လူတိုင်း လူတိုင်းမှာ အမှားဆိုတာတော့ ရှိကြစမြဲပါ။ အရာအားလုံးကို အမြဲမှန်နေရမယ်လို့ မဆိုလိုပါဘူး။ အမှားရှိမှ အမှန်ကို မြင်နိုင် သိနိုင်မှာပါ။ ဒါပေမဲ့ အမြဲမှား နေတယ်ဆိုရင်တော့ စဉ်းစားစရာ ဖြစ်လာပါပြီ။ အမှားဆိုတာ အမြဲဖြစ်လို့ ကောင်းတဲ့အရာတော့ မဟုတ်ပါဘူး။ အမှားဆိုတာ လုပ်မိတိုင်းလည်း သင့်အနေနဲ့ စိတ်ညစ်နေစရာ မလိုပါဘူး။ အဲဒီအမှားကို သင့်အနေနဲ့ တမင်လုပ်သည် ဖြစ်စေ၊ မသိလိုလုပ်မိသည် ဖြစ်စေ၊ သင့်အနေနဲ့ စိတ်သောက ရောက်ပြီးတွေဝေ မနေစေဖို့ အရေးကြီးပါတယ်။ သင်လုပ်မိသော အမှားသည် ပြန်လည်ပြုပြင်လို့ ရသောအမှားလား၊ မရသောအမှားလား အရင်ခွဲခြားလေ့လာရမည်။
“ပြန်လည်ပြုပြင်လို့ရသောအမှား(သို့)ပြန်ရနိုင်သောအခွင့်အရေး”
ထိုအမှားမျိုးကို ပြုလုပ်မိပါက သင့်အနေနှင့် ပြန်လည်ပြင်ဆင်နိုင်သော နည်းလမ်းများကို ရှာဖွေမှတ်သားထားပါ။ သင်လုပ်သောအမှားကို ပြန်လည်သုံးသပ်ပါ။ ရရှိသောနည်းလမ်းများမှ အကောင်းဆုံး ပြင်ဆင်နိုင်မည့် နည်းလမ်းကို စဉ်းစားပါ။ သင်တယောက်တည်း စဉ်းစား၊ဆုံးဖြတ်ရခက်နေပါက မိဘ၊ဆရာများနှင့် ရင်နှီးယုံကြည်ရသော သူငယ်ချင်းမိတ်ဆွေများကို တိုင်ပင်ဆွေးနွေးပါ။ နောက်ထပ်မှားလေမလားဟုသော ကြောက်စိတ်ကို ဖျောက်ထားပါ။ ရဲရဲတင်းတင်း ဆောင်ရွက်ပါ။ ပြန်လည် အဆင်ပြေသွားပါလိမ့်မည်။ ထိုသို့ ဖြေရှင်းနိုင်မှသာ အမှားမကြောက်သော လူတယောက် ဖြစ်လာလိမ့်မည်။ အမှား ကြောက်နေလျှင်(သို့) ဒီလိုအမှားလေးကို မဖြေရှင်းနိုင်လျှင် သင်ကိုယ်သင် ယုံကြည်မှု့ လျော့နည်းလာပြီး ဘယ်အရာ(သို့)အလုပ်ကိုမဆို အောင်မြင်အောင် ဆောင်ရွက်ဖို့ မပြောနှင့်၊ လုပ်ရန်ပင် ကြောက်ရွံနေလိမ့်မည်။ အမှားကိုကြောက်ရန်မလို။ သို့သော် မိမိကိုယ်ကို ယုံကြည်မှု့၊ စိတ်ဓာတ်ကြံခိုင်မှု့၊ ဂရုတစိုက် ချင့်ချိန်ဆောင်ရွတ်တက်မှု ရှိရန်လိုအပ်သည်။ သို့မှသာ သင်၏ဘ၀တွင် အောင်မြင်ပျော်ရွှင်စွာ အမြဲရပ်တည်နိုင်ပါလိမ့်မည်။
“ပြန်လည်ပြုပြင်လို့မရသောအမှား(သို့)ပြန်မရသောအခွင့်အရေး”
ဒီအမှားမျိုးကတော့ လုတော်တော်များ နောင်တရသောအမှား ဖြစ်ပါတယ်။ ပြုလုပ်မိသူတိုင်း မိမိကိုယ်တိုင် အမှားလုပ်နေမှန်း ထိုအမှားကိုမလုပ်ခင်ကတည်းက သိတဲ့လူများဖြစ်ကြပါသည်။ လူအကုန်လုံးကို မဆိုလိုပါ။ ထိုအမှားဟာ ပြန်လည်ပေးဆပ်ရမှု့ ကြီးမားသောအခါ(သို့) ပြန်လည်ပြု လုပ်သော်လည်း အရာမထင် သောအခါ၊ နောင်တရပြီး တချို့် လူများဆိုလျှင် ဘ၀ပျက်သူပျက်၊ ရူးတဲ့သူရူး၊ နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေကြသည့် အထိ ဖြစ်သွားတက်ကြသည်။ သင့်အနေနှင့် ဒီလိုအမှား ပြုလုပ်မိသွားပြီ ဆိုလျှင် စိတ်ဓါတ်မကြဖို့ အရင်တိုက်တွန်းချင်ပါသည်။ မိမိ အမှားကို ပြန်လည် တွေးတောပြီး စိတ်သောက ရောက်နေရန်မလိုပါ။ ဆုံးရှုံးသွားသော အခွင့်အရေးများကိုလည်း လွမ်းဆွတ်ဝမ်းနည်းပြီး စိတ်ဓာတ်ကြရန်မလိုပါ။ ဆက်လက်ပြီး အကောင်းဆုံး နေထိုင်သွားမည်ဟူသော စိတ်ဓာတ်ခံယူချက်ရှိရန် လိုအပ်သည်။ စိတ်ဓာတ်သည် ဒီလိုအချိန်တွင် အရေးကြီးဆုံး အရာပင်ဖြစ်သည်။ ဒီလိုအချိန်တွင် စိတ်ဓာတ် ဟူသောလက်နက် မရှိလျှင် သင့်အမှား၏ အကျိုးဆက်ကို ပြန်လည် တွန်းလှန်ရန် ခက်ခဲသွားပြီး၊ အမှားကြောက်သော လူတယောက် အဖြစ်နလန်မထူနိုင်တော့ပေ။ “စိတ်သည် လူကိုဦးဆောင်သည်”။ ထိုကြောင့် စိတ်ဓာတ်ကြံခိုင်မှသာ မိမိအမှား၏ အကျိုးဆက်ကို အကောင်းဆုံး ပြန်လည် ပေးဆပ်နိုင်ပြီး၊ သင်သည် လူပီသသော လူတယောက် အဖြစ်ဆက်လက် ရှင်သန်နိုင်မှာဖြစ်ပါသည်။ (oval)
No comments:
Post a Comment