ရာဝင်တိုက်တက်ကြပါတယ်။ အများစုကတော့ မနက်အိပ်ရာထရင် ပုံမှန်သွားတိုက်ကြပါတယ်။ တစ်ရက်မှာ
တချို့က တစ်ကြိမ်၊ တချို့က ၂-၃ ကြိမ် သွားတိုက်ကြပါတယ်။ သွားတိုက်ခြင်းရဲ့ရည်ရွယ်ချက်က သွားနဲ့ အာခံ
တွင်းသန့်ရှင်းစေဖို့ပါ။ စားသောက်လိုက်တဲ့ အစားအစာတွေ သွားကြားထဲမှာ၊ အာခံတွင်းထဲမှာ မကျန်ရစ်စေဖို့
အရေးကြီးပါတယ်။ သွားကို စနစ်တကျ ပုံမှန်တိုက်မယ်၊ အာခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်မယ်ဆိုရင် သွားပိုးစား
တာတွေ၊ သွားဖုံးရောင်တာတွေ၊ ခံတွင်းအနံ့မကောင်းတာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။
သွားကို မနက်၊ ည၊ အစားစားပြီးတဲ့နောက် ပုံမှန်တိုက်တယ်ဆိုပေမယ့်လည်း စနစ်ကျတိုက်တက်ဖို့
အရေးကြီးပါတယ်။ တချို့ကလည်း စနစ်တကျသွားတိုက်နည်းကိုမသိလို့၊ တချို့ကျတော့လည်း သိရက်နဲ့ နမော်
နမဲ့ ဖြစ်သလိုတိုက်တက်ကြပါတယ်။
စနစ်တကျသွားမတိုက်ဘူးဆိုရင် သွားတိုက်ပေမယ့်လည်း သွားကြားထဲမှာ အစားအစာတွေကပ်ကျန်ပြီး
သွားတိုက်တဲ့ အကျိုးကျေးဇူးကို အပြည့်အ၀ခံစားရမှာမဟုတ်ပါဘူး ။
ဒီတော့ သွားကိုဘယ်လို စနစ်တကျတိုက်ကြမလဲ
သွားတိုက်တံ ကိုသွားနဲ့ ၄၅ ဒီဂရီစောင်းပြီး သွားအားလုံးရဲ့ အပြင်ဘက်
မျက်နှာပြင်တွေကို တိုက်ပေးပါ ။
ပြီးရင်တော့ အစားဝါးတဲ့ အံသွားမျက်နှာပြင်တွေကို တိုက်ပေးပါ။
အံသွားတွေရဲ့ အတွင်းဘက်မျက်နှာပြင်ကိုလည်း တိုက်ပေးပါ။
သွားတိုက်တံကို ၄၅ ဒီဂရီစောင်းပြီးတော့၊ သွားဖုံးနဲ့ သွားကြားမှာ အစာတွေ
မကျန်အောင် ဂရုစိုက်ပြီးတိုက်ပေးပါ ။
ရှေ့ဘက်က အောက်သွားနဲ့ အပေါ်သွား အတွင်းဘက် မျက်နှာပြင်ကိုလည်း သွားတိုက်တံရဲ့ထိပ်ပိုင်းနဲ့ သေချာတိုက်ပေးပါ။ များသောအားဖြင့် အဲဒီနေရာတွေကို တိုက်ဖို့မေ့တက်ကြပါတယ်။
နောက်ဆုံး လျှာမျက်နှာပြင်ကိုပါတိုက်ချင်တယ်ဆိုရင် လျှာရဲ့အနောက်ဘက်ကနေ အရှေ့ဘက်ကို သန့်ရှင်းရေးလုပ်ခဲ့လို့ရပါတယ်။
သွားတိုက်တံကို၃လ တစ်ကြိမ် ပုံမှန်လဲလှယ်သင့်ပါတယ်။ အမျှင်လေးတွေဖွာထွက်နေတဲ့ သွားတိုက်
တံကို ဆက်လက်အသုံးမပြုသင့်ပါဘူး။ သွားတိုက်ဆေးအမျိုးအစားကတော့ မိမိနှစ်သက်ရာကို သုံးစွဲနိုင်ပါတယ် ။
သွားတိုက်တာတကယ်တော့ အချိန်ဘယ်လောက်မှမကြာပါဘူး။ တကယ့်ကို အချိန်တိုတိုလေးပါ။
ဂရုတစိုက်နဲ့ စနစ်တကျ သွားတိုက်မယ်ဆိုရင်၊ ခံတွင်းသန့်ရှင်းရေး၊ သွားကျန်းမာရေးအတွက်
စိတ်မပူရတော့ပါဘူး။ အများစုသတိမထားတက်ကြတာက အစားစားပြီးရင် သွားတိုက်ဖို့ပါ။ အဆင်မပြေလို့
သွားမတိုက်နိုင်ရင်တောင် ရေနဲ့ သေချာ ပလုပ်ကျင်းပေးခြင်းဖြင့် သွားမှာကပ်ညိနေမယ့် စားကြွင်းစားကျန်တွေကိုအထိုက်အလျောက်လျော့နည်းသွားမှာပါ။
ညအိပ်ရာမ၀င်ခင်လည်း သွားတိုက်သင့်ပါတယ်။ အကောင်းဆုံးကတော့ စနစ်တကျ
ပုံမှန်သွားတိုက်ပေးခြင်းဖြင့် သွား၊ သွားဖုံးတွေကို ကျန်းမာသန်စွမ်းစေမှာဖြစ်ပါတယ်။ သွားကိုက်တာတွေ၊
သွားပိုးစားတာတွေ၊ သွားဖုံးယောင်တာတွေကို ဖြစ်လာတော့မှာမဟုတ်ပါဘူး။ စနစ်တကျသွားတိုက်ခြင်းဖြင့်
ခံတွင်းနံ့သင်းပျံပြီး ကျန်းမာဖြူစင်တဲ့သွားတွေကိုထာဝရပိုင်ဆိုင်နိုင်ကြပါစို့။
Dr Zero(from myanmarfamily) ဗဟုသုတဝေမျှပါသည်။
No comments:
Post a Comment