ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Sunday, August 31, 2008

”သိမှတ်ဖွယ်ရာကမ္ဘာမြေလွှာ”

ပင်လယ်တွင်းမှအမြင့်ဆုံးကျောက်ဆောင်..

ပင်လယ်အတွင်းမှ ထိုးထွက်နေသော ကျောက်ဆောင်များအနက် သြစတြေးလျနိုင်ငံ LOED HOWE ကျွှန်းအနီး ပစိဖိတ်သမုဒ္ဒရာအတွင်းထိုးထွက်နေသော ဘောလ်ပိရမစ်အမည်ရှိကျောက်ဆောင်မှာ ကမ္ဘ္ဘာပေါ်တွင်အမြင့်ဆုံး အဖြစ်မှတ်တမ်းတင် ဖော်ပြခြင်းခံရသည်။ ယင်းကျောက်ဆောင်သည် ၅၆၁မီတာ(၁၈၄၃ပေ) မြင့်ကြောင်း သိရသည်။

အကြီးဆုံးကျွှန်း...

ကမ္ဘာပေါ်တွင် အကြီးဆုံးကျွှန်းမှာ ဂရင်းလန်းကျွှန်းဖြစ်ပြီး စတုရန်းကီလိုမီတာ၂၁၇၅၀၀၀(စတုရန်းမိုင်၈၄၀၀၀၀) ရှိသည်ဟုဆိုသည်။

သစ်တောအများဆုံးဖုံးလွှမ်းသည့်နိုင်ငံ....

ကမ္ဘာပေါ်တွင် သစ်တောအများဆုံးဖုံးလွှမ်းသည့်နိုင်ငံမှာ တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ကွတ်ကျွှန်းစုဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် စာရင်းဇယားများအရ နိုင်ငံ၏ ၉၅.၇% ကိုသစ်တောများက ဖုံးလွှမ်းလျက်ရှိသည်။

မြေအပြန့်ပြူးဆုံးနိုင်ငံ...

ကမ္ဘာပေါ်တွင် မြေပြန့်ပြူးမှု အရှိဆုံးနိုင်ငံမှာ အိန္နိယသမ္မတနိုင်ငံ အနောက်တောင်ဘက် အိန္နိယသမုဒ္ဒရာဒေသမှ လူဦးရေ(၃)သိန်းကျော် ရှိသော မော်လဒိုက်နိုင်ငံဖြစ်သည်။ အမြင့်ဆုံးတောင်ထွက်မှာ ၂.၄မီတာ(၈ပေ) ရှိသော တောင်ထွက်တစ်ခုသာရှိသည်။ ထိုပြင် မော်လဒိုက်နိုင်ငံသည် လင်မယားကွာရှင်းပြတ်စဲမှုအများဆုံးဖြစ်ပွားသော နိုင်ငံဖြစ်သည်။ လူ ၁၀၀၀ လျှင် ၁၀.၉၇ဦး ကွားရှင်းပြတ်စဲကြကြောင်းသိရသည်။ (oval)

No comments: