ကြွက်သန္ဓေသားလောင်းများပေါ်တွင် မျိုးဗီဇကုထုံးကို အသုံးပြုခြင်းဖြင့် အကြားအာရုံဆုံးရှုံးသွားခြင်းအား
လျော့ချနိုင်သည့် နည်းလမ်းတရပ်နှင့်အတူ အမွေးဆဲလ်များ ရှင်သန်ပေါက်ရောက်စေကာ နားပြန်ကြား
စေနိုင်ကြောင်း သုတေသနသိပံပညာရှင် အဖွဲ့တဖွဲ့က လေ့လာတင်ပြထားသည်။
ယင်တွေ့ရှိချက်သည် လူသားများအတွက် များစွာအကျိုးပြုလိမ့်မည်ဟုဆိုသည်။ နားမကြားသူများ၊ နားအတွင်း
ရောဂါတခုခုခံစားနေရသူများအတွက် နားပြန်ကြားစေနိုင်သည့် အခွင့်အလှမ်းတရပ်ပင်ဖြစ်သည်။
လူသားများ၏ နားအတွင်း၌ အမွေးဆဲလ်ပေါင်း ၃၀၀၀ ခန့်ရှိသည်။ ယင်းအမွေးဆဲလ်များမှာ ရောဂါတခုခုကူးစက်
ခံရခြင်း၊ မျိုးရိုးလိုက်ဖြစ်ပွားသော ရောဂါများဖြစ်ပွားခြင်း၊ ကျယ်လောင်သောအသံများနှင့် အလွန်ပြင်းထန်သော
ဆေးဒဏ်များခံရခြင်းတို့ကြောင့် နားပျက်စီးကာ နားထိုင်းခြင်း၊ နားမကြားခြင်းကိုဖြစ်စေပါသည်။ (ကြေးမုံ)
No comments:
Post a Comment