ကိုယ့်မှာရှိတဲ့ အသိဥာဏ် ဗဟုသုတတွေကို တစ်ခြားသူအတွက် မျှဝေပေးပြီးမှ ပြည့်စုံခြင်းကို သင်ခံစားရလိမ့်မယ်။

Thursday, September 4, 2008

“အဆိုတော်ရုပ်ရှင်မင်းသမီးဒေါ်မေရှင်ကွယ်လွန်”


နာမည်ကျော် အဆိုတော် ရုပ်ရှင်မင်းသမီး အသံရှင် ၀ဏ္ဏကျော်ထင်ဘွဲ့ရ ဒေါ်မေရှင် (အသက် ၉၁ နှစ်) သည် မန္တလေးမြို့ရှိ အောင်တော်မူ ရပ်ကွက် နေအိမ်တွင် အဆုတ်ရောဂါဖြင့် ယမန်နေ့ ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခွဲတွင် ကွယ်လွန်သွားပြီ ဖြစ်သည်။
အသက် ၁၈ နှစ်မှ စတင်ကာ အဆိုတော် မမေရှင်အဖြစ် ထင်ရှား ကျော်ကြားလာကာ သာသနာရေးတွင် ရရှိသည့် ၀ဏ္ဏကျော်ထင်ဘွဲ့ကို မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားတွင် လှူဒါန်းခဲ့သည်။
၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့ အခြေစိုက် အေ၀မ်း (A1) ရုပ်ရှင်ကုမ္ဗဏီနှင့် ဆက်သွယ်ကာ ပထမဦးဆုံး ဇာတ်ကားအဖြစ် "ဖူးစာရှင်" အမည်ရှိ ရုပ်ရှင်ဇတ်ကားတွင် မင်းသား ရဲခေါင်ချစ်ဆွေနှင့် ပူးတွဲ သရုပ်ဆောင်ခဲ့သည်။
မေရှင်၏ ထင်ရှားသည့် သရုပ်ဆောင်ခဲ့သည့် ဇာတ်ကားများမှာ ဖူးစာရှင်၊ မြားနတ်မောင်၊ ချစ်သမျှ၊ ဆောင်တော်ရှင်၊ ချိန်တန်ပြီ၊ မေ့သွားတာ စသည့် ဇာတ်ကားများ ဖြစ်ပြီး နာမည်ကြီး သီချင်းများမှာ သီချင်းများမှာ ရှင်သီဝလိ၊ ပျိုမှာတမ်း၊ သော်တာငွေမင်း၊ ရွှေအင်းဝ၊ ပါရမီတော်၊ မြတ်လေးငုံ၊ ကျေးစေတမန်၊ ချစ်ခက်သက်လျာ စသည့် သီချင်းများဖြင့် ကျော်ကြားလာခဲ့သည်။
မေရှင်ဖြစ်လာမည့် အမည်ရင်း မသန်းရှင်ကို ၁၉၁၇ ခုနှစ် မတ်လ ၁၀ ရက်နေ့က မန္တလေးမြို့တွင် အဖ ဦးခင်လေးနှင့် အမိ ဒေါ်ဖွားရွန်းတို့မှ ဖွားမြင်ခဲ့ပြီး မွေးချင်း ညီအမ ၅ ဦးအနက် အငယ်ဆုံးသမီးဖြစ်ကာ အမဖြစ်သူများမှာ ဒေါ်ချစ်စု၊ ဒေါ်ချစ်ဥ၊ ဒေါ်သိန်းချစ်၊ ဒေါ်ပွားယဉ်တို့ ဖြစ်သည်။
ယနေ့မှ စတင်ကာ မန္တလေး FM ရေဒီယို အစီအစဉ်တွင် သူမ၏ သီချင်းများကို အောက်မေ့ဖွယ် လွှင့်နေခဲ့သည်။
သူမ၏ ကြွင်းကျန်သော ရုပ်ကလပ်ကို မနက်ဖြန် စက်တင်ဘာလ ၅ ရက်နေ့တွင် ညနေ ၃ နာရီတွင် ကြာနီကန် သုသာန်တွင် ဂူသွင်းသဂြိင်္ုဟ်မည် ဖြစ်သည်။ (သတင်းမျှဝေပါသည်)

No comments: