ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Sunday, January 4, 2009

“၆၁ နှစ်မြောက်လွတ်လပ်ရေးနေ”့


၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက် နေ့တွင်၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အသက်စွန့် ကြိုးပမ်းမှုကြောင့်၊ အမိမြန်မာပြည် တိုင်းတပါးကျွန်ဘဝမှ လွတ်မြောက်ကာ၊ လွတ်လပ်၍ အချုပ်အချာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံအဖြစ်၊ ဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် နှင့် ပြည်သူတို့ အတူတကွ လက်တွဲကာ၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ညွှန်ကြားသည့်အတိုင်း၊ အနီးကပ်ဆုံး ရန်သူဖြစ်သည့် ဖက်စစ်တို့အား တွန်းလှန်ခဲ့ပြီးသည့်နောက်၊ နယ်ချဲ့တို့ထံမှ လွတ်လပ်ရေးကို ညီညွတ်စွာ ရယူနိုင်ခဲ့သည်။
ယခု၂၀၀၉ ခု၊ ဇန်နဝါရီ (၄)ရက် ဆိုလျှင်၊ လွတ်လပ်ရေး ရရှိခဲ့သည်မှာ (၆၁)နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ ကျွှန်တော်တို့ အမိနိုင်ငံတော်ကြီး နိုင်ငံတကာအလယ်မှာ ဂုဏ်ယူစွာ ဆက်လက်ရှင်သန်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ နိုင်ငံသူနိုင်ငံသား
အားလုံး လိုရာပြည့်ဝကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်ဆုံကြပါစေ.....(oval)

No comments: