ကိုယ်စောင့်နတ် တစ်ကျိပ်တစ်ပါးရှိတယ်လို့ စာပေတွေထဲမှာ ဆိုထားပါတယ်။ အဲဒီနတ်တွေထဲက အရေးကြီးတာက သီရိကျက်သရေကို ပေးနိုင်စွမ်းရှိတဲ့ နတ်(၃)ပါး ကြိုက်နှစ်သက်အောင် နေတတ်ဖို့ပါတဲ့၊ အဲဒီနတ်သုံးပါးဟာ
(၁)ဦးခေါင်းကိုစောင့်တဲ့နတ်
(၂)ကိုယ်ကို စောင့်တဲ့နတ်
(၃)ခြေကို စောင့်တဲ့နတ် ဆိုပြီးရှိတယ်။
ဦးခေါင်းကိုစောင့်တဲ့နတ်ဟာ နံနက်အခါ ဦးခေါင်းကို သန့်ရှင်းစွာ ပြုလုပ်လေ့ရှိသူကို နှစ်သက်ပြီး စောင်မ ကြည့်ရှုတတ်တယ်။ ကြိုးတန်း၊ ကြိမ်တန်း၊ အိမ်အောက်၊ လှေခါး၊ တံတား၊ ပုဆိုးအ၀တ်အောက် လျှိုဝင်ခြင်း ကို မကြိုက်ဖူး။
ကိုယ်ကို စောင့်တဲ့နတ်က.. နေ့ အခါ ကိုယ်ခန္ဒ္စာကို သန့်ရှင်းအောင် နေထိုင်တတ်သူကို စောင့်ရှောက်သတဲ့။
မိမိဝတ်ပြီးသား အ၀တ်ကို အထက်အောက်ပြန်ဝတ်ခြင်းကို မကြိုက်ဖူး၊
ခြေ ကို စောင့်ရှောက်တဲ့နတ်ကတော့.. ညအခါ ခြေကို သန့်ရှင်းစင်ကြယ်စွား ဆေးကြောအိပ်ယာဝင်တဲ့ သူကို စောင့်ရှောက်သတဲ့။ ခြေကို မသန့်မရှင်းပြုပြီး အိပ်ယာဝင် လူကို မကြိုက်ဖူးတဲ့။
အဲဒါကြောင့် လဲ ရှေးလူကြီးတွေက...
မနက်အခါ ဦးခေါင်းမှာ ကျက်သရေနေတယ်။
နေ့ခင်းအခါ ကိုယ်မှာ ကျက်သရေနေတယ်၊
ညဥ့်အခါ ခြေမှာ ကျက်သရေနေတယ်။
ဒါကြောင့် အခါကို လိုက်ပြီး သန့်ရှင်းအောင် နေရမယ်လို ပြောခဲ့တာပါ။
ဒီလောက်ဆိုရင် လူမှာ သီရိကျက်သရေကို ပေးဆောင်တတ်တဲ့ နတ်(၃)ပါး ရှိတယ်ဆိုတာ...လုံလောက်ပါပြီ။
ကျက်သရေ ဆိုတာကရော...
မနက်ခင်းရဲ့ ကျက်သရေ ကိုစဉ်းစား ကြည့်ရအောင်... ဗုဒ္ဒ္စဘာသာမြန်မာလူမျိုးများ မနက်ခင်း ကျက်သရေ အထူးသဖြင့် ဂရုပြု လေးထားတတ်ကြပါတယ်။ မနက်မိုးသောက်အလင်းရောက်တာနှင့် ဘုရားရှိခိုးပုတီးစိပ်၊ မေတ္တာ ဘာဝနာ ပွားများ..။ မကောင်းသော အတိတ်နမိတ် ပါသောစကားများကို ရှောင်ရှား၍ နေ့တနေ့ရဲ့ အစကို ကျက်သရေရှိစွာနဲ့ စတင်လေ့ ရှိကြတာ အားလုံးအသိပါ။အဲဒီတော့ ကျက်သရေ ဆိုသည်မှာ မိမိရင်ထဲမှာ အေးမြပြိး တည်ငြိမ်တဲ့ အလှ မျိုး ဟုမှတ်သားမိပါတယ်။ အဲဒီတော့ လူတစ်ယောက်ဟာ အမြဲတမ်း ကျက်သရေ ရှိအောင် နေထိုင်တတ်ဖို့ အရေးကြီးပါတယ်...
ကျက်သရေနဲ့ပတ်သတ်ပြီး ထပ်ပြီးမှတ်သားမိတာကတော့...
တနင်္ဂနွေနေ့မှာ ဦးခေါင်းမှာ ကျက်သရေနေတယ်။
တနင်္လာ ပခုံးမှာ ကျက်သရေနေတယ်။
အင်္ဂါနေ့ ကျောခုံးမှာ ကျက်သရေနေတယ်။
ဗုဒ္ဒ္စဟူး နှာခေါင်းမှာ ကျက်သရေနေတယ်။
ကြာသပတေးနေ့ လက်ရုံးမှာ ကျက်သရေနေတယ်။
သောကြာနေ့ က္ကုနြေ္ဒ ၌ ကျက်သရေနေတယ်။
စနေ့နေ့ တစ်ကိုယ်လုံးပြည့်အောင် နေတယ်။ လို့ ဆိုထားပါတယ်။ (ဗဟုသုတဖတ်ရတာလေး ပြန်ဝေတာပါ)
No comments:
Post a Comment