ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Saturday, November 7, 2009

“ဆော်ဒါပါဝင်သော အချိုရည်များရဲ့ အန္တရာယ်”


ဆော်ဒါပါဝင်သော အချိုရည် ပုလင်းများနှင့် ဘူးများကို သောက်သုံးမှု့များပါက ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ကြောင်း အမေရိကန်ဆေး ပညာရှင်များ၏ သုသေသနပြုချက်များတွင် ဖော်ပြထားသည်။
တနေ့လျှင် နှစ်ကြိမ်ခန့်ဆော်ဒါပါဝင်သော အချိုရည်များကို သောက်သုံးလေ့ရှိပါက ကျောက်ကပ်၏ အလွန်သေးငယ်သော သွေးကြောငယ်လေးများ ပျက်စီးစေကြောင်း ၄င်းတို့၏ သုသေသနပြုချက်တွင် ဖော်ပြထားသည်။
သို့သော် အမျိုးသမီးများတွင်မှု ဆော်ဒါပါဝင်သော အချိုရည်ကို တနေ့တကြိမ်ခန့်သောက်သုံးပါက ကျောက်ကပ်ထိခိုက်ပျက်စီးမှု့များမှာ အမျိုးသားများထက်လျော့နည်းမှု့ တွေ့ရကြောင်း ၄င်းတို့က ဆက်လက်ပြောကြားထားသည်။
ထို့ကြောင့် ဆော်ဒါပါဝင်သော အချိုရည်များကို ချင့်ချိန်သောက်သုံးသင့်ကြောင့် အမေရိကန် ဆေးပညာရှင်များက အကြံပြုပြောကြားထားသည်။

No comments: