
ကမ္ဘာတ၀န်း နိုင်ငံအများအပြားက 2010ခုနှစ်ကို ကြီးကျယ်ခန်းနားသော အစီစဉ်များဖြင့်ကြိုဆိုခဲ့ကြသည်။
နှစ်သစ်ကူး အခါသမယတွင် နိုင်ငံအသီးသီးတို့က နှစ်သစ်ကူးအခမ်းအနားများ ကျင်းပရာ၌ မီးကျည်မီးပန်းများ ပစ်ဖောက်လျက်
ကြိုဆိုခဲ့ကြမှာ မလွဲပင်။
ယခုနှစ်သစ်ကူးပွဲတော်သည် ထူးထူးခြားခြား နှစ်သစ်ကူးပွဲတော် ချိန်ခါပင်ဖြစ်သည်။
နှစ်သစ်ကူးချိန်အခါရောက်ချိန်သည် ရှားရှားပါးပါး လသာနေသည်ကို တွေ့ရသည်။
နှစ်သစ်ကူးချိန်နှင့် လသာချိန်ကိုက်ညီရန် ခဲယဉ်းလှသည် ဟု သိရသည်။
နောက်တကြိမ် 2028 ခုနှစ်ရောက်မှသာလျင် နှစ်သစ်ကူးချိန်နှင့် လပြည့်ည တိုက်ဆိုင်ပေလိမ့်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက တွက်ချက်တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါလပြည့်ဝန်းကြီးကို အနောက်နိုင်ငံများက ညသန်းခေါင်ယံရောက်မှ မြင်ကြရသည် ဟုဆိုသည်။
အာရှတိုက်နှင့် သြစတြေးလျတိုက်တို့မှ လပြည့်ဝန်းကို နှစ်သစ်ကူးချိန်မတိုင်မှီ တရက်စော၍ လပြည့်ညရောက်ခဲ့သဖြင့် နှစ်သစ်ကူးပွဲတော်များကို စောစီးစွာ ကြိုဆိုကြရသည် ဟုသိရသည်။
နှစ်သစ်ကူးခြင်းကို တောင်ပစိဖိတ်သမုဒ္ဒရာ၌ ပထမဆုံးကျရောက်ခဲ့သည်ဟု သိရသည်။
နှစ်သစ်ကူးလပြည့်ညကို နိုင်ငံအများအပြားက နှစ်သစ်ကူးပွဲများဖြင့် စည်းကားစွာ ကြိုဆိုခဲ့ကြသည်ဟု မြန့်မာအလင်းသတင်းစာတွင် ဖတ်လိုက်ရသည်။
No comments:
Post a Comment