောက်အယှက် ဖြစ်စေလို့ပါ။ ဒီပို့စ်ကို ဖတ်တဲ့ သူတိုင်း မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ကာလာမသုတ် ကို နှလုံးသွင်းပါလို့ ပြောပါရစေ။
အခု ကျနော်ရေးမယ့် အကြောင်းအရာက ကြည့်မိတဲ့ သူတွေအကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စကြာဝဠာ နဲ့ ပါတ်သတ်တဲ့ YouTube video တွေအကြောင်းပါ။ အဓိက အကြောင်းအရာက ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာပျက်မယ် ဆိုတဲ့ ကိစ္စပါ။ အဲဒီ ဗွီဒီယို တွေကို Doomsday, Nibiru, Planet X, 2012 December 21 ဆိုတဲ့ keyword တွေနဲ့ အလွယ်တကူ ရှာ တွေ့နိုင်ပါတယ်။ သူတို့တွေ ပြောကြတဲ့ ဦးတည်ချက်က တစ်ခုတည်းပါ။ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုတဲ့ အကြောင်းအရာပါ။ ဘာကြောင့် ပျက်မှာလဲ။ ဘယ်လိုပျက်မှာလဲ။ သူတို့ ရေးတဲ့ အတိုင်း ကျနော် ပြန်ရေးပါ့မယ်။ အောက်မှာ ရေးထားတဲ့ အကြောင်းအရာဟာ ကျနော့် စာသား မဟုတ်ပါ။ သူတို့ ရေးထားတာကို တိုက်ရိုက်ဘာသာ ပြန်ပေးတာ ဖြစ်ပါတယ်။ (ပေရှည် နေတာတွေကို ဖျက် ထုတ်ခဲ့ပါတယ်)



ကမ္ဘာပေါ်က အချို့ သော အကြောင်းအရာတွေဟာ ရှင်းပြ နိုင်တဲ့ အကြောင်းအရာတွေ မဟုတ်ကြ ပါဘူး။ ဥပမာ - Stonehenge နဲ့ Easter Island တို့လိုပေါ့။ သေချာ ရှင်းမပြနိုင်တဲ့ အရာတွေ အဖြစ် ယနေ့ထိ ရှိနေဆဲပါ။ သူတို့ကို ဘယ်သူ တည်ဆောက်ခဲ့တယ်၊ ဒါမှမဟုတ် ဘယ်လို ဖြစ်လာခဲ့တယ် ဆိုတာ ဘယ်သူမှ ရာနှုန်းပြည့် မပြောနိုင်ပါဘူး။ (ပုံမှာ Stonehenge နဲ့ Easter Island ပေါ်က အရုပ်တွေကို ပြထားပါတယ်။ Easter Island က သြစတေးလျ နဲ့ ချီလီ အကြားက ပစိဖိတ် ရေပြင်ကျယ် ကြီး အလယ် လောက်မှာ ရှိတာ၊ ဘယ်တုန်းက များ ရှေးဟောင်း လူတွေ ရောက်ပြီး ဒါတွေ လုပ်သွားလဲ.. ကျနော်လည်း အံ့သြော မိပါတယ်)။ ကျနော် အခုရှင်းပြမယ့် အကြောင်း အရာကလည်း သေချာ ရှင်းမပြ နိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။ ကမ္ဘာ ကြီးပျက်မယ့် နေ့စွဲကို ပြောတာပါ။ အဲဒီ နေ့စွဲက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့လို့ ပြောလိုက်တဲ့ အတွက် ကျနော့်လိုပဲ ခင်ဗျားလည်း အံ့အားသင့် သွားနိုင်ပါတယ်။ ဒါပေမယ့် NASA နဲ့ Governments တွေကတော့ အံ့အား သင့်မယ် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ၁၉၈၃ ခုနှစ်ကတည်းက ဒီအကြောင်းကို သိနေကြ နှင့်ပြီးသား ဖြစ်နေလို့ပါ။ ဘာကို သိနေကြ တာပါလဲ။ အခုဘယ်သူတွေက ကျနော်တို့ ကမ္ဘာနဲ့ ပါတ်သတ်ပြီး သတိပေးခဲ့သလဲ ဆိုတာ ကြည့်ကြ ရအောင်ပါ။
Nostradamus ကပြောပါတယ်၊ စကြာဝဠာအတွင်းက ကြီးမားလှတဲ့ အရာဝတ္ထုတစ်ခုဟာ ကျနော်တို့ ကမ္ဘာဆီကို ဦးတည်ပြီး လာနေပါတယ်။ သူ့ရဲ့ နေပါတ်လမ်းဟာ နှစ်ပေါင်း ၃၆၀၀ မှာ တစ်ပါတ် ပြည့်ပြီး ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ ဆီကို ရောက်ပါမယ်၊ ဒါပေမယ့် ကမ္ဘာကို ဝင်တိုက်မိမှာတော့ မဟုတ်ပါဘူး။ Albert Einstein က pole shift နဲ့ ပါတ်သတ်ပြီး သတိပေး ခဲ့ပါတယ်။ pole shifting အချိန်မှာ လူသားတွေ အပြင်းအထန် ခံစားရမယ် ဆိုတာပါ။ မာယန် ပရောဖက် တွေရဲ့ The Tzolkin ဆိုတဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ်ဟာ အဆုံးသတ် အမှတ် ဖြစ်နေပါတယ်။ စက်ဝန်းကြီး တစ်ခုရဲ့ အဆုံးမှတ် ဖြစ်ပါတယ်။ အဲဒီ စက်ဝန်းကြီးက အစမှတ် (day 0.0.0.0.0) 11th August 3114 BC မှာ စတင်ပြီး အဆုံးမှတ် (day 13.0.0.0.0) 21st December 2012 AD မှာ ဆုံးပါတယ်။ နှစ်ပေါင်း ၃၆၀၀ ပြည့်တိုင်း စက်ဝန်းကြီး တစ်ပါတ်လည် ပါတယ်။ holy bible ကလည်း 2012 ခုနှစ်ကို သတိပေးထားပါတယ်။ အခြားအခြား သော အရာတွေအားလုံးမှာလည်း 2012 December 21 ကို ရည်ညွှန်းထားတာတွေ တွေ့ရပါတယ်။ မေးခွန်းတစ်ခု ရှိပါတယ်။ ၂၀၁၂ မှာ သေချာပေါက် ဖြစ်မှာမှန်း သိရက်နဲ့ ဘာကြောင့် နာဆာက လူတွေကို အသိမပေးတာလဲ။ သူတို့ဟာ ကမ္ဘာပေါ်က လူသားတွေ အားလုံး သိသွားကြရင် လူတွေ အားလုံး အသက်ရှင် ကျန်ရစ်ရေး ကြိုးပမ်းကြတဲ့ အခါ သူတို့ အတွက် အခွင့် အလမ်း နည်းသွားမှာ စိုးလို့ ဖြစ်ပါတယ်။ အခု ဖော်ပြမဲ့ အကြောင်းအရာက NASA ဟာ ၁၉၈၃ ခုနှစ်က ဘယ်တွေ့ရှိချက်ကို လျှို့ဝှက်ခဲ့တာလဲ ဆိုတာပါ။ 1982 ခုနှစ်မှာ NASA ဟာ extra solar planet တစ်ခုကို စပြီး သတိထား မိခဲ့ပါတယ်။ 1983 ခုနှစ်မှာ NASA ဟာ IRAS (Infrared Astronomical Satellite) ကို လွှတ်တင်ခဲ့ပြီးတော့ အဲဒီ satellite က ဂျူပီတာဂြိုဟ်လောက် ကြီးမားတဲ့ object တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီ Object ကို Planet X (Nibiru) လို့ နာမည်ပေးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ planet Nibiru ဟာ ကမ္ဘာနဲ့ နေရဲ့ အကြားကို ဝင်ရောက် ဖြတ်သန်း ပါမယ်။



သူ ဖြတ်သန်းမယ့် အနေ အထား ကတော့ ပုံမှာ ပြထားတဲ့ အတိုင်းပါပဲ။ အဲဒီ အချက်ကြောင့် Atlantis မြို့ ကြီး နစ်မြုပ်ခဲ့သလို Noah ရဲ့ လှေကြီး တစ်ခုပဲ ရေပေါ်မှာ ရှိခဲ့တုန်းကလို အခြေ အနေမျိုး ၂၀၁၂ နောင်းပိုင်းမှာ ပြန်ဖြစ်လာပါမယ်။ ကျနော် တို့မှာ ရှောင်လွှဲစရာ နည်းလမ်း မရှိပါဘူး။ နေစရာ ကမ္ဘာ တစ်ခုပဲ ရှိတဲ့ အတွက် မလွဲ မသွေ ရင်ဆိုင် ရပါ လိမ့်မယ်။ Stonehenge နဲ့ Easter Island အကြောင်း ကျနော်တို့ ဘာလို့ မသိ တာလဲ။ ဖြစ်နိုင်တာက အရင်က လူတွေ တည်ဆောက် ခဲ့တာဖြစ်ပြီး Nibiru ကြောင့် သူတို့အားလုံး သေဆုံး သွားတဲ့ အခါ အသစ် ဖြစ်လာတဲ့ ကျနော်တို့က မသိတာ ဖြစ်နိုင်ပါတယ်။


Nibiru ဟာ ၂၀၀၉ ခုနှစ် မေလ ၁၅ ရက်နေ့မှာ အနီရောင် အရာဝတ္ထု အဖြစ် သာမာန် မျက်လုံးနဲ့ မြင်နိုင်ပါလိမ့်မယ်။ သူဟာ အပေါ်ကို တက်လာနေတာ ဖြစ်တဲ့ အတွက် ကမ္ဘာ့ တောင်ဘက် အဖျားပိုင်းတွေမှာသာ မြင်နိုင်မှာပါ။ ၂၀၁၁ ခုနှစ် မေလလောက်မှာတော့ သူဟာ ကမ္ဘာပေါ်က လူတွေ အားလုံးမြင်နိုင်လောက်တဲ့ အရွယ်အစား ဖြစ်လာပါလိမ့်မယ်။ ဒုတိယမြောက် နေတစ်လုံး အဖြစ် လရဲ့ အရွယ်အစား လောက် ရှိတဲ့ သူ့ကို မြင်ရပါလိမ့်မယ်။ ကြီးမားလှတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာပေါ်မှာ ငလျှင် အကြီးအကျယ် လှုပ်ပြီး ရေကြီးမှုတွေ နေရာ အနှံ့ ဖြစ်ပါမယ်။ ဒါပေမယ့် အဆိုးဆုံး အခြေအနေက ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက် ဖြစ်ပြီးတော့ အဲဒီ နေ့မှာ ကမ္ဘာဟာ Nibiru နဲ့ နေရဲ့ အကြားကို ရောက်ပါမယ်။ ဆန့်ကျင် ဆွဲငင်အားတွေကြောင့် ကမ္ဘာမှာ pole shifting အကြီး အကျယ် ဖြစ်ပြီး အဲဒီဖြစ်ရပ်က ကမ္ဘာကို အသစ် ပြန်လည် ဖွဲ့စည်း စေမှာပါ။ Nibiru ဟာ ကမ္ဘာလည်ပါတ်မှုနဲ့ ဆန့်ကျင်ဘက် လားရာကို လည် နေတာ ဖြစ်တဲ့ အတွက် မျက်နှာပြင် ဆွဲငင်အား က ကမ္ဘာကြီးကို ၃ရက်တိတိ လည်ပါတ်မှု ရပ်သွားစေပါမယ်။ အင်မတန်ကြီးမားတဲ့ ငလျှင်ကြီးတွေ လှုပ်မယ်၊ မြေပြန့်တွေ အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက် ပြီး ကျောက်ရည်ပူတွေ တိုးထွက်မယ်၊ မီးတောင်တွေ နေရာအနှံ့ ပေါက်ကွဲမယ်၊ ကမ္ဘာ့လူဦးရေ သန်း ရာပေါင်း အနည်းငယ်သာ အသက်ရှင် ကျန်ပါမယ်။ အဲဒီနောက် ကမ္ဘာကြီးဟာ ဖြေးဖြေးချင်း အသစ် ပြန်လည် ဖွဲ့စည်းပါလိမ့်မယ်။ 2014 July 1 ရက်နေ့က စပြီး Nibiru ဟာ ကျနော် ကမ္ဘာ ပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတော့ပဲ ကျနော်တို့နဲ့ ဝေးရာ စကြာဝဠာဆီကို ပြန်လည် ထွက်ခွါသွားပါလိမ့်မယ်။

အပေါ်မှာ ရေးပြခဲ့တာတွေကတော့ YouTube video တွေထဲက တစ်ခုကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ အရာအားလုံးသည် သင်္ခါရ ဆိုပေမဲ့ ၂၀၁၂ ဆိုတာ တော့ တော်တော် ကြီးများ စောလွန်း နေမလားလို့။ အခုစာလာ ဖတ်တဲ့ မိတ်ဆွေတွေ ရော.. ဒီကိစ္စကို ယုံလား။ ယုံကြည်တယ်၊ ဘာကြောင့်၊ မယုံ ကြည်ဘူး၊ ဘာကြောင့် ဆိုတာလေး comment ရေးပေး စေချင်ပါတယ်ဗျာ။ (myanar astronomy.blogspot.com )

(ကျွှန်တော်၏ အာဘော်မဟုတ်ဘူးနော် :D ) သူငယ်ချင်းတို့လည်းယုံချင်မှယုံပါ.. အောက်မှာကြည့်နိုင်ပါတယ်..