
လောကကြီးမှာ လူတူမရှား နာမည်တူမရှား ပေါ့ဗျာ။ ဒါပေမဲ့ အိုဘားမားနဲ့တူ တဲ့အတွက် သာမန် လူတယောက်ကနေ ချက်ခြင်းလက်ငင်း တီဗွီစတားဖြစ်လာတာကတော့ အင်ဒိုနီးရှားနိင်ငံက အသက်၃၄ နစ်ရှိတဲ့ ဓါတ်ပုံဆရာ အီဟန် အာနပ်စ် ( IIham Anas) ဖြစ်ပါတယ်။ သူဟာ အင်ဒိုနီးရှားနဲ့  ဖိလစ်ပိုင်နဲ့  စီပွားရေးလုပ်ငန်းတွေကို ကြေညာရိုက်ပေးနေရပြီလို့ ဆိုပါတယ်။ Talk Show တွေနဲ့ မအားနိင်အောင်ဖြစ်နေတယ်လို့ ဆိုတယ်။ မလေးရှားလေဆိပ် ရောက်တုံးက လူတယောက်က သူကို ခင်ဗျား အိုဘားမားလား လို့ လာမေးတာကိုတောင်ခံရဘူးတယ်လို့ ဆိုတယ်။ မဂဇင်းတစောင်အတွက် လည်း ၀တ်စုံ ၀တ် အမေရိကန်အလံကိုနောက်ခံထားပြီးဓါတ်ပုံ ရိုက်ပေးလိုက်ရပြီး ပြီ။ အရင် က သူမျက်နာကို သူအားငယ်စိတ်ရှိပေမဲ့ ခုတော့ သူဟာ ဘုရားပေးတဲ့ဆုပဲလို့ ဆိုပါတယ်။ အိုဘားမားရဲ့  ကျော်ကြား အောင်မြင်မှုက သူနဲ့ တူတဲ့သူကိုတောင် ကောင်းကျိုးပြုနေတာကတော့ ကျေနပ်စရာကောင်းပါတယ်။
No comments:
Post a Comment