ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Saturday, October 24, 2009

"စာရေးဆရာနီကိုရဲ ကွယ်လွန်"


ထင်ရှားသည့် စာရေးဆရာတဦးဖြစ်သူ နီကိုရဲသည် (အောက်တိုဘာ ၂၄) ရက်နေ့ နံနက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လုမ္ဗနီအထူးကု ဆေးရုံတွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး သူ၏ဈာပနကို အောက်တိုဘာ (၂၈) ရက် နေ့လယ် (၂) နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဟုဖတ်လိုက်ရသည်။
နီကိုရဲ၏အမည်ရင်းမှာ ကိုရဲဝင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် (၄၃) နှစ်ရှိပြီဖြစ်ပြီး ဇနီး မနိုင်နိုင်ဝင်းနှင့် အသက် (၇) နှစ် အရွယ် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည် ဟုလည်းသိရသည်။ ကျနော်သည် သူ၏စာဖတ်ပရိတ်သက်တဦးဖြစ်ပါသည်။ သူ၏ မိသားစုနှင့်ထပ်တူ ၀မ်းနည်းနှမြောတသဖြစ်ရပါသည်။ ကောင်းရာမွန်ရာ ရောက်ပါစေဗျာ...

No comments: