U
အင်တာနက်ကို လူအမျိုးမျိုးက ရည်ရွယ်ချက် အမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်။ အမေရိကန် အခြေစိုက် Pew Internet & American Life Project က အမေရိကန်ရှိ အမျိုးသားများနဲ့ အမျိုးသမီးများကြား အင်တာနက် အသုံးပြုမှု ပုံစံ ကွာခြားမှုကို သုတေသနပြုခဲ့ပါတယ်။
အစီရင်ခံစာအရအမျိုးသားတွေဟာ သတင်း၊ ကုန်ပစ္စည်းသစ်၊ အားကစားတို့ကို အဓိက စိတ်ဝင်စားပြီး၊ အမျိုးသမီး အများစုကတော့ ကျန်းမာရေး၊ အလှအပ ရေးရာနဲ့ ဘာသာရေး ဆိုင်ရာ သွန်သင်ချက် များ စသည်တို့ကိုရှာဖွေကြပါတယ်။ နောက်ပြီး အင်တာနက် အသုံးပြုချိန်မှာအမျိုးသားတွေဟာ အမျိုးသမီး တွေထက် အင်တာနက်ကို သဲကြီးမဲကြီး ဆက်တိုက်အသုံး ပြုမှုတို့မှာ သာလွန်ပါတယ်။
အမျိုးသားတွေရဲ့ အွန်လိုင်း စိတ်ဝင်စားမှုတွေဟာ ပြုမူ လှုပ်ရှားမှု (Action oriented) မှာ အခြေခံပြီး၊ အမျိုးသမီး တွေကတော့ လူမှုဆက်ဆံရေးနဲ့ မိတ်ဆွေဖွဲ့မှု (Human relationship) ကို ပိုမို အားသန် တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ယောက်ျားရော မိန်းမပါ အင်တာနက်ကို အပျော်သက် သက် ရှာဖွေမှုက များပြီး ယောက်ျား ၇၀ % နဲ့ မိန်းမ ၆၃ % ကအချိန်ဖြုန်းဖို့ အွန်လိုင်းကို အသုံးပြုတာ လို့ ၀န်ခံပါတယ်။ Webcam တွေ စတဲ့ Digital Content တွေကို ပိုက်ဆံပေး ကြည့်ရမယ်ဆိုရင် မိန်းမ တွေက လက်တွန့်တတ် ပေမယ့် ယောက်ျားတွေကတော့ အခကြေးငွေ ပေးဖို့ ၀န်မလေးပါဘူးတဲ့။
အမျိုးသားတွေနဲ့ အမျိုးသမီး user တွေကြားက တချို့ကွာခြားချက် တွေဟာလည်း တဖြည်းဖြည်း ကျဉ်းမြောင်း လာမယ့် လက္ခဏာရှိပါတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ မိန်းကလေးများထဲမှာ အင်တာနက်ကို အရူးအမူး စွဲလန်းမှု ပိုမိုခေတ်စား လာနေပါတယ်။ အီးမေးလ်ကို အတိုင်းထက် ပိုမို သုံးစွဲလာတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ၀တ္ထု၊ ရုပ်ရှင်ဇာတ်လမ်း များကြောင်း ဖလှယ်ခြင်း၊ ဘ၀ ပြဿနာ တွေကို ရင်ဖွင့်ခြင်း၊ မိတ်ဆွေများ၊ ဆွေမျိုးများနဲ့ သာကြောင်း မာကြောင်း ပြောခြင်း စသည် များကို တဖွဲ့တနွဲ့ မေးလ်ပို့လေ့ ရှိကြပါတယ်။
သို့သော်လည်း အင်တာနက်အသုံးပြုမှု အချိုးအစားမှာမူ ယောက်ျားနဲ့ မိန်းမ ကွဲပြားမှု သိပ်မရှိ။ ယောက်ျား ၆၈ % နဲ့ အမျိုးသမီး ၆၆ % တို့က အင်တာနက်ကို အသုံးပြုကြပါတယ်။ အသုံးပြုတဲ့ ပုံစံသာ ကွာခြားသွား ကြောင်းဖော်ပြထားပါတယ်။
ကိုးကားချက်..။ ။ HUhttp://winzaw-mdy.blogspot.com/2008/07/blog-post_7044.htmlU
No comments:
Post a Comment