(၁) ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကိုနားလည်ပေးပါ စိတ်ရှည်ရှည်ထားပြီး ဆက်ဆံပေးပါ။
(၂) ချိနှဲ့ လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် ဖိတ်ကျန်တဲ့အခါ အညစ်အကြေးတွေ မနိုင်တဲ့အခါ
ငါ့ကိုမရွံပါနှင့် ငယ်ငယ်တုန်းက ငါသန်စင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။
(၃) အပ်ကြောင်းထပ်မကပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ မသိကျိုးကျွံမပြုလိုက်ပါနဲ့၊
စကားမဖြတ်ဘဲ နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း ပုံပြင်ပေါင်းများစွာကို
မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။
(၄) မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူညီလိုတဲ့အခါ မငြိုငြင်ပါနဲ့ ငယ်ငယ်တုန်းက ချော့တလှည့် ခြောက်တခါ
ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးတွေကို မြင်ယောင်ပေပါ။
(၅) ခောတ်သစ် နည်းပညာသစ် အကြောင်းအရာသစ်တွေကို မသိနားမလည်ခဲ့ရင်ငါ့ကို မလှောင်ပါနဲ့
ငယ်ငယ်တုန်းက ဘာ့ကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။
(၆) အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ
အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ။ စကားအကြောင်းအရာတွေ အရေးမကြီးပါဘူး။
ဘေးကနေ ငါပြောသမျှကိုနားထောင်ပေးရင် ကျေနပ်ပါပြီ။
(၇) တစ်နေ့ထက်တစ်နေ့ အိုဆာသွားတဲ့ငါ့ကို ကြည့်ပြီး ၀မ်းနည်းမနေပါနဲ့။ နားလည်ပေးပါ။ အားတွေ
ပေးပါ။ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံး
အချိန်တွေအတွက် အဖော်ပြုပေးပါ။ မေတ္တာနှင့် အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီ
အပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

သင်လည်းနောင်တစ်ချိန် ထိုသို့ အိုရလိမ့်မည်။
No comments:
Post a Comment