ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Monday, September 8, 2008

“မိဖုရားဖြစ်ဖို့ဆိုရင်အလုပ်ရှိဖိုလိုတယ်တဲ့လား”


ဗြိတိန်တော်ဝင်မင်းသားလေး ၀ီလျံဟာ တစ်ချိန်မှာတော့ မလွဲမသွေ ဘုရင်အဖြစ်ကို ရရှိတော့မှာဖြစ်လို့ သူ့အနားက ကောင်မလေးတွေ ဟာ မိဖုရားဘ၀ရဖို့ စိတ်ကူးယဉ်နေကြတဲ့ အထဲမှာမှ ၀ီလျံရဲ့ လက်ရှိချစ်သူကောင်မလေး ကိတ်မစ်ဒန်တန်အနေနဲ့တော့ ပိုပြီး စိတ်ကူးယဉ်စရာပဲပေါ့။ ဒါပေမဲ့ ပြဿနာက ကိတ်မှာ အခုအချိန်အထိ အလုပ်အကိုင်မရှိသေးလို့ပါပဲ။ အသက် ၂၆ နှစ်အရွယ်ရှိပြီး ကျောင်းကလည်း ပြီးတာကြာလှပြီ။ နောက် အဲလိဇဘတ် ဘုရင်မကြီးရဲ့ မြေးချွေးမတော်ရမယ့်လူက အလုပ်အကိုင်မရှိဆိုတာတော့ လူကြားလို့ မကောင်းပြန်ပါဘူး။ ဒါကြောင့် ၀ီလျံနှင့် လက်မထပ်ခင်မှာ အလုပ်တစ်ခုခုရဖို့ လိုအပ်ပါတယ်။ ကိတ်ကတော့ ၀ီလျံက ချစ်ရေးမဆိုခင်အချိန်အထိ ရှော့ပင်းထွက်တာနဲ့ လူမှုရေးလုပ်ငန်းတွေလောက်ပဲ စိတ်ဝင်စားခဲ့ပါသတဲ့။ (သတင်းဝေမျှပါသည်)

No comments: