ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Friday, August 21, 2009

"အနေထားမှန်ကန်စွာ အိပ်စက်ခြင်း"

နေ့စဉ်လူတို့ ညအခါ အိပ်စက်ရာတွင် ဘေးတစောင်း အနေအထားဖြင့် အိပ်စက်ခြင်းသည်သာ ကျန်းမာရေးနှင့် ညီညွတ်ကြောင်း
ဗြိတိသျှ ဆေးပညာရှင်များက သတိပေးလိုက်သည်။
ဘေးတစောင်း အနေအထားဖြင့် အိပ်စက်ခြင်းသည် နှလုံးကို ထိခိုက်မှု့ မရှိစေသည်အပြင် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်စီးဆင်းမှု့ကို
ပုံမှန်ဖြစ်စေကြောင်း သိရသည်။ ထို့ပြင် ဦးနှောက်အတွင်း သွေးစီးဆင်းမှု့မှာလည်း မှန်ကန်မှု့ရှိစေကြောင်း သိရသည်။
ပက်လက်(သို့) မှောက်လျက် အနေအထားဖြင့် အိပ်စက်ပါက နှလုံး၏အနေအထားကို ထိခိုက်မှု့ဖြစ်စေပြီး ယင်းသို့ အနေအထားသည်
နှလုံးသွေးစီးဆင်းမှု့ကို ပျက်ယွင်းမှု့ဖြစ်စေသည်ဟု သိရသည်။
ထို့အပြင် ဦးနှောက်သွေးကြောများ တင်းမာမှု့ဖြစ်စေရာ အိပ်ရာမှရုတ်တရက် ထလိုက်ပါက ဦးနှောက်သွေးကြော ပျက်မှု့ဖြစ်ပွားစေနိုင်ကြောင်း
သိရသည်။
ထို့ကြောင့် ညစဉ်အိပ်စက်အနားယူပါက ခန္ဓကိုယ်အနေထားမှန်ကန်စွာ အိပ်စက်အနားယူသင့်ကြောင်း ဗြိတိသျှဆေးပညာရှင်များက
အကြံပြုထားကြောင်း ဗဟုသုတအဖြစ်ဖော်ပြလိုက်ပါသည်။

No comments: