ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Monday, October 5, 2009

"ကမ္ဘာ့ဆရာများနေ့"


အောက်တိုဘာ ၅ ရက်နေ့မှာ ကမ္ဘာ့ဆရာများနေ့ကိုကျင်းပကြပါတယ်။ ကျနော်တက်နေတဲ့ ကျောင်းမှာ ကျောင်းသားတွေက Happy Teachers' Day ဆိုပြီး အမှတ်တရ ပန်းစည်းတွေ ၊ လက်ဆောင်တွေ စတဲ့ အမှတ်တရပစ္စည်းလေးတွေကို ဆရာ၊ ဆရာမတွေကို ပေးကြတယ်။ ကျောင်းတော့မပိတ်ပါဘူး ဆရာ ဆရာမတွေက ကျေးဇူးတင်ကြောင်းပြောတယ် ဆုတောင်းမှု့လေးတွေပေးရင်း နာရီဝက်လောက် ပျော်ပျော်ပါးပါး စကားတွေပြောကြပါတယ်။ သူတို့တွေ ဆရာတွေကို အမှတ်တရ ပစ္စည်းလေးတွေပေးနေကြတော့ ကျနော်တို့ နိုင်ငံကို သတိရမိပါတယ်.. ကျနော်တို့ နိုင်ငံမှာတော့ ကာယကံ၊ ၀ဇီကံ၊ မနောကံဖြင့် ပြစ်မှားခဲ့မိသည်ရှိသော် ခွင့်လွှတ်ပါဆိုပြီး ရိုရိုကျိုးကျိုး ထိုင်ကန်တော့ ကြပါတယ်။ ကျနော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံး ဒီနေရာလေးမှ ဦးညွတ်ကန်တော့ရင်း ဆရာများအားလုံး ကျန်းမာချမ်းသာကြပါစေ......

No comments: