Saturday, November 13, 2010
“ထပ်ဆင့်အလိမ်”
ပြင်ဦးလွင်မြို့တွင် ကိုတိမ်ဖြူ နှင့် လေဒီလုံး ဆိုသော လင်မယားနှစ်ယောက်နေထိုင်ကြလေသည်။
တနေ့သော အခါတွင် ကိုတိမ်ဖြူသည် သူငယ်ချင်းများနှင့် ပျော်ပါးသောက်စားပြီး အိမ်သို့ နောက်ကျမှ ပြန်ရောက်လာလေသည်။
ကိုတိမ်ဖြူဟာ အိမ်တံခါးကို တွန်းဖွင့်ပီ အိမ်ထဲကို ၀င်လာတယ်ဆိုရင်ပဲ ဇနီးဖြစ်သူ လေဒီလုံးက ဆီး မေးလိုက်သည်။
လေဒီလုံး။ ရှင်ဘယ်တွေ သဝေထိုးနေတာလဲ။ ရှင့်အကြောင်း ကျမသိတယ်နော် ရှင်ဘာတွေ လုပ်လာလဲပြော။
ကိုတိမ်ဖြူဟာ သူ့မိန်းမမေးတာကို ဘယ်လို လိမ်လည်ဖြေဆိုရမလဲ စဉ်းစားရင်း ဖြေလိုက်ပုံက
ကိုတိမ်ဖြူ။ ငါ့အကိုကြီး ကိုဇော်အိမ်မရောက်တာကြာလို့ သွားလည်နေတာ။ ;)
မိန်းမကို သူတခြားသူငယ်ချင်းတွေနဲ့ ပျော်ပါးနေတာ သိမှာစိုးသောကြောင့် ကိုဇော်အိမ်ကို သွားနေတယ်ဆိုပီး လိမ်လည်ဖြေဆိုလိုက်လေသည်။ တကယ်လည်း ကိုဇော်ဆီကို မရောက်ခဲ့။
လေဒီလုံးကလည်း ယောကျာ်းကို မယုံသောကြောင့် ကောင်းပြီးလေ.. ကျမ အခုချက်ချင်း ဖုန်းဆက်ပီးတော့ အကိုကြီး ကိုဇော်ကို မေးလိုက်မယ်။
လေဒီလုံး။ ဟဲလို အကိုကြီးလား.. ကျမလေဒီလုံးပါ.. ဒီနေ့ ကျမယောက်ျားနဲ့ တွေ့သေးလား။
ကိုတိမ်ဖြူတယောက် ကိုဇော်က မလာဘူးလို့ ပြောလိုက်မှာကို စိတ်ထဲတွင် စိုးရိမ်နေလေသည်။
ကိုဇော်မှာလည်း တချက်တွေဝေသွားပီး သူ့ညီတိမ်ဖြူ ဘယ်တွေ သွားနေလို့ သူ့မိန်းမက မေးရတာလဲပေါ့.. နောက်တော့ သူ့ညီကို ကာဗာ ပေးလိုသဖြင့် ပြန်ဖြေလိုက်ပုံက
ကိုဇော်။ ညီမလေးက ဘာလို့မေးရတာလဲ.. ဒီမှာ ညီလေး တိမ်ဖြူနဲ့ စားရင်းသောက်ရင်း စကားပြောနေတယ်လေ.. သူ အကိုကြီးနဲ့ အတူရှိနေတယ်.. ရော့ ရော့ ညီလေးသောက် ;) ဟု အကိုကြီး ကိုဇော်ကပါ မလိမ့်တပတ်နဲ့ ဖြေဆိုလိုက်လေသည် :D (မရီရရင် နောက်တခါပြန်ဖတ်ပါ :P မရီရရင် ကိုယ့်ဘာသာ ကလိထိုးပီး ရီလိုက်နော် :P )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment