ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, October 22, 2008

“ကိုယ့်ကိုယ်ကို သိခြင်း”

ကျောက်တုံးကို သင် သိပါတယ်၊ အဲဒီ ကျောက်တုံးဆိုတာဟာ လွန်ခဲ့သော နှစ်ရာထောင်ချီကာလ ကတည်းက တည်ရှိခဲ့တယ်။ အဲဒီကျောက်တုံးကို အရပ်ဒေသအသီးသီး၊ လူမျိုးအသီးသီးတို့က သူတို့ဘာသာ စကား အသီးသီးနဲ့ ကျောက်တုံးရယ် လို့ နားလည်သိရှိခဲ့ကြတယ်။ ကျွဲ၊ နွား၊ ဆင်၊ မြင်းတိရစ္ဆာန် အပေါင်း တို့ ကလည်း သူတို့နားလည်သော ဘာသာစကားအသီးသီးနဲ့ ကျောက် တုံး လို့ သိရှိနားလည်ထားကြတယ်။ ဒါပေမဲ့ ကျောက်တုံးကတော့ သူ့ကိုယ်သူကျောက်တုံးရယ်လို့ နား လည် သိရှိနိုင်ခြင်း အသိညဏ် မရှိဘူး။ လောကမှာ လောကက ကိုယ့်ကိုသိခြင်း သတ်မှတ်ခြင်း ထက် ကိုယ့်ကိုယ်ကို သိခြင်းကသာ ပိုအရေးကြီး ပိုအဓိပ္ပာယ်ရှိပါတယ်။

No comments: