ဒါကတော့အားလုံး သိပြီးသားဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာတို့ပဲ ဖြစ်ပါတယ်။
အနန္တ ဆိုတာ အဆုံးမရှိတာပါ။ ဘာတွေ အဆုံးမရှိတာလဲဆိုတော့ ရတနားသုံးပါး၊ မိဘ၊ ဆရာသမားတို့ရဲ့ တင်ရှိနေတဲ့ ကျေးဇူးတရားတွေ အဆုံးမရှိခြင်းကို ပြောတာပါ။
အဆုံးမရှိဆိုတာဟာ ဘယ်လိုမှ ချင့်ချိန် တိုင်းတာ ချိန်ဆလို့ မရတဲ့အတွက် အတိုင်းတာ ပမာဏ ကြီးမားခြင်းကို ပြတာပါ။
ဘုရားရှင်ရဲ့ ကျေးဇူးတရား၊ တရားတော်၊ သံဃာတော်၊ မိဘ၊ ဆရာတို့ရဲ့ ကျေးဇူးတရားတွေဟာ အင်မတန်မှ များလွန်းလှပါတယ်။ ရေတွက်ပိုင်းခြားပေးဆပ်လို့ မကုန်နိုင်ပါဘူး။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ အနန္တငါးပါးကို ဦးထိပ်ထားသူများ ဖြစ်ပါတယ်။ အနန္တငါးပါးရဲ့ ကျေးဇူးတရားကို သိတဲ့အတွက် မိမိတက်စွမ်းသမျှ ပေးဆပ်ကြပါတယ်။ တကယ်လည်း လုပ်သင့်ပါတယ်။ အနန္တငါးပါးရဲ့ ကျေးဇူးတရား ဟာသိလေပေးဆပ်လို့ မကုန်လေပဲလို့ လူကြီးတွေက ပြောကြပါတယ်။
အနန္တငါးပါး အလေးထားသူတွေဟာ ဘယ်တော့မှ မတိမ်ကောဘူး၊ ဒုက္ခမရောက်ဘူး။ အဲ ပြစ်မှားမိရင်လဲ ဒုက္ခတွေ့လိမ့်မယ်လို့ မိဘ၊ ဆရာသမားတွေက ဆိုဆုံးမတာ အားလုံးကြားဖူးကြမှာပါ။ ဒါကြောင့် အနန္တငါးပါးကို မမေ့မလျော့ပဲ ယုံယုံကြည်ကြည်၊ လေးလေးစားစား ရှိကြဖို့ အကြံပြုလိုက်ပါတယ်။ (oval)
No comments:
Post a Comment