ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Monday, May 25, 2009

“အချိန်ရဲ့တန်ဖိုး”

တစ်နှစ်ရဲ့တန်ဖိုးကိုသိချင်ရင်
စာမေးပွဲကျတဲ့ကျောင်းသားကိုမေး ကြည့်ပါ...။
တစ်လရဲ့တန်ဖိုးကိုသိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့မိခင်ကိုမေးကြည့်ပါ...။
တစ်ပတ်ရဲ့တန်ဖိုးကိုသိချင်ရင်
အပတ်စဉ်ထုတ်ဂျာနယ်အယ်ဒီတာကိုမေးကြည့်ပါ....။
တစ်နေ့ရဲ့တန်ဖိုးကိုသိချင်ရင်
ကလေးခြောက်ယောက်ကိုကျွေးမွေးနေရတဲ့ နေ့စားအလုပ်သမားကိုမေးကြည့်ပါ.။
တစ်နာရီရဲ့တန်ဖိုးကိုသိချင်ရင်
ဆုံဆည်းခွင့်ကို စောင့်နေကြတဲ့ ချစ်သူများကိုမေးကြည့်ပါ....။
တစ်မိနစ်ရဲ့တန်ဖိုးကိုသိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကိုမေးကြည့်ပါ....။
တစ်စက္ကန့်ရဲ့ တန်ဖိုးကိုသိချင်ရင်
ယဉ်တိုက်မှုနဲ့သီသီလေးလွဲသွားတဲ့ ဒရိုင်ဘာကိုမေးကြည့်ပါ....။
တစ်မီလီစက္ကန့်ရဲ့တန်ဖိုးကိုသိချင်ရင်
အိုလံပစ်ငွေတံဆိပ်ရှင်ကိုမေးကြည့်ပါ...။

No comments: