ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, November 5, 2008

“၄၄ ဦးမြောက် အမေရိကန် သမ္မတ”

၄၄ ဦးမြောက် အမေရိကန် သမတအဖြစ် ဒီမိုကရက်တစ်ပါတီမှ ဘားရတ် အိုဘားမားအား နိုဝင်ဘာ(၄)ရက်က ရွေးချယ်လိုက်ပြီ ဖြစ်သည်။

လွန်ခဲ့သည့်နှစ် ၂၀ အတွင်း လူစိတ်ဝင်စားမှု အများဆုံး သမတ ရွေးကောက်ပွဲ အပြီးတွင် အမေရိကန်သမိုင်း၌ အသက်အငယ်ဆုံးနှင့် ပထမဆုံး လူမဲ သမတအဖြစ် ၄၇ နှစ်အရွယ် အိုဘားမား ရွေးချယ်ခံလိုက်ရခြင်း ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ၏ အထက်လွှတ်တော် (ဆီးနိတ်) အမတ် မစ္စတာ အိုဘားမားသည် ပြိုင်ဘက်ဖြစ်သူ  ရီပတ်ပလစ်ကန်ပါတီ ဆီးနိတ်အမတ် ၇၂ နှစ်အရွယ် ဂျွန်မက်ကိန်းကို မဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။  

ယခု သတင်းပေးပို့ချိန်အထိ မက်ကိန်းက Electoral Votes မဲ ၁၆၃ သာ ရရှိနေချိန်တွင် အိုဘားမားက ၃၃၈ မဲ ရရှိနေပြီ ဖြစ်သည်။ စုစုပေါင်း ၅၃၈ မဲရှိသည့်အနက် လိုအပ်မဲ ၂၇၀ ထက် ပိုမိုရရှိခဲ့သည်။ အချို့ပြည်နယ်များတွင် မဲရေတွက်မှုများ ကျန်ရှိနေသေးသည်။ လူထုဆန္ဒမဲ ကောက်ခံခဲ့ရာတွင်လည်း အိုဘားမားက ၅၁ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။  

ယခု ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများ ပြုလုပ်ရာ ယမန်နေ့အထိ ၂၁ လတာ ကြာမြင့်ခဲ့၍ အမေရိကန် သမတ ရွေးကောက်ပွဲသမိုင်းတွင် အချိန်အကြာမြင့်ဆုံး မဲဆွယ်ပွဲလည်း ဖြစ်သည်။

အိုဘားမားသည် လာမည့်နှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် သမတသစ်အဖြစ် မြို့တော် ၀ါရှင်တန်ရှိ အိမ်ဖြူတော်တွင် စတင်၍ တာဝန်ထမ်းဆောင်မည်။

အမေရိကန် သမတ သက်တမ်းသည် ၄ နှစ် ဖြစ်သည်။



မွေးနေ့ သြဂုတ်လ ၄ ရက်၊ ၁၉၆၁ ခုနှစ်
ဇာတိ ဟိုနိုလူလူ၊ ဟာဝိုင်ရီ
မွေးအမည် ဘားရက် ဟူစိန် အိုဘားမား
လူမျိုး အာဖရိကန် - အမေရိကန်
ပါတီ ဒီမိုကရက်
ဇနီး မစ်ချယ်လီ အိုဘားမား (၁၉၉၂ လက်ထပ်)
သားသမီး မာလီယာ အန် (သမီး၊ ၁၉၉၈ မွေး)
နာတာရှာ (ဆာစ်ဟာ) (သမီး၊ ၂ဝဝ၁)
နေရပ် ချီကာကို၊ အီလီနွိုက်ပြည်နယ်
ပညာရေး ဟားဗတ်ဥပဒေကျောင်း၊ ကိုလံဘီယာတက္ကသိုလ်၊ အောစီဒင်တယ်ကောလိပ်
ကိုးကွယ်သည့် ဘာသာ ပရိုတက်စတင့် ခရစ်ယာန်

No comments: