
တောက်ပသည့် မျက်လုံးနှစ်ခု အသွင်ရှိနေသည်မှာ သောကြာကြယ် (ဗီးနပ်စ်) နှင့် ကြာသပတေးဂြိုဟ် (ဂျူပီတာ) ဖြစ်သည်။
ဗေဒင်နက္ခတ်ဆရာများကိုလည်း ဤထူးဆန်းသည့် နက္ခတ်တာရာ တိုက်ဆိုင်ဆုံဆည်းမှုအတွက် မေးမြန်းခဲ့ကြပြီး သူတို့၏ ဟောကြားချက်များက ပျံ့နှံ့လာခဲ့သည်။ သောကြာဂြိုဟ်နှင့် ကြာသပတေးဂြိုဟ်တို့မှာ ကံကောင်းစေသည့် ဂြိုဟ်နက္ခတ်များအဖြစ် ယူဆကြပြီး ယခုအဖြစ်ကလည်း အပြုသဘောဆောင်မည်၊ ကံကောင်းစေမည်ဟု ယူဆကြသည်။ ကြင်နာသနားတတ်သော၊ စေတနာထက်သန်သော၊ ကူညီစောင်မသော အကျိုးကို ခံစားရမည်ဟု ဆိုကြသည်။
No comments:
Post a Comment