(မဖတ်ရသေးသော သူငယ်ချင်းများ၊ ကျန်းမာရေး အသိပညာဗဟုသုတ တိုးပွားစေရန်သာ ရည်ရွယ်ပါသည်။ )
ခန္ဓာကိုယ်၏ အားဖြည့်ချိန်သည် ည ၉-နာရီမှ နံနက် ၃-နာရီတွင်းဖြစ်သည်။ ည ၉-နာရီမှ ၁၁-နာရီသည် ရောဂါခုခံကာကွယ်စနစ်အချိန်ဖြစ်သည်။ အထူးသဖြင့် အလယ်တန်းအောက်ကလေးငယ်များသည် ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှု မပြည့်စုံသေးသည့် အရွယ်ဖြစ်၍ ည ၉-နာရီတွင် အိပ်နိုင်လျှင် ကောင်းသည်။ ည ၁၁-နာရီမှ နံနက် ၁-နာရီသည် ရိုးတွင်းချဉ်ဆီမှ သွေးနီဥတည်ဆောက်ချိန် ဖြစ်သည်။ နံနက် ၁-နာရီမှ ၃-နာရီသည် အသည်း၏အချိန်ဖြစ်သည်။ နံနက် ၃-နာရီမှ ၅-နာရီသည် အသက်ရှူစနစ်အတွက်ဖြစ်သည်။
နံနက် ၄-နာရီသည် ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန် ဖြစ်သည်။ ဆေးပညာတွင် "အန္တရာယ်များသည့် လေးနာရီ" ဟု ပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကျပ်၊ နှလုံး၊ လေဖြတ်၊ ဦးနှောက်သွေးကြောရောဂါ၊ သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှ ကိုယ်လက် လှုပ်ရှား လမ်းလျှောက်ထွက်သင့်သည်။
နံနက် ၅-နာရီမှ ၇-နာရီသည် အူမကြီး အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။ နံနက် ၇-နာရီမှ ၉-နာရီသည် အစာအိမ် အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ ထို့ကြောင့် ၇-နာရီမတိုင်မီ နံနက်စာစားသင့်သည်။ နံနက် ၉-နာရီမှ ၁၁-နာရီသည် သရက်ရွက်အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။ တစ်ဖန် ၁၁-နာရီမှ နေ့လယ် ၁-နာရီသည် ရိုးတွင်းချဉ်ဆီသွေးတည် ဆောက်ချိန်ဖြစ်၍ ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါ မဖြစ်တော့ပေ။ သဘာဝ၏ စည်းချက်အတိုင်း လိုက်နာနိုင်ပါက အလုပ်လုပ်သည့်အခါ အားအင်အပြည့်ရှိပြီး၊ အနားယူသည့်အခါ ဖြေလျှော့မှု အပြည့်ရကာ ကျန်းမာပျှော်ရွင်မည်။
နေ့လည် ၁-နာရီမှ ညနေ ၃-နာရီသည် အူသိမ် အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ထို့ကြောင့် နေ့လယ် ၁-နာရီမတိုင်မီ နေ့လယ်စာကို စားနိုင်လျှင်ကောင်းသည်။
ယင်းအချိန်တွင် နေ့လယ်စာမစားသူများ အစာအိမ်ရောဂါ၊ လေထိုးလေအောင့်ရောဂါ ဖြစ်တတ်သည်။ ညနေ ၃-နာရီမှ ၅-နာရီသည် ဆီးအိမ် အလှုပ်ရှားဆုံးအချိန်ဖြစ်သည်။ ဤအချိန်အတွင်း ရေများများသောက်ရန် အရေးကြီးသည်။ အထူးသဖြင့် ဆီးအိမ်၊ကျောက်ကပ် မကောင်းသူများသည် ဤအချိန်တွင် ရေ ၅၀၀ cc ထက် မနည်းသောက်သင့်သည်။
ညနေ ၅နာရီမှ ၇-နာရီသည် ကျောက်ကပ် အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။ ည ၇-နာရီမှ ၉- နာရီသည် နှလုံးနှင့် ဦးနှောက် အာရုံကြောစနစ်၏ အလှုပ်ရှားဆုံး အချိန်ဖြစ်သည်။
No comments:
Post a Comment