ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဂျွန်မက်ကိန်းက သူသာသမ္မတလောင်းအဖြစ်အရွေးခံရလျှင် ဘင်လာဒင်ကို
ဖမ်းပေးမည်ဟု မီနီဆိုတာပြည်နယ် စိန့်ပေါလ်အရပ်မှလာသော အေဘီစီသတင်းတွင်ပြောကြားလိုက်သည်။
မည်သို့မည်ပုံ ဖမ်းဆီးရမည်ကို သူသိသည်ဟုဆိုသည်။ ထိုတာဝန်ကိုပြီးမြောက်အောင် ထမ်းဆောင်နိုင်ရန်အတွက်
အရည်းအချင်းရှိသော အမျိုးသားလုံခြုံရေးဝန်းထမ်းများက သူ့ကိုကူညီကြရလိမ့်မည်ဟု ဆိုသည်။ မှန်ကန်သော
ဆုံးဖြက်ချက်တစ်ရပ်ချမှတ်နိုင်ရန်အတွက် အခြေအနေအရပ်ရပ်ကိုနားလည်ခြင်း၊ ဗဟုသုတရှိခြင်း၊ နောက်ခံရာဇ၀င်သိခြင်းနှင့် အတွေ့အကြုံများခြင်းစသည့်အချက်အလက်များလိုအပ်သည်ဟု သူကထပ်လောင်းပြောကြားသည်။ (သတင်းမျှဝေပါသည်)
No comments:
Post a Comment