Saturday, November 13, 2010
"Just for laugh"
(10.11.2010)နေ့တွင် (၀-၀)ဂိုးဖြင့် သရေကျခဲ့သော မန်ချက်စတာ ဒါဘီ ပွဲစဉ်တွင် မန်ယူအသင်းမှ ရီယို ဖာဒီနန်သည် မန်စီးတီး တိုက်စစ်မှူး တီဗက်ဇ်နှင့် ဘောလုံး ယှဉ်လုရင်း သူ၏ မတော်ရာကို တီဗက်ဇ်က လက်ဖြင့် ကိုင်နေသည့် ပုံစံ ဖြစ်သွားခဲ့သည်။
"ဒါဟာ သူ ကျွန်တော့်ကို ပြစ်ဒဏ် ကျူးလွန် နေတုန်း ရိုက်ထားတဲ့ပုံပါ။ ဒါဟာ ပြစ်ဒဏ် ကျူးလွန် နေတာ မဟုတ်ဘူးလား။ ဒီပုံဟာ သူ့ (တီဗက်ဇ်) အတွက်တော့ ကောင်းပြီး ကျွန်တော့် အတွက် သိပ်မကောင်း ပါဘူး။ သူဟာ ဒါကို ဂုဏ်ယူနေ မှာပါ။ သူက ကျွန်တော့်ကို အသာစီး ရသွားတာပဲ။ ဒီပုံကို အိုးထရက်ဖို့ဒ်က ကျွန်တော့် အသင်းဖော် တွေလည်း ကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်မောကြ ပါတယ်။ အခြေအနေက ဘယ်လို ဖြစ်သွားတာလဲ ဆိုတာတော့ ကျွန်တော် သိပ်မမှတ်မိ တော့ပါဘူး။ သူက ကျွန်တော် ခြေကျင်းဝတ်ကို ဖြတ်ထိုး လိုက်တာ ဖြစ်ပြီး ကျွန်တော် လဲကျသွားတဲ့ အချိန်မှာ ကျွန်တော့် အပေါ်ကို ထပ်ပြီး သူလဲသွားပါတယ်"ဟု မန်ယူ အသင်းမှ ဖာဒီနန်က ပြောကြားခဲ့သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment