ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Thursday, January 8, 2009

“ချမ်းသာသွားလိုက်ပုံက”

အလွန်ချမ်းသာလိုသော လူငယ်တဦးက ခမ်းနာထည်ဝါသော တိုက်ခန်းကြီးနဲ့နေထိုင်ပြီး နောက်ဆုံးပေါ်ကားကြီးစီးကာ လုပ်ငန်းများစွာလုပ်ကိုင်နေသော သူဌေးကြီးတဦးအား မေးမြန်းခဲ့သည်။
လူငယ်။ ။ကျွှန်တော် သူဌေးကြီး လို့ အရမ်းချမ်းသာချင်ပါတယ်….
သူဌေးကြီး။ ။အောက်ခြေကစပြီး ကြိုးစားရမှာပေါ့…
လူငယ်။ ။ဟုတ်ကဲ့ သူဌေးကြီး ဘယ်လိုကြိုးစားခဲ့ သလဲ ကျွှန်တော်သိချင်ပါတယ်…
သူဌေးကြီး။ ။ အေး ငါလည်း ငယ်ငယ် ကတော့ ဆင်းရဲခဲ့တာပေါ့ကွာ..အိမ်ထောင်ကျတော့ သူ့မိဘတွေ ကသဘောမတူကြဘူး..ဒီကြားထဲပိုက်ဆံကမရှိနဲ့ အတော်ကို ကျပ်တည်းတာပေါ့..ပထမတော့ ပန်းသီးရောင်းတယ်..ပိုက်ဆံမရှိတော့ ပထမနေ့မှာ တလုံးပဲဝယ်ပြီး ရောင်းနိုင်တယ်…အမြတ်ငွေရတော့ နောက်နေ့ နှစ်လုံးရောင်းတယ်..အဲဒီအမြတ်ငွေနဲ့ နောက်နေ့ ပန်းသီးသုံးလုံးရောင်းတယ်..ဒီလိုနဲ့ တလကြာတော့ အမြတ်ငွေနှစ်ဒေါ်လာရလာတယ်…
လူငယ်။ ။ ဟုတ်ကဲ့ အဲဒီလောက်ငွေးကြေးအမြတ်လေးနဲ့ နှစ်ဘယ်လောက်ကြာအောင် ကြိုးစားပြီး အခုလိုချမ်းသာတဲ့ဘ၀ ရောက်ခဲ့တာလဲ သိပါစေခင်ဗျ..
သူဌေးကြီး။ ။ပန်းသီးတနှစ်လုံးရောင်းပြီးတဲ့အချိန်မှာ ကျန်းမာရေး၊ စားဝတ်နေရေးတွေကြောင့်
ဒေါ်လာ ၂၀ ပဲ လက်ထဲမှာကျန်တယ်…အဲဒီအချိန်မှာ ယောက်ခမကြီးတွေ ရုတ်တရက် ဆုံးသွားလို့ အမွေဒေါ်လာ သန်း၂၀၀ ရပြီး အခုလိုချမ်းသာလာတာပေါ့ကွာ…( :P )
လူငယ်။ ။ဗျာ….( :D )

No comments: