ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Tuesday, September 16, 2008

“ကမ္ဘာ့အိုးဇုန်းလွှာထိန်းသိမ်းရေးနေ့”



ကမ္ဘာ့အိုးဇုန်လွှာပေါက်မှုအနေအထားကို ဂြိုလ်တုမှ ရိုက်ယူထားသည့် ပုံရိပ်အား ဤသို တွေရသည်။
အိုဇုန်းလွှာသည် လူသားတို့အား နေမှကျရောက်သော ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ထီးသဖွယ် မိုးကာပေး
ထားသော လေထုလွှာတစ်ခု ဖြစ်သည်။
လူ၊ တိရစ္ဆာန်နှင့် အပင်များ ရှင်သန်ရေးတွင် အရေးပါသည့် အိုဇုန်းလွှာကို ကမ္ဘာ့လူသားအားလုံးက ထိန်းသိမ်း
စောင့်ရေုာက်ရန် တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် စက်တင်ဘာ ၁၆ရက်ကို “အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ
ထိန်းသိမ်းရေးနေ့ (International Ozone Day)အဖြစ် သတ်မှတ်ထားသည်။
အိုဇုန်းလွှာသည် ကမ္ဘာမြေမျက်နှာပြင် အထက် ၁၂မိုင်မှ မိုင်၃၀ (၁၉ကီလိုမီတာမှ ၄၈ကီလိုမီတာ)အမြင့်ရှိ
စထရာတိုစပီးယား (Stratosphere)အလွှာအောက်ပိုင်းတွင် အဓိကရှိသည်။ အကြမ်းအားဖြင့် ကမ္ဘာမြေပြင်
အထက် ၉မိုင်မှ ၁၉မိုင်အမြင့်တွင် တည်ရှိသည်။
၎င်းအလွှာသည် UV rays ဟုခေါ်သော ခရမ်းလွန်ရောင်ခြည်ကို တားဆီးကာကွယ်ပေးနိုင်သည်။ 
ယခုအချိန်တွင် အိုဇုန်းလွှာမှာ ကမ္ဘာနိုင်ငံများ၏ဖွံဖြိုးတိုးတက်လာမှုကြောင့် တဖြည်းဖြည်းပျက်စီးလာနေပြီး၊၎င်း
ပျက်ဆီးမှုပြသနာ ပိုမိုဆိုးရွားလာမည်ဆိုပါက လူတို့တွင် အရေပြားကင်ဆာရောဂါနှင့် မျက်စိအတွင်းတိမ်ရောဂါ
ဖြစ်ပွားမှု မြင့်မားလာနိုင်ကြောင်းသိရသည်။
အိုဇုန်းလွှာကို ပထမဦးဆုံးရှာဖွေတွေ့ရှိသူများမှာ ပြင်သစ်လူမျိုး ရုပဗေဒပညာရှင်များဖြစ်ကြသော ချားလိစ်ဖာဘရီ (Charles Fabry)နှင့် ဟင်နရီဘစ်ဆန် (Henri Buisson)တို့ဖြစ်ကြသည်။
အိုဇုန်းလွှာ၏ ဂုဏ်သတ္တိများကို စူးစမ်းလေ့လာခဲ့သူမှာ အင်္ဂလိပ်လူမျိုး မိုးလေ၀သပညာရှင်ဒေါ့ဘဆင်
(Dobson) ဖြစ်သည်။   (oval)

No comments: