ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Thursday, October 22, 2009

“ပုံမှန်စားသုံးသင့်သည့် ဆေးဖက်ဝင်ကြက်သွန်ဖြူ”

ကြက်သွန်ဖြူကို ဒီတိုင်းစားသုံးကြသလို ဟင်းခက် အမွေးအကြိုင်အဖြစ် အသုံးပြုကြပြီး ဆေးပညာများတွင် အသုံးဝင်ပုံများအား အမွှမ်းတင် ရေးသားထားကြသည်ကို ဖတ်ဖူးကြပေလိမ့်မည်။
ကြက်သွန်ဖြူတွင် ဆာလ်ဖာပါဝင်သည့် ဓာတ်ပေါင်းများ များစွာပါဝင်သည်။
ကြက်သွန်ဖြူ စားသုံးခြင်းဖြင့် ကျန်းမာရေး အထောက်အကူဖြစ်စေသည့် ကောင်းကျိုးများစွာရရှိသည်။
မင်ဂနီးစ်နှင့် ဆီလီနီယမ် သတ္တုဓာတ်များစွာပါဝင်ပြီး ကြက်သွန်ဖြူတွင် ဗီတာမင်ဘီ-6 နှင့် ဗီတာမင်စီ များစွာပါဝင်သည်။
ကြက်သွန်ဖြူ မှန်မှန်စားခြင်းဖြင့် သွေးပေါင်တိုးခြင်းနှင့် ကိုလက်စထရောများပြားမှု့ကို လျှော့ချခြင်းတွင် အထူးထိရောက်သည်။
သွေးထဲတွင် အဆီဓာတ်လွန်ကဲသဖြင့် သွေးကြောကျဉ်းခြင်း၊ ဆီးချို၊ သွေးချို ရောဂါကြောင့် နှလုံးရောဂါဖြစ်ခြင်း တို့ကိုကာကွယ်ရန်နှင့်တကွ နှလုံးမှ သွေးပိုမိုရရှိသောကြောင့် နှလုံးကြွက်သားများ သေဆုံးပျက်စီးခြင်း သို့မဟုတ် လေဖြတ်ခြင်း အန္တရာယ်ကိုလျှော့ပါးစေရန်အတွက် ကြက်သွန်ဖြူပုံမှန်စားသုံးသင့်ကြောင်း ဆေးပညာစာစောင်များတွင် အကြံပြုထားသည်။

No comments: