
အသက် ၆၆ နှစ်အရွယ် Duan Qiongxiu က ညသန်းခေါင်ယံ အချိန်မှာ
မြွေတစ်ကောင်ဟာ သူ့မရဲ့ အိမ်ခန်းထဲမှာ နံရံကို သူ့ရဲ့ ခြေသည်းတွေကို အသုံးပြုပြီးတွက်တက်နေတာ တွေ့ရှိခဲ့ပါတယ်လို့ သူမက ပြောခဲ့ပါတယ်။
ကျမဟာ ထူးခြားတဲ့ ကုပ်ခြစ်သံ တစ်မျိုး ကြောင့်ကျွန်မ အိပ်ယာနိုးလာခဲ့တယ်။
ဒါနဲ့ဘဲ မီးဖွင့်လိုက်တဲ့အချိန်မှာတော့ အဲ့ဒီ ထူးဆန်းတဲ့သတ္တဝါဟာ နံရံပေါ်ကို သူ့ရဲ့ခြေသည်းတွေနဲ့ တက်ဖို့ လုပ်နေတာကိုတွေ့ရတယ်လို့သူမကပြောပြခဲ့ ပါတယ်။
ဆက်လက်ပြီးသူမက ကျမတွေ့တော့ အရမ်းအကြောက်ခဲ့တယ် ဒါနဲ့ဘဲ ရိုက်သတ်ပြီး အရက်ပုလင်းထဲ ထည့်လို့တယ် လို့ပြောခဲ့ပါတယ်။

မြွေရဲ့အရှည်ဟာ ၁၆ လက္မရှိပြီး လုံးပါတ်ကတော့ လက်သန်းထက် နဲနဲ ကြီးတယ်လို့သိရပါတယ်။
အခုတော့ တရုတ်နိုင်ငံအနောက်ပိုင်း Nanchang မှာရှိတဲ့ တက္ကသိုလ်တစ်ခုရဲ့ သိပ္ပံဌာနမှာ သုတေသန ပြုလုပ်နေပြီဖြစ်ပါတယ်။
မြွေနဲ့ပါတ်သက်ပြီး ကျွမ်းကျင်သူ တစ်ယောက်ဖြစ်တဲ့ Long Shuai က "ဒါဟာတကယ်ကို တုန်လှုပ်ချောက်ချားစရာကောင်းပါတယ်။
ကျနော်တို့မခွဲကြည့်မှီအချိန်အတိ ဘာလဲဆိုတာမပြောပြနိုင်မှာ မဟုတ်သေးပါဘူး။
တခါတလေမှာတော့ တိရိစ္ဘာန်တွေဟာ ဒါမျိုးရှိတတ်ကြတယ်လို့သိရပါတယ်။
No comments:
Post a Comment