ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Saturday, February 7, 2009

“အဝတ်အစား အရောင်နှင့် ကိုယ်ရည် ကိုယ်သွေး”

(ဒီ ဟာလေး က ဘယ်တုန်း ကမှတ်ထားလဲ မသိပါဘူး ပြန်ဝေလိုက်ပါတယ် )

သင်ဝတ်တဲ့အဝတ်အစားစတိုင်လ်နဲ့ အရောင်တွေဟာ သင်ရဲ့ကိုယ်ပိုင်ပုံစံတစ်ခုကို ဖြစ်စေပါတယ်။ အများအားဖြင့်ကိုယ်စိတ်တိုင်းကျအဝတ်အစားအရောင်ကိုရွေးချယ်ဝယ်ယူပြီးဝတ်ကြတာဖြစ်တဲ့အတွက် သင်ရွေးချယ် တဲ့အဝတ်အစားတွေရဲ့အရောင်ဟာ သင်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အတိုင်းအတာတစ်ခုအထိဖော်ပြနိုင်ပါတယ်။ လူအများစုကတော့နေ့စဉ်ပုံမှန်ဝတ်တဲ့အဝတ်တွေအတွက် ဣနြေ္ဒရတဲ့အရောင်၊ မတောက်ပတဲ့အရောင်တွေကို ရွေးချယ်ဝတ်ဆင်ကြပါတယ်။ လူအများကြားထဲမှာကိုယ့်ကိုယ်ကိုယ်ပေါ်လွင် ထင်ရှားစေချင် တဲ့လူတွေကတော့တောက်တောက်ပပနဲ့အရောင်ရင့်ရင့်အဝတ်အစား တွေကိုဝတ်လေ့ရှိကြပါတယ်။

အနီရောင်
အနီရောင်ကတော့သြဇာကြီးခြင်း၊ လွှမ်းမိုးခြယ် လှယ်ခြင်း၊ အင်အားကြီးမားခြင်းနဲ့ ဆွဲဆောင်မှုပြင်းခြင်းတွေ ကိုဖော်ပြတဲ့အရောင်ပါပဲ။ သင်ဟာလူအများကြားထဲမှာ ကွဲပြားခြားနားသိသာစေတဲ့ ဖက်ရှင်မျိုး ဝတ်ဆင်ချင်တယ်ဆိုရင်တော့ အနီရောင်ကိုရွေးချယ်လိုက်ပါ။

ပန်းနုဝါနဲ့ပန်းရောင်
ဒီအရောင်တွေကတော့ အေးမြခြင်းနဲ့တည်ငြိမ်ခြင်းကိုဖော်ပြနေပါတယ်။ ပန်းရောင်ဝတ်ထားရင်သင်ဟာပန်းပွင့် လေးတစ်ပွင့်လိုလန်းဆန်းနုပျိုနေပါလိမ့်မယ်။

အနက်ရောင်
အနက်ရောင်ကတော့ အချိန်တိုင်းမှာစွမ်းအားရှိခြင်းကို ဖော်ပြနေပါတယ်။ ကြော့ရှင်းလှပခြင်း၊ ကျက်သရေရှိခြင်းနဲ့ တင့်တယ်ခြင်းတွေရဲ့သင်္ကေတလည်းဖြစ်ပါတယ်။

အဖြူရောင်
သင်ဟာသပ်သပ်ရပ်ရပ်နဲ့သန့်သန့်ရှင်းရှင်းပုံစံလေးဖြစ် ချင်ရင် အဖြူရောင်ဟာသင့်အတွက် အကောင်းဆုံးအရောင်ပါပဲ။ အဖြူရောင်ဟာစင်ကြယ်မှုနဲ့ ရိုးရှင်းမှုကို လည်းဖော်ပြနေပါတယ်။ အကောင်းဆုံး နွေရာသီအရောင်လည်းဖြစ်ပါတယ်။

အပြာရောင်
အပြာရောင်ကတော့ နွေးထွေးမှုနဲ့ယုံကြည်မှုရဲ့ အရောင်ဖြစ်ပါတယ်။ အမျိုးသား တိုင်းလိုလိုရဲ့ အဝတ်ဗီရိုထဲမှာတွေ့ရလေ့ရှိတဲ့ လူကြိုက်များတဲ့အရောင်ပါပဲ။

အဝါရောင်
လှပတဲ့နေကြာပန်းရဲ့အရောင်ပါ။ စိုးရိမ်စိတ်နဲ့ နိုးကြားတတ်ကြွမှုကိုဖော်ပြပါတယ်။ ဒါပေမယ့် မီးတောက်ရဲ့အရောင်ဆိုတာကိုလည်းမမေ့သင့်ပါဘူး။

အနီိမှိုင်း
အနီရောင်တောက်တောက်မဟုတ်တဲ့ အနီမှိုင်အရောင်းဟာယုံကြည်သက်ဝင်မှုရဲ့ လက္ခဏာပါ။ အနီမှိုင်းရှပ် အင်္ကျီလေးကစတိုင်လ်လည်းကျပါတယ်။

အစိမ်းရောင်
အစိမ်းရောင် ဆိုတာကတော့ စိမ်းလန်းတဲ့ သစ်ပင်တွေရဲ့အရောင်ပါ။ လှပတဲ့ အစိမ်းရောင် အရွက်တွေ၊ လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေရဲ့ သဘာဝအရောင်ပါ။ လန်းဆန်းမှု၊အပန်းပြေစေမှု နဲ့တည်ငြိမ်မှုတွေကို ဖော်ပြနေပါတယ်။

အညိုရောင်
အညိုရောင်ကတော့ အဆင့်အတန်းမြင့်ပြီးလွတ်လွတ်လပ်လပ်စတိုင်လ်ကို အဓိပ္ပာယ် ဖော်ပေးပါတယ်။ ယုံကြည်အားထားရမှုနဲ့ စိတ်ချမှုကိုလည်းဖော်ပြပါတယ်။

မီးခိုးရောင်
သင်ဟာဘဝမှာမျှတတဲ့လူတစ်ယောက်ဖြစ်တယ်လို့ ဖော်ပြနေတဲ့အရောင်ပါ။ကြော့ရှင်းတဲ့ပုံစံဖြစ်စြေ ပီး ဥာဏ်ရည်ထက်မြတ်တဲ့ အသွင်လည်းဖြစ်စေပါတယ်။

No comments: