ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Wednesday, July 7, 2010

“ဒါဟာ ဘ၀ပါ”

♥ရေဒီယိုကိုဖွင့်ထားပါ အသံတွေထဲမှာ တခုခုမင်းရနိုင်တယ်..

အဆင်မပြေလာရင် ငိုလိုက်ပါ..

ကိစ္စပေါင်းစုံ တံခါးခေါက် ထပ်ရောက်လာမယ်...

သေမင်းနဲ့မင်းဟာ ငယ်သူငယ်ချင်းပါ...

သူဟာမင်းကို အကောင်းဆုံး စောင့်ရှောက်ပါရဲ့...

ပြတင်းပေါက်ကနေ လေချွန်လိုက်ပါ..

အမှောင်ရိပ်ထဲမှာ တယောက်ယောက် စောင့်ကြည့်နေမယ်...

ဒါဟာ ဘ၀ပါ မြေကြီးနဲ့ ကောင်းကင်ကြားက ရသလောက်ပါပဲ...

ဒါဟာ ဘ၀ပါ အဖုံးဖွင့်ထားရင် မင်းအကြောင်း မင်းတွေ့နိုင်မယ်..

ဒါဟာ ဘ၀ပါ ကလေးလေးတစ်ယောက်လို ခြေထောက်စောင့် စိတ်ကောက်နိုင်တဲ့...

ဒါဟာ ဘ၀ပါ အဖိုးကြီးတစ်ယောက်လို တုတ်ထောက်ရပ်စောင့်နိုင်ရဲ့...

♥အစီခံတိုတွေ သွန်လိုက်ပါ ပြာခွက်ထဲမှာ အတွေးနဲ့ ထပ်ဖြည့်နိုင်တဲ့...

ရယ်သံအတိုတွေ ယူလိုက်ပါ...

လူတွေအကြောင်းကို အကောင်းနဲ့ ထပ်ဖြည့်နိုင်တဲ့...

အသည်းကွဲဖူးရင် မှတ်ထားပါ..

ရန်သူငါးပါးမှာ နောက်တစ်ယောက် ထပ်ဖြည့်နိုင်တဲ့..

Mechanic တစ်ယောက် ခေါ်ပြင်လိုက်ပါ...

Congratulation မင်းကို မင်းတွေ့မယ်...

ဒါဟာ ဘ၀ပါ ထမင်းစား အသက်ရှင် စဉ်းစားမှားယွင်းနိုင်တဲ့...

ဒါဟာ ဘ၀ပါ စိတ်ကလွဲရင် အားလုံး သန့်ပြန်ပါရဲ့...

♥မှန်တယ်ထင်ရင် ဆက်တွေးပါ...

ဇာတာကောင်းရင် သတင်းကောင်းကြားရနိုင်တဲ့...

အကူညီလိုရင် ယူလိုက်ပါ...

အပြင်ထွက်တွေးရင် အကောင်းပဲကြားရနိုင်တဲ့...

မစဉ်းစားတက်ရင် ကျော်လိုက်ပါ...

ဒီသီချင်းကို မင်းလည်း နားငြီးနိုင်ရဲ့...

စိတ်ထဲက အတိုင်းဝန်ခံလိုက်ပါ....

ငါတို့သွားမယ့်လမ်းမှာ တံတားတွေ ခင်းထားတယ်...

ဒါဟာ ဘ၀ပါ မင်းကလွဲရင် လူတိုင်းက ရိပ်မိပါရဲ့...

ဒါဟာ ဘ၀ပါ ရသလောက်နဲ့ နေရဲဖို့ကြိုးစားနိုင်ရဲ့...

No comments: