
ရေနွေးကြမ်းပူပူကို သောက်သုံးခြင်းသည် လည်ချောင်းနှင့် အစာပြွန်ကင်ဆာများ ဖြစ်ပွားစေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်ဟု
ဗြိတိသျှ ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။
အပူချိန် ၇၀ ဒီဂရီစင်တီဂရိတ်ရှိသည့် ရေနွေးကြမ်းပူပူနှင့် အခြား စွပ်ပြုတ်ပူပူများသည် လည်ချောင်းရှိ တစ်သျှူးများ ပျက်စီးစေသည့်အပြင် အစာပြွန်နံရံများကို ထိခိုက်ပျက်စီးစေကြောင်း သိရသည်။
ရေနွေးကြမ်းပူပူနှင့် အခြား စွပ်ပြုတ်ပူပူများကို အအေးမခံပဲ သောက်သုံးလေ့ရှိသူ အမျိုးသား၊ အမျိုးသမီး ၃၀၀ ကျော်အား သုတေသနပြု
လေ့လာခဲ့ရာ လည်ချောင်းနှင့် အစာပြွန်နံရံများရှိ တစ်သျှူးများ ပျက်စီးနေပြီး ကင်ဆာဖြစ်ပွားရန် ရာခိုင်နှုန်းများနေကြသည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် ရေနွေးကြမ်းနှင့် စွပ်ပြုတ်တို့ အပြင် အခြားသောအစား အစာများကို ပူပူလောင်လောက် နှင့်
အလျင်အမြန် မစားသင့်ကြောင်း အအေးခံကာ ပူနွေးရုံ စားသုံးသင့်ကြောင်း အကြံပြုထားသည်။
No comments:
Post a Comment