ဇွန်လ ၂၉ ရက်နေ့ထုတ် မြန်မာအလင်းနှင့်ကြေးမုံ သတင်းစာများ၌ မောင်းတောမြို့ နယ်အတွင်း တောဆင် ငါးကောင်အုပ်ထဲမှ ဆင်ဖြူ အမ တကောင်ကို ဒေသခံတို့၏ သတင်းပေးပို့ချက်ဖြင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင် ဖမ်းအဖွဲ့ များက ရှာဖွေဖမ်းဆီးခဲ့ရာ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ဆင် မှာ အသက် ၃၈ နှစ်ခန့် ဖြစ်ပြီး အရပ် ၇ပေ ၄ လက်မခန့်ရှိကာ လုံးပတ် ၁၀ ပေ ၁၁ လက်မရှိကြောင်း ရေးသားထားသည်။
No comments:
Post a Comment