ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Tuesday, October 27, 2009

“အိုပတ် (OPEC) ဆိုသည်မှာ”


နိုင်ငံစုံရေနံကုမ္မဏီကြီးများ အုပ်စိုးထိန်းချုပ်သည့် ရေနံဈေးကွက်တွင် ၀င်ဆံ့ရန် ရေနံရောင်းနိုင်ငံများက ၁၉၆၀ပြည့်နှစ်တွင်
ရေနံရောင်းနိုင်ငံများအဖွဲ့ (အိုပတ် Organization of the Petroleun Exporting Countries) ကိုဖွဲ့စည်းလိုက်သည်။
စတင်ဖွဲ့စည်းစဉ်က အီရန်၊ အီရက်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် ဗင်နီဇွဲလားနိုင်ငံတိုဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။
နောက်ပိုင်းတွက် ကာတာ၊ အင်ဒိုနီးရှား၊ လစ်ဗျား၊ အာရပ်စော်ဘွားများနိုင်ငံ(ယူအေအီး) ၊အယ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား၊ အီကွေဒါ၊
အင်ဂိုလာနှင့် ဂါဘွန်နိုင်ငံတို့ အဖွဲ့ဝင်ဖြစ်လာသည်။
၁၉၆၅ ခုနှစ်ကတည်းက အိုပတ်ဌာနချုပ်(အပေါ်ပုံ)ကို ဗီယင်နာမြို့တွင်ထားရှိသည်။
လောလောဆယ်တွင် အိုပတ်အဖွဲ့ဝင်နိုင်ငံများက ကမ္ဘာ့ရေနံစိမ်း၏ ၄၅%နှင့် သဘာဝဓာတ်ငွေ့ ၁၈% ကိုထုပ်လုပ်ပေးသည်။
အဖွဲ့ဝင်နိုင်ငံများက ပြည်တွင်းရေနံလုပ်ငန်းကို ပိုမိုထိန်းချုပ်လာသည့်အတွက် ၁၉၇၀ ပြည့်လွန်နှစ်များမှစပြီး နိုင်ငံတကာတွင် ထင်ရှားလားသည်။

No comments: