
သူ့ရဲ့ခွန်အားကြီးမားမှုနဲ့ ပြင်းပြတဲ့စိတ်မာန် တွေကြောင့်ခြင်္သေ့ကို တောတွင်းတိရစ္ဆာန်ပေါင်းရဲ့
ဘုရင်ရာဇာလို့ခေါ်ဝေါ်သမုတ်ကြပါတယ်။ ကြောင်တွေလိုပဲခြင်္သေ့ ဆိုတာမို့မောက် သန်စွမ်းတဲ့ရင်အုံကြီးနဲ့
အားကောင်းသန်မာတဲ့ ကြွက်သားစိုင်တွေ ဖုထစ်လှိုင်းထပြီး ခွန်အားကြီးလှတဲ့ သတ္တ၀ါဖြစ်ပါတယ်။အစွမ်း
ထက်လှတဲ့ မေးရိုးပေါ်မှာ ထက်ရှတဲ့သွားတွေရှိပါတယ်။မျက်စိနဲ့နားကလည်းအလွန်ပါးတဲ့သတ္တ၀ါပေါ့။ဖမ်း
မိတဲ့သားကောင်ကို သယ်ယူတဲ့အလုပ် ကိုခြင်္သေ့မတွေကလုပ်ဆောင်တယ်။ဟိုင်းအီရားတွေသတ်ထားတဲ့
သားကောင်တွေကိုလည်းဗိုလ်ကျစိုးမိုးပြီးစားသောက်လေ့ရှိတယ်။ခြင်္သေ့ဆိုတာအသင်းအဖွဲ့နဲ့နေတဲ့သတ္တ
ဝါတွေ ဖြစ်တယ်။ မာန်တက်နေတဲ့ သတ္တ၀ါမျိုးဖြစ်တယ်။ သူတို့အစားအစာတွေက ဂါဇယ်လာတွေ။တောင်
ဆိတ်တွေ။ မြင်းကျားတွေ။အာဖရိကတောင်ဆိတ်တွေစတဲ့သားကောင်ကြီးတွေဖြစ်ကြပါတယ်။ သူတို့သား
ရေက ညိုဝါ သွေးရောင်ကြွနေတယ်။ ၀မ်းဗိုက်နဲ့ ခြေလက်တွေရဲ့ ဘေးဘက်တွေကတော့ အဖြူရောင်ဖြစ်
ပါတယ်။ ခြင်္သေ့မက သားပေါက်ရင် ၁ ကောင်မှ ၆ကောင်အထိပေါက်လေ့ရှိတယ်။သူတို့သက်တမ်းက ၁၅
နှစ် မှ ၂၄ နှစ် အထိရှည်တယ်။ (ဗဟုသုတဝေမျှပါသည်)
No comments:
Post a Comment