ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Friday, October 31, 2008

“ကမ္ဘာ့အသေးငယ်ဆုံးနိုင်ငံများ”

ယနေ့ကမ္ဘာပေါ်တွင်အင်အားကြီးနိုင်ငံများ၊အင်ပါယာများပြိုကွဲရာမှ လွတ်လပ်သော
နိုင်ငံများကျွန်းစုနိုင်ငံများ အများအပြား ပေါ်ပေါက်လာသည် နှင့်အညီ အသေးငယ် ဆုံး
နိုင်ငံငယ်လေး များလဲအသီးသီး ပေါ် ထွက်လာပါတယ်။ အောက်ဖော်ပြပါ နိုင်ငံများ
ကတော့ ယနေ့ ကမ္ဘာပေါ်ရှိလွတ်လပ် သောနိုင်ငံများမှဧရိယာ အကျယ် အ၀န်းအသေး
ငယ်ဆုံး နိုင်ငံငယ်လေးများ ဖြစ်ကြပါသည်။ ၂၄၆ စတုရန်းမိုင်သာကျယ်ဝန်းတဲ့ စင်္ကာပူ လို
နိုင်ငံမျိုးတောင် အသေးငယ်ဆုံးနိုင်ငံ စာရင်းမ၀င်တာကို တွေ့ရမှာပါ......
၁။ကမ္ဘာ အသေးငယ်ဆုံး နိုင်ငံ( သို့မဟုတ်)

ဗာတီကန် စီးတီး
စတုရန်း မိုင်ပေါင်း ၀.၂ စတုရန်းမိုင်ကျယ်ဝန်းပြီး၊လူဦးရေ ၇၇၀ သာမှီတင်းနေထိုင်ကြပါသည်။
ခရစ်ယာန်ဘာသာ ၀င်များရဲ့ဘာသာရေးဆိုင်ရာအလေးထားရဆုံး၊ ပုပ်ရဟန်း
မင်းကြီးရုံးစိုက်ရာနိုင်ငံငယ်လေးဖြစ်ပြီး ရောမမြို့အတွင်းမှာ တည်ရှိပါသည်။
ဗာတီကန်မြို့ငယ်လေးရဲ့အကျယ် အ၀န်း ဟာဝါရှင်တန်ဒီစီမြို့မှ ဈေးဆိုင်တစ်ဆိုင်ပမာဏ၏ခုနှစ်ပုံ တစ်ပုံမျှသာ ရှိတယ်ဟုလည်းနှိုင်းယှဉ် ဆို စမှတ်ပြုကြပါသည်။
၂။ မိုနာကို
ပြင်သစ်နိုင်ငံ မြေထဲပင်လယ် ကမ်းခြေဒေသရှိသာယာလှပသောပင်လယ်ကမ်းခြေအနီးမှာ မိုနာကိုနိုင်ငံငယ် တည်ရှိပြီး ဧရိယာ စတုရန်းမိုင် ပေါင်း (၀.၇)ကျယ်ဝန်းပါတယ်။ ယနေ့အခါ မှာတော့လူဦးရေ ၃၂၀၀၀ မှီတင်းနေထိုင်လျှက်ရှိပါသည်။
၃။ နာယူရု
ပစိဖိတ်သမုဒ္ဒရာအတွင်းမှ လှပသာယာသော ကျွန်းနိုင်ငံလေးဖြစ်ပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၈.၅ ကျယ်ဝန်းပါသည်။ လူဦးရေ ၁၃၀၀၀ မှီတင်းနေထိုင်ကြပြီး၁၉၆၈ခုနှစ်မှာလွတ်လပ်ရေးရရှိခဲ့ပါသည်။
၎။တူဗာလူ
ဧရိယာစတုရန်းမိုင်ကျယ်ဝန်း တဲ့ တူဗာလူနိုင်ငံ ငယ်လေးမှာ ၃၆၀ မိုင်ရှည်လျှားတဲ့
သန္တာကျောက်ကျွန်း၉ခုဖြင့်ဖွဲ့စည်းထားသည်။ကိုလူနီးရှား ကျွန်းစုမှာပါဝင်ပြီး၁၉၇၈ခုနှစ်မှာ
လွတ်လပ်ရေး ရရှိခဲ့ပါသည်။
၅။ဆန်မာရီနို
၂၄ စတုရန်းမိုင် ရှည်လျှားပြီးအီတလီနိုင်ငံ မြောက်အလယ်ပိုင်းဒေသမှာတည်ရှိပါသည်။ လူဦးရေ ၂၉၀၀၀ နေထိုင်လျှက်ရှိပါသည်။ ဆန်မာရီနိုမြို့ကို၎ရာစုကတည်းကစတင် တည်ထောင်ခဲ့ပြီးဥရောပ ရှေးအကျ
ဆုံး နေရာ ဒေသတစ်ခုအဖြစ်အခိုင်အမာရပ်တည်နေခဲ့ပါသည်။
၆။ လက်ချင်တန်စတိန်း
၆၂ စတုရန်းမိုင် ရှည်လျှားပြီး ဆွစ်ဇာလန်နှင့် သြစတီးယား နိုင်ငံတို့အကြား ရိုင်း
(Rhine)မြစ်ကမ်း နံဘေးမှာ တည်ရှိပြီး လူဦးရေ ၃၄၀၀၀ တို့မှီတင်းနေထိုင် လျှက်ရှိသည်။
၇။ မာရှယ်ကျွန်းစုများ
၇၀ စတုရန်းမိုင် ကျယ်ဝန်းပြီးတော့ကမ္ဘာ အကြီးဆုံး သန္တာကျောက် တန်းက၀ဂျလိန်း (Kwa j a l e i n ) အပါအ၀င်ကျွန်းပေါင်း ၃၄ နှင့် ဖွဲ့စည်းထားတည်ရှိပြီးလူဦးရေ ၅၈၀၀၀ မှီတင်းနေထိုင် ကြကာ
၁၉၈၆ အမေရိကန် အုပ်ချုပ်မှု့အောက်မှလွတ်မြောက်ခဲ့ပါသည်။
၈။ စိန့်ကစ်စ်၊ နီဗီးစ်
၁၀၄ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၃၉၀၀၀ မှီတင်းနေထိုင်ကြပါတယ်။၊ ၁၉၈၃ခုနှစ် မှာကာရေဘီးယန်းကျွန်းစုနိုင်ငံမှခွဲ ထွက်ခဲ့ပါသည်။
၉။ဆီးချီးလိစ်
၁၀၇ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေ ၈၁၀၀၀ မှီတင်းနေထိုင်လျှက်ရှိသည်။ အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ရှိတဲ့ဒီကျွန်းနိုင်ငံ လေးဟာ ၁၉၇၆ခုနှစ်မှာအင်္ဂလန်လက်အောက်မှ လွတ်လပ်ရေး ရရှိခဲ့ပါသည်။
၁၀။ မော်လ်ဒိုက်
၁၁၅ စတုရန်းမိုင် ကျယ်ဝန်းသောနိုင်ငံငယ်လေးဖြစ်ပါသည်။ကျွန်းငယ် လေးပေါင်း၂၀၀တိတိ ပါဝင်ဖွဲ့စည်းတည်ရှိပါသည်။ ယနေ့ခေတ်မှာတော့ လူဦးရေ ၃၄၀၀၀၀ မှီတင်းနေထိုင်ကြပြီး ၁၉၆၅မှာ အင်္ဂလန်
လက် အောက်မှလွတ် မြောက် ခဲ့ပါတယ်။
၁၁။ မော့တာ
၁၂၂ စတုရန်းမိုင် ကျယ်ဝန်းပြီး အီတလီနိုင်ငံစစ္စလီကျွန်းစု တောင်ဘက်ပိုင်းမှာတည်ရှိပါသည်။ ၁၉၆၄မှာ အင်္ဂလန်ထံမှလွတ်လပ်ရေး ရရှိခဲ့ပေမဲ့ အင်္ဂလိပ်စစ်တပ်များကတော့၁၉၇၉မှသာတပ်စွဲထားမှု့မှ ရုတ်သီမ်း ပေးခဲ့
ခြင်းဖြစ်ပါတယ်။ ယနေ့မှာတော့ လူဦးရေ ၄၀၀၀၀၀ မှီတင်းနေ ထိုင်လျှက်ရှိပါသည်။
၁၂။ ဂရင်ဒါ
၁၃၃ စတုရန်းမိုင် ကျယ်ဝန်းပြီးကာရေဘီယန်နိုင်ငံငယ်တစ်ခု ဖြစ်ပါတယ်လူဦးရေအားဖြင့် ၉၀၀၀၀ မှီတင်းနေထိုင်ကြပြီး၁၉၄၇ မှာ အင်္ဂလန်တို့ လက်အောက်မှလွတ်မြောက်ခဲ့ပါတယ်။ ဗင်နီဇွဲလား နိုင်ငံ
နှင့်နယ်နိ မိတ်ချင်းလွန်စွာ ထိစပ်လျှက်တည်ရှိပါသည်။
၁၃။ စိန့်ဗင့်ဆင့်
နောက်ထပ်ကာရေဘီယန်နိုင်ငံ ငယ်တစ်ခုပါပဲဧရီယာအားဖြင့် ၁၅၀ စတုရန်းမိုင်ကျယ်ဝန်းပြီး ၁၉၇၉ခုနှစ်မှအင်္ဂလိပ်တို့လက် အောက်မှ လွတ်မြောက်ခဲ့ပါသည်။
၁၄။ ဘာဘဒေါ့စ်
ကာရေဘီယန်ပင်လယ်ရဲ့အရှေ့ဘက်အစွန်ဆုံးမှာတည်ရှိပြီးလူဦးရေ ၂၈၀၀၀၀ နေထိုင်ကြပါတယ်။ ၁၆၆ စတုရန်း မိုင် ကျယ်ဝန်းပြီး 1966 ခုနှစ်မှာအင်္ဂလိပ်အုပ်ချုပ်မှု့အောက်မှ လွတ်မြောက်ခဲ့ပါသည်။
၁၅။ အန်တီဂွာ၊ဘာဘူဒါ
၁၇၁ စတုရန်းမိုင် ကျယ်ဝန်းပြီးလူဦးရေ ၆၉၀၀၀ မှီတင်းနေထိုင်ကြပါတယ်။
1981ခုနှစ်မှာ အင်္ဂလိပ်တို့ထံမှလွတ်လပ်ရေးရရှိခဲ့သည်။
(myanmarfamily journal မှဗဟုသုတဝေမျှခြင်းဖြစ်ပါသည်)

No comments: