သွားနိုင်တယ်”တဲ့။
“ မီးဆိုတာ ကိုယ်ကနိုင်ရင်သူဟာရိုကျိုးတဲ့ကျေးကျွှန်ဖြစ်သွားပေမဲ့ ကိုယ်ကမနိုင်ရင်ကြောက်စရာကောင်းတဲ့ အရှင်သခင်ပဲ” ဆိုပြီးမင်းပြောတယ်နော် သူငယ်ချင်းရယ်ဒါတော့ငါလည်းသိပါတယ်။
ပြီးတော့ ဘာတဲ့......“အချစ်ဆိုတာမှော်ဆရာတဦးပဲ၊ မယုံကြည်နိုင်စရာတွေဖြစ်လာတက်တယ်” အင်းအဲဒါတော့
ငါလည်းမကြုံဘူးသေးဘူးကွာ။ ငါမှတ်ထားလိုက်ပါမယ်။
ငါပြောဦးမယ် သူငယ်ချင်း၊ မင်းပြောတဲ့အချစ်ဒသနတွေတော့ ငါလည်းသိပ်နားမလည်းဘူးကွာ။ ငါအမေကတော့
“လောကဆိုတာ အပြောကျယ်သလောက် အမောဖောက်စရာတွေများတယ်” လို့ပြောဖူးတယ်ကွာ။ မင်းလည်း
အချစ်မှာ အမောဖောက်နေသလားကွာ။
မင်းပြောတာတွေများတော့ ငါလည်းသိပ်မမှတ်မိတော့ဖူး။ ဒါပေမဲ့ မင်းနောက်ဆုံးပြောသွားတာတခုတော့
ငါကောင်းကောင်း မှတ်မိတယ်။ ဟိုဟာလေကွာ “၀တ္တုထဲမှာ ချစ်သူနှစ်းဦးညားကြလေသတည်းဆိုပြီး ၀တ္တုဆုံး
သွားပေမဲ့ တကယ်တော့အဲဒါမှ ဘ၀ကစတာ” တဲ့၊ မင်းဆိုလိုတာက၀တ္တုထဲကလို အပြင်မှာစိတ်ကူးမယဉ်ဖို့
ပြောတာမဟုတ်လား။ အေးပါကွာ ကိုယ့်ဘ၀ကို ကိုယ်သိပါတယ်။ နောက်မှတွေ့တာပေါ့ကွာ........(oval)
No comments:
Post a Comment