
ကမ္ဘာပေါ်တွင် လူသားတို့အား ခြောက်လှန့်လျက်ရှိသော ရောဂါဆိုးကြီးများစွာရှိသည့်အနက် ခုခံအားကျဆင်းမှု့ ကူးစက်ရောဂါ
(AIDS)သည်လည်း တခုအပါအ၀င်ဖြစ်သည်။
ဒီဇင်ဘာ တရက်နေ့သည် ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ဖြစ်သည်။
လူအများစုသည် ထိုဝေဒနာသည်များကို ရွံရှာစက်ဆုတ် ကြသည်။
သင့်အနေနှင့် အကြောင်းအမျိုးမျိုးကြောင့် ၄င်းရောဂါခံစားနေရသော ဝေဒနာရှင်များအပေါ် တက်နိုင်သလောက် ကူညီမှု့များ၊ဂရုစိုက်မှု့များပေးနိုင်လျင် ကောင်းပါသည်။
ဒီဇင်ဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံ၏ ဆောင်ပုဒ်မှာ ''အေအိုင်ဒီအက်စ် တိုက်ဖျက်ဖို့ ခွဲခြားမှုကို ရှောင်ကြဉ်လို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့'' ဟူ၍ ဖြစ်သည်။
ယင်းရောဂါကို စတင်သတိပြုမိရာ အချိန်ကာလသည် 1981ခုနှစ်တွင်ဖြစ်သည်။
ထိုနှစ်တွင် အမေရိကန်နိုင်ငံရှိ အမျိုးသားများအကြား ယင်းရောဂါ စတင်ဖြစ်ပွားခဲ့သည် ဟုသိရသည်။
1982 ခုနှစ်တွင် နိုင်ငံပေါင်း 14 နိုင်ငံတို့တွင် ကူးစက်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။
1983 ခုနှစ်အရောက်တွင် နိုင်ငံပေါင်း 33 နိုင်ငံအထိပျံနှံလာခဲ့သည် ဟုသိရသည်။
1986 ခုနှစ်တွင်မှု ကမ္ဘာတ၀န်းတွင် AIDS ရောဂါဖြစ်ပွားစေသည့် HIV ဗိုင်းရပ်စ် ကူးစက်ခံစားနေရသူ ပေါင်း 10 သန်းရှိကြောင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေငြာခဲ့သည်။
1987 တွင် နိုင်ငံပေါင်း 91 နိုင်ငံ၌ AIDS ရောဂါသည်ပေါင်း 43880 ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မှတ်တမ်းတင်ခဲ့သည်။
1988 ခုနှစ်တွင် နိုင်ငံပေါင်း 148 နိုင်ငံမှ ကျန်းမာရေးဝန်ကြီးများ တက်ရောက်ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပသည့် AIDS ထိပ်သီးညီလာခံတွင် 1988 ခုနှစ်မှစပြီး ဒီဇင်ဘာ 1ရက်နေ့ကို ကမ္ဘာ့ AIDS တိုက်ဖျက်ရေးနေ့ဟု သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည် ဟုသိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံ ရသူကို 1988 ခုနှစ်၌ စတင်တွေ့ရှိခဲ့ ပြီး ပထမဆုံး AIDS ရောဂါ ဖြစ်ပွားသူမှာ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသူဖြစ်ကာ 1991 ခုနှစ်တွင် တွေ့ရှိခဲ့သည် သိရသည်။
1989 ခုနှစ် မတ်လ 1 ရက်နေတွင် နိုင်ငံပေါင်း 145 နိုင်ငံတွင် ဝေဒနာရှင်ပေါင်း 142000 ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ အစီရင်ခံခဲ့ကြောင်း သိရသည်။
အမှန်တကယ်ဖြစ်ပွားသူမှာ လေးသိန်း ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းခဲ့သည်။
1990 ပြည့်နှစ်တွင် ကမ္ဘာတ၀န်း၌ ခန့်မှန်း HIV ပိုးကူးစက်သူ ကိုးသန်းကျော်၊ ခန့်မှန်း AIDS ဖြစ်ပွားသူ တသန်းကျော်ရှိသော်လည်း AIDS ဖြစ်ပွားကြောင်း သတင်းပို့သူ 307379 ဦးသာရှိကြောင်း သိရသည်။
1991ခုနှစ်တွင် ဝေဒနာရှင်ပေါင်း 1.1သန်း ရှိမည်ဟုခန့်မှန်းခဲ့ပြီး HIV ပိုး ကူးစက်ပြန့်ပွားသူ ငါးသန်းမှ ဆယ်သန်းအထိ ရှိမည်ဟုလည်း ခန့်မှန်းခဲ့သည်။ ၄င်းရောဂါကြောင့် 2007 ခုနှစ် အရောက်တွင် ကမ္ဘာတ၀န်း 25 သန်းကျော်သေဆုံးခဲ့ပြီး ဖြစ်သည် ဗဟုသုတအဖြစ် သိရှိသည်။

၎င်းရောဂါပိုးရှိသော မသန့်ရှင်းသော ဆေးထိုးအပ်များသုံးခြင်း၊ မသန့်ရှင်းသော သွေးသွင်းဖြင်းတို့ မှကူးစက်နိုင်ပါသည်။
အပျော်အပါး လိုက်စားရာတွင် ကွန်ဒုံအသုံးမပြုခြင်း ဖြင့်ရောဂါ ကူးစက်နိုင်ပါသည်။
လူတံတွေးမှ ပိုးကူးနိုင်သည်။ သို့သော် ရာခိုင်နှုန်း အလွန်နည်းသည်ဟုဆိုသည်။
နမ်းခြင်း၊ ပွေ့ဖတ်ခြင်းမှ မကူးဆက်နိုင်သော်လည်း ပါးစပ်ခြင်းပါးစပ်၊ လျှာခြင်းလျှာ မှကူးစက်နိုင်သည်။
နမ်းခြင်းဖြင့် မကူးစက်နိုင်ဟု ဆိုသော်လည်း ပါးစပ်းမှပါးစပ်၊ လျှာမှလျှာ တို့မပါဝင်ပါပေ။
သွားပွတ်တံမှ ကူးစက်နိုင်သည်။
ခြင်ကိုက်သော်လည်း HIV ပိုးမကူးဆက်နိုင်ပါ။
ခြင်ကိုယ်ထဲတွင် ၄င်းရောဂါပိုး အသက်မရှင်နိုင်ပါ။
တခါသုံးဆေးထိုးအပ်များ အသုံးပြုပါ။
အပျော်အပါးလိုက်စားရာတွင် ကွန်ဒုံးအသုံးပြုပါ။
ဆံပင်ညှပ်ရာတွင် ဘရိတ်ဓားအသစ် သုံးဖို့မမေ့ပါနှင့်။
သိသလာက် သာဖော်ပြပေးဖြင်းဖြစ်ပါသည်။ မှားယွင်းမှု့များ၊ အကြောင်းရာ မစုံလင်မှု့များရှိနိုင်ပါသည်။
No comments:
Post a Comment