၁။“မတတ်ဘူး” လို့ ပြောရမှာ မရှက်ပါနှင့်။
တစ်ခုခုကို သင် မတတ်ရင် ‘ကျွန်တော် မတတ်ပါဘူး’ လို့သာ ပြောလိုက်ပါ။ အားလုံးကို မတတ်၊ မသိတဲ့အတွက် မရှက်ပါနှင့်။ တကယ်တော့ ဘယ်နေရာမှုာမဆို တစ်ဖက်သားရဲ့ အတ္တစိတ်ကို ပါးပါးနပ်နပ် ဆွပေးပြီး၊ မြှောက်ပင့်ပြီး ကိုယ်က သူ့ဆီက ပညာယူတတ်ဖို့ လိုပါတယ်။ သင်က မလွဲမသွေ ကြွားဝါပြောရတော့မယ် ဆိုရင်လည်း တမင်ကြွားဖို့ လိုအပ်လို့ ကြွားတာမျိုးသာ ဖြစ်ပါစေ။ အသားလွတ် “ဘလိုင်းကြီး” ကြွားတာမျိုးတော့ မဖြစ်ပါစေနှင့်။
၂။အစကတည်းက ကိုယ်ပိုင်အရည်အသွေးကို ပြပါ။
ဘယ်နေရာမှာမဆို အရေးမကြီးတဲ အလုပ်ဖြစ်ဖြစ်၊ အရေးကြီးတဲ့ အလုပ်ဖြစ်ဖြစ် အလုပ် ဟူသမျှကို အဓိကအလုပ် (ဟုတ်လည်း ဟုတ်တယ်)လို့ သဘောပိုက်ပြီး စူးစူးစိုက်စိုက် လုပ်ပါ။
အလုပ်တစ်ခုကို ဆိုးဆိုးရွားရွား လုပ်တာထက် လုံးဝ မလုပ်တာက ပိုကောင်းပါတယ်။
၃။လူတွေအပေါ် စိတ်ကောင်းထားပါ။
ဒီချက်ဟာ (အများ ပြောလေ့ပြောထ ရှိသလို) “အဆင်းခရီး” မှာသာ အကူအညီ ရဖို့အတွက် မဟုတ်ပါဘူး။ “အတက်ခရီး” မှာလည်း အများဆုံး အထောက်အကူ ပြုနိုင်တဲ့အတွက် ဖြစ်ပါတယ်။ တခြားလူတွေရဲ့ ခံစားချက်ကို အလေးအနက် ထားတတ်ခြင်းဟာ အမြဲတမ်း အကျိုးပေးပါတယ်။
ဒီအချက်ကြောင့် (၁) သူတို့ရဲ့ လိုအပ်ချက်ကို သိနိုင်မယ်၊ (၂) သင့်ရဲ့ ဘယ်အရာကိုမဆို အချိန်ကိုက် လုပ်နိုင်မယ်၊ (၃) သင့်ရဲ့ အကျပ်အတည်း အခြေအနေကို ကျော်လွှားနိုင်မယ်။
အ၇ာခပ်သိမ်းဟာ အတူတူချည်းဖြစ်တာမို့ ကိုယ်ဘက်က စိတ်ကောင်း စေတနာကောင်း ထားရင် သူ့ဘက်ကလည်း ကောင်းတာတွေ ပြန်လာပါလိမ့်မယ်။
၎။ကိုယ်ကချည်း “အမှတ်” မယူပါနှင့်။
အများနဲ့ လုပ်သော ဘယ်အလုပ်မဆို သင်ဘယ်လောက်ပဲ အဓိကနေရာက ဦးဆောင်ပြီး လုပ်ကိုင်နေရပါစေ၊ အဲဒီအလုပ်ရဲ့ အောင်မြင်မှု့ကို သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ မျှဝေခံစားပါ။ သင်က သင်သာ အတော်ဆုံးလို့ ပြောရင် တကိုယ်ကောင်းဆန် သလို ဖြစ်သွားလိမ့်မယ်။ အဲဒီလို လုံးဝ မလုပ်မိပါစေနှင့်။
၅။မိမိကံကြမာကို မိမိ ဖန်းတီးနိုင်ရမည်။ နေရာတိုင်းတွင် အကြောင်းအားလျှော်စွာ အကျိုးဖြစ်ရသော သဘာဝ ရှိသည်။ ထိုနည်းတူ ရှောင်ရန် ဆောင်ရန် ဥပဒေ လည်းရှိသည်။ ထိုသဘာဝကို အလေးထားအံ့။ ထိုဥပဒေကို လိုက်နာကျင့်သုံးအံ့။ ထိုအခါ မိမိကံကြမာကို မိမိ ဖန်းတီးနိုင်သော အခြေအနေကို ရောက်ပါလိမ့်မည်။ (OVAL)…
No comments:
Post a Comment