ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Friday, November 21, 2008

“နှင်းစကျတဲ့နေ့လေး”


ဒီနေ့ နှင်းတွေ စပြီးတော့ကျတဲ့နေ့ပေါ့ဗျာ..

(ရေဒီယို ကြေငြာထားသားပဲ..နှင်းကျမယ်ဆိုတာ..သူကသိမှမသိတာကိုး)

 

သဘာဝ လက်ဆောင်လေးတစ်ခုပေါ့

(ဘာလက်ဆောင်လဲ သူရှေ့မှာပဲ ကားကနှင်းတွေကြောင့်လမ်းချော်ပြီး လမ်းညာဘက်က သစ်ပင်ဝင်တိုက်တာလေ..ဘယ်ဘက်ဆိုရင်တော့ သူပြောတဲ့လက်ဆောင်ဖြစ်နေပြီ.. သူပဲရှိတာလေ..ဟီးး)

 

နှင်းတွေ အောက်မှာ ကျောင်းသွားရတယ်ဗျာပျော်ဖို့ကောင်းတယ်

(ဟဟ..ကျောင်းသွားရမှာအရမ်းညီးနေတဲ့ကောင်က  ဒီနေ့မှပျော်တယ်တဲ့)

 

စိတ်ကူးတောင်ယဉ်လိုက်သေးတယ်ကောင်မလေးတစ်ယောက်နဲ့ပေါ့ဗျာဟဲဟဲ..

(ဟင်း..ဘယ်ကကောင်မလေးလဲ..ဒီမှာတော့ သူ့ထက်မြင့်တဲ့ ဘိုမတွေပဲရှိတယ်)

 

နှင်းတွေကျနေတော့ အအေးပေါ့တယ်လို့ ခံစားရတယ်

နှင်းမကျသေးတဲ့နေ့တွေက ဆိုရင်တော်တော် အေးတာပဲ...

(လျှောက်ပြောနေတာ အေးတာပဲဟာကို...နားတွေတောင်ကိုက်တယ်..ဟဲ..)

 

 

နှင်းတွေက အခုမှကျတာဆိုတော့ မြေပြင်နဲ့မြတ်ခင်းတွေပေါ်မှာ ဖွေးနေတာပဲ..

နောက်နေ့တွေ နှင်းဆက်တိုက်ကျရင်တော့ နှင်းခဲတွေလုပ်ပြီး

သူငယ်ချင်းတွေနဲ့ ကစားလို့ရပြီ….

(သူပဲ ခံရတာကိုများ..ကစားချင်သေးတယ်..အရင်နှစ်ကပေါ့ အဲဒီလိုပဲနှင်းခဲတွေနဲ့ပစ်တမ်း ကစားကြတာ 

သူမျက်နှာကို တည့်တည့်ကြီးနှင်းခဲ မှန်တာလေ ဟားးး..နှီရဲနေတာပဲ...)

 

သူငယ်ချင်းတွေကတော့ ဒီနေ့မှာ ဓာတ်ပုံတွေရိုက်ကျတယ်…

(သူရိုက်တာကျတော့ ထည့်မရေးဘူး..သူအကဲဆုံးလေ..)

 

နှင်းစကျတဲ့ အရသာလေးခံစားချင်တာနဲ့ပဲ ခေါင်းစွပ်တောင် မစွပ်ပဲကျောင်းသွားခဲ့တယ်..

ပြောမဲ့သာပြောရတယ် နှင်းတွေအရမ်းကျလာရင်လည်းကောင်းဘူး....

(ဟီး…ရွီးနေတာ..ဆံပင်ပုံစံပျက်မှာဆိုးလို့၊ နှင်းတွေအရမ်းကျရင် ခေါင်းစွပ်ဝတ်ရမှာလေ.. လူသာအသေခံမယ်စတိုင်အပျက်မခံဘူး ဆိုတဲ့ကောင်ပေါ့ ..ဟီးးး)

 

လူသွားလမ်းပေါ်မှာ ဘယ်သူမှမနင်းရသေးပဲ နှင်းဖြူဖြူလေးတွေတွေ့ရင်လိုက်နင်းတယ်..

ကိုယ့်ခြေရာလေးတွေထင်တာကို ပြန်ကြည့်ရတာလည်း အမောပေါ့..

(ဘာမှမဟုတ်ဘူ..အရူးထနေတာလေ အဲဒါ..ဟီး…)

 

နှင်းတွေလိုက်နင်းတာနဲ့ ၀တ်ထားတဲ့ဂျင်းဘောင်းဘီတောင် အောက်ခြေကစိုနေပြီ..

(ဟေ့ကောင် ဂျင်းဘောင်းဘီအောက်ခြေက ဆွေးပြီးပြဲနေတာလဲ ရေးလေကွာ.)

 

ကျလာတဲ့နှင်းလေးတွေကို လက်နဲ့လိုက်ဖမ်းရတာလဲ အရသာတမျိုးပဲ..

(အဖမ်းလွန်ပြီး ချော်လဲလို့ လက်နာသွားတဲ့ အရသာကရော ဘယ်လိုလဲကွ..)

 

ကျောင်းရောက်တော့ ခေါင်းစွပ်မပါပဲလာခဲ့လို့လားတော့ မသိဘူး နှာချေတော့တာပဲ…

(အမှန်ပဲပေါ့ကွ စတိုင်အပျက်မခံဘူး ဆိုတဲ့ကောင် ခံပေါ့ကွာ..ဟီး…)

 

စာသင်ခန်းကနေ အပြင်ကနှင်းတွေကျနေတာကို ကြည့်ရတာလဲ ဖီလင်တမျိုးပဲ..

(ဟား..ဆရာက စာသင်တာမကြည့်ပဲအပြင်ငေးနေလို့..စာထွက်တွက်ခိုင်းတော့ အူကြောင်ကြောင်ဖြစ်နေတဲ့ ဖီလင်လေးရောကွ ဘယ်လိုလဲ့..)

 

နှင်းကျတာကိုခံစားမနေတော့ဘူး စာလိုက်ကြည့်ဦးမှ ..ဟီးးး..တော်ကြာ extra မိနေဦးမယ်..

ဒီနေ့ပဲကျောင်းလိုက်ပါတယ်ဆိုမှ….

(သူကအခမှုအမြင်မှန်ရသွားပြီး ဟားးး)

သူ့ကိုပဲပြောနေတာ ကျွှန်တော်လည်း တိတ်တိတ်လေးနှင်းစကျတဲ့ အရသာကိုခံစားနေတာဗျ..

ရူး..တိုးတိုး သူမသိစေနဲ့နော်..ဟဲဟဲဟဲ..(oval)

No comments: