ထောင်စုနှစ်အတွင်း အချိန်အကြာဆုံး နေကြတ်မှု့ဖြစ်စဉ်ကို ဇန်န၀ါရီလ 15 ရက်နေ့က တွေ့ရစဉ်
ဇန်န၀ါရီ 15 ရက်နေ့ ညနေ 3နာရီခန့်က နေကြတ်မှု့ကို ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းအနီးမှတွေ့ရစဉ် ( အောက်ပုံ) ကြေးမုံသတင်းစာမှ
နေကြတ်မှု့ဖြစ်စဉ်ကို အာရှတိုက်နှင့် အာဖရိကတိုက်တွင် နေထိုင်သူများသာ မြင်တွေ့ကြရသည်ဟုဆိုသည်။
နေကြတ်မှု့ကြာချိန်မှာ 11မိနစ်နှင့် 8 စက္ကန့်ကြာမြင့်ခဲ့သည်။
အာဖရိကတိုက် အလယ်ပိုင်းနိုင်ငံများ၊ မော်လ်ဒိုက်၊ အိန္ဒိယတောင်ပိုင်း၊ သိရိလင်္ကာမြောက်ပိုင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဒေသ အချို့မှမြင်တွေ့ခဲ့ကြရသည်။
နေကြတ်မှု့ကို အပီအပြင်မြင်တွေ့ရသော နေရာမှ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မော်လ်ဒိုက်ကျွန်းနိုင်ငံ၏ အဓိက ကျွန်းဖြစ်သော မာလီကျွန်းဖြစ်သည်ဟု နက္ခတ္တဗေဒပညာရှင်များက ပြောကြားကြောင်းသိရသည်။
No comments:
Post a Comment