Tuesday, March 16, 2010
"ကမ္ဘာ့အရပ်အပုဆုံးလူသားကွယ်လွန်"
ကမ္ဘာ့အရပ်အပုဆုံးလူသား He Pingping သည် ရောမမြို့၌ စနေနေ့က ကွယ်
လွန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ၂ ပေ ၅ လက်မသာ အရပ်အမြင့်ရှိပြီး တရုတ်နိုင်ငံ
ဝူလာချာဘူမြို့တွင် ၁၉၈၈ ခုနှစ်က ဖွားမြင်ခဲ့ပြီး ၂၀၀၈ ခုနှစ်က ကမ္ဘာ့ အပုဆုံးလူ
သားအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သူသည် The Record Show ရုပ်မြင်သံကြားအစီ
အစဉ်တွင် ပါဝင်ရန်အတွက် အီတလီနိုင်ငံ ရောမမြို့သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
The Record Show အစီအစဉ်၌ အပိုင်းနှစ်ပိုင်း ရိုက်ကူးပြီးနောက်တွင် သူသည် ရင်
ဘတ်အောင့်သည့် ဝေဒနာ ခံစားနေရ၍ ဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ပြီး နှစ်ပတ်အ
ကြာ စစ်ဆေးမှုအားလုံးပြုလုပ်ပြီးနောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။သူ့မိသား
စုများ၏ ဆန္ဒအရ Mr Pingping ၏ ရုပ်အလောင်းအား မွေးရပ်မြေ တရုတ်နိုင်ငံသို့
ပြန်လည်ယူဆောင်သဂြိုလ်မည် ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment