ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, September 10, 2008

"တိမ်ဖြူ"

လေညှင်းလေးတွေရဲ့  ကြားမှာ
တိမ်ဖြူ ဖြတ်သန်းနေကြသလို..
လောကရဲ့  နိယာမတွေကြားမှာ
ငါတို့ လည်း ရှင်သန်ဖြတ်သန်းနေကြဆဲပါ....
ဖြတ်သန်းရင်း တခါတရံ
တိမ်ဖြူ ညစ်နွမ်းပြိုကွဲသွားကြသလို
လောကရဲ့  လှည်စားမူ့ အောက်မှာ
ငါတို့ ဘ၀လေးတွေဟာလဲ
အခက်အခဲ ရှိနေကြစမြဲပါလေ...
ဒါပေမယ့်လည်းလေ တခုတော့ပြောချင်တယ်
ဖြည်းဖြည်းလေးသွားရင်း မှန်မှန်နဲ့ 
ရဲရဲဝင့်ဝင့် လျှောက်ပါ.....
တိမ်ဖြူလေးများ အဖြူရောင်တိမ်ဆိုင်ခဲအဖြစ်
စုဆည်းမူ ရှိသွားသလို.....
ငါတို့ ရဲ့  မဝေးတော့တဲ့ ဘ၀ပန်းတိုင်ဟာလဲ
တိမ်ဖြူတွေနဲ့  အတူ
အရှေ့က ကြိုဆိုနေမှာပါ......
ဒီတိမ်ဖြူ ဘလော့လေးဟာလည်း
ကောင်းကင်က တိမ်လေးတွေလို
ကွယ်ပျောက်မသွားအောင်
ကြိုးစားနေမယ်လို့ ကတိပြုရင်း..

No comments: