ရုရှား-ဂျော်ဂျီယာ (၅)ရက်ကြာစစ်ပွဲပြီးနောက် ဂျော်ဂျီယာနိုင်ငံအတွင်း ရှရုားတပ်များ၊ ရှိနေခြင်းကို ကန့်ကွက်သောအားဖြင့် မော်စကိုနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်မည်ဟု သောကြာနေ့တွင် ပြောကြားလိုက်သည်။
ရှရုားနိုင်ငံက ယင်းအပြုအမှုကို ကန်ကွက်လိုက်ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အကျိုးရှိမည်မဟုတ်ဟု ဆိုသည်။
ဂျော်ဂျီယာက မော်စကိုတွင် ဖွင့်ထားသော သံရုံးမှကျန်ရှိနေသေးသော သံတမန်များကို စနေနေ့တွင် ပြန်လည် ခေါ်ယူမည်ဖြစ်သည်ဟု ပြောကြားသည်။
ဂျော်ဂျီယာပါလီမန်က ရှရုားနှင့် သံတမန်ဖြတ်တောက်ရန် ကြာသာပတေးနေ့ နှောင်းပိုင်တွင် တညီတညွတ်တည်း မဲပေးဆုံးဖြတ်ချက်ချခဲ့သည်။
ရှရုားနိုင်ငံက ထိုဆုံးဖြတ်ချက်ကိုဝေဖန်ခဲ့သည်။ သံတမန်ဖြတ်တောက်ခြင်းသည် မော်စကို၏ ရွေးချယ်မှုမဟုတ်ကြောင်း တီဘီလီစီ၏ တာဝန်သာဖြစ်ကြောင်း ပြောကြားလိုက်သည်။
နှစ်နိုင်ငံစလုံးမှ ကောင်စစ်ဝန်ရုံးများမှာမှု ဆက်လက်ဖွင့်ထားမည် ဖြစ်သည်။ (အင်တာနက်သတင်း)

No comments:
Post a Comment